အပိုင်း ၃၀

486 40 0
                                    

ကမ္ဘာကြီးဟာ လည်နေသရွေ့၊ မပျက်စီးသရွေ့
နှလုံးခုန်သံတွေ မရပ်တန့်ခင်အထိ
မောင် ပြန်လာမှာပါ!!!
တစ်စုံတစ်ယောက်ကို ချစ်ဖို့အတွက်ပေါ့...

ဖုန်းကိုကိုင်ကာ ဆေးရုံခန်းရှေ့၌ ခေါက်တုန့်ခေါက်ပြန် လျှောက်နေမိသည်။ ညနေစောင်းပြီ။ မောင့်ဆီမှဖုန်းမလာ။ ပြန်လည်းမရောက်သေးပါ။ ဒီချိန်ဆို ပြန်ရောက်သင့်ပြီ။

"အစ်မတေး ဟန်နိုးပြီ မမကိုမေးနေလို့"

"အင်းအင်း"

ရှိုင်းကလာခေါ်တော့ အထဲဝင်ကာ ဟန့်ဘေးမှာထိုင်လိုက်ပြီး ဆံပင်လေးကိုသပ်ပေးလိုက်သည်။

"သက်သာလား ဟန်"

"သက်သာပါတယ်"

မလှုပ်ဖို့ပဲသတိထားရမှာ ဖြစ်တာကြောင့် ထွေထွေထူးထူး ဂရုစိုက်စရာမရှိပါ။

"သျှားရောဟင်"

"အယ် သျှားပြန်မရောက်သေးဘူးမလား"

လရိပ် သတိရသွားကာ အလန့်တကြား မတ်တပ်ရပ်လိုက်သည်။

"ဟုတ်တယ် စောနက အစ်မတေးရယ် ဖုန်းစောင့်နေတာ"

အားလုံးရဲ့အကြည့်တွေ နှောင်းဆီပုံကြကုန်သည်။ လူကြီးတွေတော့ သိပုံမပေါ်သေးပါ။

"ဖုန်းဆက်ကြည့်ပါလား"

"မကိုင်ဘူး နှင်းရယ်"

"ထားလိုက်ပါ ဒီကောင်သဝေထိုးနေတာလဲ ဖြစ်နိုင်တာပဲ စိတ်မပူကြပါနဲ့"

သျှားအကြောင်းကို နှိုက်နှိုက်ခြွတ်ခြွတ်သိသည်ဆိုပေမယ့် မောင်ကနှောင်းစကားဆို တစ်ခွန်းတည်းရယ်။ နှောင်း မျက်နှာပျက်မှာကို သေလောက်အောင်ကြောက်တဲ့ မောင်က ဒီလိုလက်လွှတ်စပယ်လုပ်ပါ့မလား။ ခါတိုင်း အပြင်ကပြန်လာနောက်ကျရင် ဘာမှမဖြစ်ပေမယ့် ဒီတစ်ခါတော့ စိတ်ထဲတစ်မျိုးကြီး။ ခရီးသွားတာရယ် တစ်ယောက်ထဲဖြစ်တာရယ်ကြောင့် စိတ်ပူရသည်။

စိတ်ထဲတွေးနေတုန်းမှ မျှော်လင့်နေသောဖုန်းလေးဟာ ထမည်လာသည်။ မောင့်ဆီမှဖုန်းလာလို့ အလောတကြီးထကိုင်မိသည်။ ဘာမှမပြောတာထက် ဖုန်းဆက်ပြီးအကြောင်းပြတာက အနည်းငယ်ခံသာသည်လေ။ သို့သော် ကံကောင်းခြင်းတွေမဟုတ်။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now