[၂၉၃] ဟွေ့ရှောက်ရယ်။

1.7K 301 8
                                    

Arc(12) ဟွေ့ရှောက်ရယ်(၁၉)။

ကိုလင်းမှာရှန်စစ်ရွှေဒဂ်ါးအကြောင်းပြောလာတာကြားလိုက်ရတော့သူအံ့အားသင့်သွားရကာပြောလိုက်မိသည်။
"တိုက်ဆိုင်လိုက်တာ။ ငါမင်းကိုပြောပြချင်တဲ့သဲလွန်စကလည်းရွှေဒဂ်ါးနဲ့သက်ဆိုဂ်နေတာ။"

ရှန်စစ်မှာဒါကိုကြားတော့မသိမသာအံ့အားသင့်သွားရသည်။

ကိုလင်းမှာသိသိသာသာကိုအနည်းငယ်စိတ်လှုပ်ရှားလာသည်။ သူ့ကိုစစ်ဆေးပေးနေရင်းပြောလာလေသည်။
"မင်းအဖေအက်စီးဒင့်ဖြစ်တဲ့ညတုန်းကငါသူ့ကိုအကာအကွယ်ရွှေဒဂ်ါးတစ်ပြားပေးခဲ့တယ်လို့ငါမင်းကိုပြောခဲ့တာမှတ်မိသေးလား။"

ရှန့်စစ်ခေါင်းငြိမ့်ပြလိုက်သည်။ ဒါပေါ့၊ သူတို့အိမ်သာထဲမှာပုန်းပြီးအဲ့အကြောင်းပြောခဲ့တာမှတ်မိတယ်။

ကိုလင်းကဆက်ပြောသည်။
"အမှန်တော့ရွှေဒဂ်ါးမှာဘာအကာအကွယ်အစွမ်းမှမရှိဘူး။ ငါ့ဘိုးဘေးတွေပြောတာကတော့သွေးသန့်ချိပ်ပိတ်ခံလိုက်ရတုန်းကသူ့စွမ်းအားတစ်ဝက်ကိုရွှေဒဂ်ါးထဲမှာထားခဲ့ပြီး အနာဂတ်မှာသူ့ကိုချိပ်စည်းဖြေပေးတဲ့ဘယ်သူ့ကိုမဆိုစာချုပ်ချုပ်ပြီးတော့တစ်ဖက်လူရဲ့ဆုတောင်းကိုဖြည့်ပေးမယ်လို့ကတိသစ္စာဆိုခဲ့တယ်ဆိုပဲ။"

"ဒီတော့ငါ့ဘိုးဘေးတွေကသူတို့ကလေးဆီကိုရွှေဒဂ်ါးလက်ဆင့်ကမ်းပေးပြီးတော့ အရေးကြုံလာရင်ရွှေဒဂ်ါးကိုအကူအညီတောင်းလို့ရတယ်လို့သူတို့ကိုအမြဲပြောပြခဲ့ကြတယ်။"

"အဲ့ညကငါမင်းအဖေလမ်းပျောက်နေပုံရတာမြင်တော့တကယ်စိတ်ပူသွားပြီး သူနဲ့အတူယာယီဆောင်သွားဖို့ငါသူ့ကိုရွှေဒဂ်ါးပေးခဲ့တာ။ ဖြစ်ချင်တော့မင်းအဖေကအက်စီးဒင့်ဖြစ်သွားပြီးရွှေဒဂ်ါးလည်းပျောက်သွားတယ်။"

"အရင်ကတော့မင်းအဖေငါ့ကိုမယုံလို့ရွှေဒဂ်ါးကိုမသုံးခဲ့ဘူးလို့ငါအမြဲထင်နေခဲ့တာ၊ ဒါပေမဲ့မနေ့ကမင်းကိုထူးခြားဆန်းကြယ်တဲ့လူတစ်ယောက်ကာကွယ်ပေးနေတယ်လို့မစ္စတာဘားနက်ပြောတာကြားလိုက်ရတဲ့အပြင် စုန်းမဗီဗာလီကမင်းအဖေရဲ့အက်စီးဒင့်အခြေအနေကိုကြည့်ကြည့်တော့ထူး​ခြားဆန်းကြယ်တဲ့စွမ်းအားကြောင့်နောက်ပြန်ကန်ထွက်သွားခဲ့တယ်လေ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now