ညဘက်ဆိုတိတ်ဆိတ်ပြီး
နေ့ဘက်ဆို ဆူညံနေတက်တဲ့ နေရာ..
ဆူညံသံကလည်း အခြားသော သီချင်းသံ၊ရယ်မောသံများမဟုတ် ပဲ ပူဆွေးငိုကြွေး သံများနှင့် သာ စည်ကားနေတက်တဲ့ နေရာ...
ဒီနေရာမှာ ငိုကြွေးနေရတဲ့သူကလည်းကျွန်တော်မဖြစ်ချင်သလို....
ကျွန်တော့်ကြောင့် လည်း ဘယ်သူ့ကိုမှ ငိုကြွေးမနေစေချင်ဘူး...
ဒါပေမယ့်..ကျွန်တော်မဖြစ်ချင်ဆုံး တစ်ခုက ဖြစ်လာခဲ့ပါပြီ...ကျွန်တော် မျက်ရည်များအထိန်းအကွပ်မရှိ စီးကျနေတဲ့အပြင်...အရူးတစ်ယောက်လိုလည်း အော်ဟစ်နေမိတယ်...မကြားနိုင်တော့တဲ့သူကို မပြောဖြစ်ခဲ့တဲ့ စကားတွေ အော်ပြောနေမိတယ်...
အနက်ရောင်ဝမ်းဆက်နဲ့ လူတစ်စုကလည်း...ကျွန်တော့်ဘေးပတ်ပတ်လည်မှာ...ကျွန်တော့်ကို ပြန်ဖို့ဆွဲခေါ်တဲ့သူကခေါ်...ကျွန်တော့်နီးပါးငိုတဲ့သူကငိုနဲ့...သုသာန်တစ်ဝိုက်မှာ...ဆူညံနေလျက်ပေါ့...!
" ထ ပါ နေခ ရယ်..နင်ဒီလိုဖြစ်နေတော့..သွားလေသူ..ငါ့မောင်ယုသာ စိတ်ဖြောင့်နိုင်ပါ့မလား...."
ကျွန်တော့်ပုခုံးကို ပုတ်ရင်း စိတ်ဖြေလျော့ပေးနေသူက
ကွယ်လွန်သူရဲ့ အစ်မအရင်းပါ.."ငါ ဘယ်လိုမှလက်မခံနိုင်သေးဘူး ဟာ...ဒီကောင်လေး ငါ့ကိုနောက်နေပြန်ပြီမလားးဗျာ.....ယု...ယုသာ အစ်ကို့ကို မနောက်ပါနဲ့ကွာ...အိပ်ချင်ယောင်ဆောင်မနေနဲ့တော့ ထတော့နော်..."
ကွယ်လွန်သူ_ယုသာမောင်
အသက်_၁၈နှစ်
အုတ်ဂူပေါ်က စာတွေကို ဖျက်ပစ်ဖို့ကြိုးစားပေမယ့် ပြုံးနေတဲ့ ယုသာရဲ့ပုံလေးကိုမြင်တော့...လည်း လက်မခံချင်ပေမယ့် လက်ခံရပါတော့မယ်..နောင်တဆိုတာ နောင်မှရတယ်ဆိုသလိုပါပဲ...ယုသာနဲ့ပါတ်သက်ပြီး ရလိုက်တဲ့နောင်တကတော့..ဖြေသိမ့်လို့တောင်မရတဲ့နောင်တတစ်ခု..."အစ်ကိုတောင်းပန်ပါတယ် အစ်ကိုမင်းခံစားချက်တွေကို..ထည့်မတွေးလိုက်မိလို့...အဲ့ဒီ့နေ့ က အစ်ကိုသာ မင်းကို .....!!
{လွန်ခဲ့သော ရက်များက...}
"မင်္ဂလာပါ အစ်ကို...!!"
စာကြည့်တိုက်အတွင်း လူတိုင်းတိတ်ဆိတ်နေခဲ့ပေမယ့်..
ကျွန်တော့် နား နားကို ကပ်ပြီးအော်လိုက်တဲ့ အသံက ထိတ်လန့်စေတာထက် ဒေါသထွက်စေပါတယ်....