0.0

674 86 12
                                    

အနိမ့်အမြင့်နဲ့ဖွဲ့စည်းတည်ဆောက်‌ထားလမ်းတွေရှိတဲ့ကွင်းပြင်ထဲလေလျှင်လိုပြေးလွှားနေတဲ့ဆိုင်ကယ်အစီးတွေဟာအရှိန်လျှော့သွားခြင်းမရှိပိုပြီးသာအရှိန်တင်ကာပန်းတိုင်ရောက်အောင်ပြိုင်နေကြတယ်။

ရေး~~~ရေး~~~

မကြာလိုက်ပါပန်းတိုင်လို့သတ်မှတ်လို့ရတဲ့မျဉ်းစည်းကြောင်းကိုအရှိန်နဲ့ဖြတ်သွားတဲ့ဆိုင်ကယ်။ အားပေးသံတွေနဲ့လက်ခုတ်သံတွေထွက်ပေါ်လာတယ်။

ကျွီ~!!

Harley Davidson Brandအမျိုးအစားရှိဆိုင်ကယ်‌ကလူငယ်အုပ်စုတွေရှိတဲ့နေရာမှာစက်အရှိန်ကိုသပ်လိုက်တယ်helmetကိုချွတ်လိုက်ချိန်နေပူချိန်ကြောင့်ချွေးစတို့ဆို့ကာနေတဲ့မျက်နှာဟာအပူရှိန်ကြောင့်မျက်နှာကြောတွေတင်းနေပေမဲ့အောင်မြင်မှုကိုတော့ကျေနပ်နေဟန်ရှိတယ်။

"ငါတို့ရဲ့ပြိုင်ကွင်းဘုရင်ကြီးဂျွန်ဂျောင်ကုအရည်အချင်းတွေကပိုတိုးလာပါလားbro!"

ဂျောင်ဂုလက်မှာစွပ်ထားတဲ့လက်အိပ်တွေကိုချွတ်ရင်းရှေ့ကသူ့သူငယ်ချင်းဒေးဗစ်မျက်နှာရှေ့ပစ်ပေါက်လိုက်တယ် ဒါကိုဒေးဗစ်ကအမိအရဖမ်းယူလိုက်တယ်။

"ဖြေးဖြေးပစ်ကွသူများရဲ့အဖိုးတန်မျက်နှာလေးကို မင်းပစ်ချင်တိုင်းပစ်ရအောင်ငါ့မျက်နှာကိုဘာထင်တယ်"

"အမှိုက်ပုံးထင်လို့နေမှာပေါ့"

‌ဒေးဗစ်ပုခုံးကိုလာဖက်တဲ့လူးဝစ်ရဲ့အပြောကြောင့်ဒေးဗစ်မျက်နှာတစ်ခုလုံးနီလာတယ်။

"ဘာကွ! ငါ့ဒီမျက်နှာကလေ တစ်လကိုသိန်း၁၅၀တန်တယ်တယ်ကွ!"

"ချီး~နားညီးလိုက်တာဒေးဗစ်ရာ"

ဂျောင်ဂုနားညီးလာလို့နေရာကနေအဝတ်လဲဖို့လှည့်ထွက်လာတော့သူသူ့ငယ်ချင်း၂ယောက်လဲ‌လိုက်လာတယ်။

"ပြောပြတာကွ! ဒီလိုပြစ်မျိုးမှည့်မထင်မျက်နှာလေးဖြစ်ဖို့ငါအချိန်အကုန်ခံပြီး Skin care ထားရတာ"

Lockerထဲကတပတ်ကိုယူပြီးဂျောင်ဂုရေအရင်ဝင်ချိုးလိုက်တယ်။

"ဒါနဲ့မင်းမေမေ‌လေးနဲ့တွေ့ပြီးပြီလား"

FLAG Where stories live. Discover now