"ကဗျာ"
"ရှင့်"
"နောက်တပတ်ကျရင် LAC ပွဲကို တက်မှာလား"
"တက်ရမယ်ထင်တယ် မြသွေးက ကဗျာကို ဖိတ်စာပို့ထားတယ်"
"ကိုယ့် company ကိုလည်း ဖိတ်စာရောက်တယ်"
"မြသွေးကိုယ်တိုင်လာဖိတ်တာဆိုတော့ သွားရမှာပေါ့ ပန်းချီရဲ့"
"ဝတ်စုံစီစဉ်ပြီးပြီလား"
"ဟင့်အင်း ကဗျာရော"
"ကိုယ်လည်းမကြည့်ရသေးဘူး ရုံးဆင်းရင် ကိုယ် ကဗျာ့နဲ့ ဝတ်စုံသွားကြည့်ကြမယ်လေ"
"ကောင်းသားဘဲ"
"ကဗျာ့အတွက် ကိုယ် ဝတ်စုံတွေ့ထားတယ် အစကတော့ ကိုယ်ပို့ပေးမလို့ဘဲ အခုတော့ ကဗျာနဲ့အတူတူသွားကြည့်မလို့ စိတ်ကူးရတယ်"
"သွားကြမယ်လေ ၄ နာရီခွဲနေပြီဘဲ ခနစောင့် ကဗျာ လုပ်စရာလေးတွေ လက်စသတ်လိုက်ဦးမယ်"
"စောင့်ပါမယ်ရှင်"
ပန်းချီရုံးစောစောဆင်းကာ LAC ပွဲအတွက် ဝတ်စုံသွားကြည့်ပြီး ကဗျာ့အား ပို့ပေးရန် စီစဉ်ထားသောလည်း လမ်းတွင် စိတ်ကူးပြောင်းသွား၍ ကဗျာ့ရုံးခန်းရှိရာသို့ဝင်လာခဲ့ခြင်းပင်။
အလုပ်လုပ်နေသော ကဗျာသည် ဆွဲဆောင်မှုရှိလွန်းသည်။ မြင်နေကျဖြစ်သော်လည်း ကဗျာသည် ဘယ်အချိန်ကြည့်ကြည့် ပန်းချီအတွက် ရိုးမသွားဘဲ ချစ်စရာကောင်းနေမြဲပင်။ မြင်ရပါများ၍ ရိုးသွားရသည့်အရာများထဲ ကဗျာ မပါဝင်ပါ။ အချိန်မည်မျှပင် ကြာကြာ ကဗျာအား တွေ့လိုက်ရတိုင်း ငေးကြည့်နေမိမြဲ။
"ပန်းချီ ကဗျာ့ကို မမြင်ဖူးဘူးလား အဲ့လောက်ထိကြည့်နေတော့ ကဗျာဘယ်လိုအလုပ်ဆက်လုပ်ရတော့မလဲ"
"ကဗျာက ညို့ထားတာကိုး ကိုယ်မကြည့်ဘဲ မနေနိုင်ဘူး"
"ပန်းချီကတော့နော်"
"ဟုတ်တယ်လေ ကဗျာက အမြဲတမ်းငေးကြည့်နေချင်အောင် လှလွန်းတာကို"
"ကဗျာက အဲ့လောက်မလှပါဘူး"
"လှတာပေါ့ ကိုယ့်မှာကြည့်ရင်း ကြည့်ရင်း ကြည့်မဝတော့ဘူး"
YOU ARE READING
ပြိုကျလျက်ရှိသော မိုးရိပ်
Short Storyလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)