အပိုင်း ၂

260 53 5
                                    

'' ထောင့်ကိုကန် သက်ထား။ ဘယ်တော့ဖြစ်ဖြစ် ဂိုးသမားရဲ့ အပေါ်ထောင့်ကိုကန် ''

နည်းပြက အသံကျယ်ကျယ်အော်ပြီး ကွင်းထဲကိုဝင်လာသည်။ သက်ထားကို နည်းပြက တိုက်စစ်ကစားစေချင်သည်။ သက်ထားကတော့ နောက်တန်းကစားချင်သည်။

'' သက်ထား နင့်အရပ်၊ နင့်body နဲ့ တိုက်စစ်မဟုတ်ရင် ဂိုးသမားလုပ် ''

'' ဂိုးသမားလုပ်ပါမယ် ''

'' ဟား ''

၁၇၀ စင်တီမီတာ ( ငါးပေ ခုနစ်လက်မ) အရပ်ရှိသော သက်ထားအရပ်ကို နည်းပြဟာ သိပ်သဘောခွေ့သည်။ ယောကျာ်းစိတ်ပေါက်နေခြင်းမဟုတ်သော်ငြား မိန်းမမဆန်တဲ့သက်ထားကို နည်းပြဟာ နိုင်ငံ့လက်ရွေးစင်ဖြစ်စေချင်မှန်း သက်ထားသိသည်။

'' ထား ''

ယောကျာ်းတစ်ယောက်၏အသံ။ ၎င်းအသံကိုလည်း ရင်းနှီးပါသည်။ သက်ထား အခါခါငြင်းထားလျက် အမှတ်သည်းခြေမရှိစွာ ပိုးပန်းနေဆဲဖြစ်သည့် မျိုးမင်းမောင်။

'' ပင်ပန်းနေပြီလား ထား ''

'' ကျတ်သရေတုံးသွားပြီ ။ တင်တင်စီးစီးတွေ မခေါ်စမ်းနဲ့ မျိုးမင်းမောင် ''

'' မင်းနာမည်က သက်ထားလေ။ ဘာကတင်စီးလို့လဲ မောင့်ထားရဲ့ ''

ပုခုံးကျော်ကျော်ရှိ သူ့ဆံနွယ်တွေကို တဖန်ပြန်စည်းပြီး မျိုးမင်းမောင်ကို ဘုကြည့်ကြည့်လိုက်သည်။ ဒါကို သကောင့်သားက ချစ်ရည်ရွန်းလဲ့ မျက်ဝန်းလဲ့ပြာပြာ ထင်သွားသလားမသိ။ ပြေတီဦးစတိုင်နဲ့ ရယ်ပြသည်။

* အမောဆို့တယ် *

ညိုပြာညက်မဟုတ်သော်ငြား ဖြူဝင်းတဲ့အထဲတွင် သက်ထားရဲ့အသားအရောင်မပါ။ ထို့အပြင် နေပူထဲလေ့ကျင့်ရသည့်အတွက် နဂိုအသားထက်ပင် အနည်းငယ်မဲသည်။

'' ညနေခင်းကို သွားရအောင်။ ဆရာ အအေးဝယ်တိုက်မယ်။ ကျန်တာကတော့ ကိုယ့်ဟာကိုယ်ရှင်းကြပေါ့ ''

'' ကျန်တာသက်ထားရှင်းမှာတဲ့ ဆရာ ''

နည်းပြ၏အသံနောက်တွင် ကပ်ပါလာတဲ့အသံက ဂိုးသမားဟေမာန်ရဲ့အသံ။ ဟေမာန်က သက်ထားတို့ရပ်ကွက်ထဲကပဲ။ သက်ထားထက် နှစ်နှစ်ကြီးပြီး သက်ထားအကြောင်း တစွန်းတစသိနေသူ။

ခရမ်းရောင်နှင်းဆီတစ်ပွင့် ရောင်းရန်ရှိသည်Where stories live. Discover now