"ဘာ "
တစ်ဖက်လူရဲ့ အပြောကြောင့် ဦးစိုးထက် ဒေါသထွက်ရလေသည်
" မိန်းကလေးဖြစ်တဲ့ သူ့ကိုတောင် မယှဉ်နိုင်ဘူးလား သူဘယ်လောက်ပဲ တော်တော် ငါတို့ ယောင်္ကျားတွေကို မယှဉ်နိုင်ဘူး""မဟုတ်ဘူး ဦးစိုးထက် သူက တကယ့်ကို ထက်မြက်တာ ဦးစိုးထက်ရဲ့ အတွေးတွေကို ပြင်စေချင်တယ် မိန်းမတွေက ယောင်္ကျားကို ယှဉ်နိုင်တယ် ယောင်္ကျားတွေနဲ့ ရင်ဘောင် တန်းပြီး အလုပ်လုပ်နိုင်တယ်"
"ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ မိန်းမ တစ်ယောက် အတူ ယှဉ်ပြီး အလုပ် မလုပ်နိုင်ဘူး"
"မပူးပေါင်းရင် ပြိုင်ဘက် တွေ ဖြစ်သွားနိုင်တယ် ဦးစိုးထက် သေချာစဉ်းစားပါ"
"ကျွန်တော် ဘယ်လိုပဲ စဉ်းစားစဉ်းစား အဖြေက မိန်းမ တစ်ယောက်ဦးဆောင်တဲ့ company နဲ့ အလုပ်တွဲမလုပ်နိုင်ပါဘူး"
"ဒါဆို ကျွန်တော်တို့ ဦးစိုးထက်နဲ့ အလုပ်ဆက်လုပ်မို့ စဉ်းစားရလိမ့်မယ်"
ဦးစိုးထက် မျက်နှာ အနည်းအငယ် ပျက်သွားရသည် ဘာလို့များ မိန်းမ တစ်ယောက်ရဲ့ ဦးဆောင်မှု အောက်မှာ နေချင်နေရတာလဲ မိန်းမတွေက ယောင်္ကျားတွေကို ဘယ်လိုမှ မမှီနိုင်တာအစည်းအဝေးပွဲ လုပ်ပြီး နောက်၃ရက်အကြာမှာ ဦးစိုးထက်တို့ company ကရှယ်ယာရှင် အတော်အများထွက်သွားကြတာကြောင့် ဦးစိုးထက်ရဲ့ company ဒေဝါလီ ခံမလိုတောင် ဖြစ်တဲ့အထိ ဖြစ်သွားရသည်
"တောက် သူ့လို မိန်းမ တစ်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ ဘာလို့ သွားကြရတာလဲ ဟက် ယောင်္ကျားတွေဖြစ်ပြီး မိန်းမတစ်ယောက်ရဲ့ ဦးဆောင်မှု အောက်မှာ နေရတယ်လို့ မိန်းမလျာ တွေ"
ဦးစိုးထက်ရဲ့ company ကို သူ့သားရဲ့ ပြန်လည်ဦးဆောင်မှုကြောင့် ဒေဝါလီ မခံ သွားခဲ့ပါ
ဒီလိုတွေဖြစ်ပြီး နောင်၂နှစ်အကြာမှာ
CGV company နဲ့ TEX company ဟာ ပြိုင်ဘက် တွေဖြစ်လာသည်"အကိုလေး"
"ကိစ္စ တွေအဆင်ပြေရဲ့လား"
"TEX ကလူတွေ ကြောင့် ပျက်သွားရတယ် အကိုလေး"
"ဘာကွ မင်းတို့ စောက်သုံးကို မကျပြန်ဘူး"
"TEXက လူတွေ အလစ်ဝင်လာလိုက်လို့ ပါ အကိုလေး"
YOU ARE READING
ဗီလိန် (Villain)
Romance"ကျွန်မ ဘဝမှာ အမုန်းဆုံးက ရှင်ပဲ နှောင်းမဏိရှိန်" (နေဝင်ဆည်းဆာ) ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်