Pt.32

483 83 97
                                    

ဆော့ဂျင် တဆတ်ဆတ်တုန်နေသည့်ဒူးကို တင်းတင်းပိုက်ကာ ပြူးကျယ်၀ိုင်းစက်နေသည့်မျက်၀န်းအိမ်က တဖြည်းဖြည်းပွင့်လာသော စတိုခန်းတံခါး၀ဆီကို...

"ကိုယ့်ဂျင်လေးက ဒီမှာပဲ"

ရယ်သံစွက်၍ပြောလိုက်သော်လည်း အခိုးထွက်မတတ် စူးရှနေသည့်အကြည့်နက်နက်က သူ့တစ်ကိုယ်လုံးကို ပိုက်ကွန်နဲ့အုပ်ပြီး ဖမ်းလိုက်သလို...

"ဂျင်က ကိုယ်နဲ့ ပြေးတမ်းပုန်းတမ်းကစားချင်လို့လား"

ဆောင့်ကြောင့်ထိုင်နေသည့်ဆော့ဂျင်နှင့်  တစ်တန်းတည်းဖြစ်အောင် ထိုသူက သူ့ဒူးတစ်ဖက်ကို ထောက်ကာထိုင်လိုက်ရင်းမေးတော့ တင်းတင်းစေ့ထားသည့် နှုတ်ခမ်းလေးက အသံထွက်မလာတော့...

သူ့မျက်စိရှေ့မှလူကိုကြည့်ကာ စိတ်ညှို့ခံထားရသလို ဖြစ်နေသည့်ဆော့ဂျင်သည် တလောကလုံးမှာ သူနှင့်ထိုလူ နှစ်ယောက်တည်းပဲရှိနေသလို... ပတ်၀န်းကျင်တစ်ခုလုံးက ပိန်းပိတ်‌အောင်မှောင်နေပြီး သူသာလျှင်  ဒီလူနဲ့နှစ်ယောက်တည်း...

ကူရာကယ်ရာမဲ့ခံစားချက်ကြောင့် လူက  လေဟာနယ်ထဲမှာ လွင့်နေသလားမှတ်ရသည်...

* ကယ်ပါ *

သူ အကျယ်ကြီးအော်လိုက်သည်ဟု ထင်သော်လည်း တကယ်တမ်းက ဘာအသံမှ ထွက်မလာခဲ့...

အာစေးမိနေသလို ဘာမှမပြောနိုင်သည့်သူ့ကိုကြည့်ကာ ရုတ်တရက် သူ့ပါးပြင်ကိုလာထိကိုင်လိုက်သည့် အထိအတွေ့ ...

"ဟင်းးး ယုံတောင်မယုံနိုင်ဘူး၊ ဂျင့်ကို ဒီလိုလေး ဘာမှမဖြစ်ပဲ ပြန်တွေ့လိမ့်မယ်လို့"

သူ့ပါးပြင်ကိုခပ်ရွရွပွတ်ကာ မျက်လုံးများမှိတ်ရင်း ပြောနေသည့်ထယ်ယောင်းသည် ခုမှ တင်းထားသည့်စိတ်ကို ဒုန်းဒုန်းချလိုက်ဟန်...

"လွမ်းလိုက်ရတာ"

ပြောရင်း သူ့နှုတ်ခမ်းဆီဖိကပ်လာသည့်  အေးစက်စက်အနမ်းများကြောင့် ဆော့ဂျင်မှာ သွေးများပင်ခဲသွားရသလို...

ဘာမှ,မတုံ့ပြန်နိုင်သည့်သူ့ကို ခေါင်းမှဆွဲယူကာ တရှိုက်မက်မက်နမ်းနေသော ထယ်ယောင်း၏ပုံစံသည် လက်ရှိအခြေအနေကို  ခဏမေ့နေဟန်...

𝐊ɪᴍWhere stories live. Discover now