Chapter-7🔞🔞🚨

2.8K 64 0
                                    

"လိုချင်ရင် ယူလေ baby babyမောင်ရဲ့ ပိုင်ဆိုင်မှုက baby နောက်နောင်ဘဝထိ စိတ်ကြိုက်ဖြုန်းရင်တောင် မကုန်ဘူး။"

ဒွန်းသူ့babyစိတ်ပျော်အောင် ပင်လယ်ပြင်ဘက် ထွက်လာခြင်းဖြစ်ကာ ပင်လယ်အနီးရှိ mall၌ shoppingထွက်နေသည် ဖြစ်ရာ သူ့babyမှ စျေးများကိုကြည့်ရင်း မျက်နှာလေး ရှုံ့မဲ့သွားကာ ယူထားသည့် ပစ္စည်းလေး ပြန်ချသွားသည်မို့ ဒွန်း ပြောလိုက်ခြင်းသာ...

"မဟုတ်ပါဘူး..လှတယ်ထင်ပြီး ယူလိုက်တာ..နင့်လိုပဲ ရုပ် အရမ်းဆိုးနေလို့..."

ဒွန်းခမျာ စေတနာနှင့် ပြောလိုက်သော်ငြားလည်း သူ့babyပြောလာသည့် စကားကြောင့် လည်နင်သွားရ၏။

သူ့babyကတော့လေ သူ့ကိုဆို ဖဲ့မယ်ဆိုတာချည်းပဲ။
ဒီတော့လည်း လေပြည်လေးနဲ့ ပြန်ချော့ရတော့တာပေါ့။

"ကဲပါ babyရယ်..အဲ့ဒါဆိုလည်းbaby နဲ့ တူတဲ့ လှတဲ့ အရုပ်လေးတွေ ဝယ်လေနော်။"

တပည့်အပေါင်းခြံရံလျက် shoppingထွက်လာသည့် မာဖီးယား ကြီးမှာ အခုအခါတော့ မဟေသီထံ ခစားဝင်နေရသည်ကို တွေ့တော့ cigarette ပြုံးလိုက်မိသည်။

အချစ်..အချစ်ဟာ သိပ်ဆန်းကြယ်သည်။မာကြောတဲ့ ကျောက်စိုင်ကျောက်သားလို နှလုံးသား ​ေတာင် အရည်ပျော်ကျနိုင်သလို မလွမ်းတတ်သောသူများကိုလည်း စက္ကန့်နှင့်အမျှ သတိရစေ ပြန်သေးသည်။

နွဲ့ရယ်... ဘယ်ဆီမှာများ ရှောင်ပြေးပုန်းနေသလဲကွယ်...။

》》》》

"Baby..မင်းအခုချက်ချင်း ရပ်လိုက်စမ်း...ရပ်လိုက်လို့ မောင်ပြောနေတယ်နော်။"

ဒွန်းပြောလည်းပြော babyသွားနေရာဆီ အရာက်သွားရင်း အမှီအရ ဖမ်းလိုက်တော့ လက်တစ်ဆုပ်စာ လက်မောင်းသားလေးက ဖျော့နဲ့စွာ ပါလာလေသည်။သို့တည်း သူ့ကိုငြင်းဆန်ခြင်းကတော့ ပြင်းထန်စွာဖြင့်သာ...

"နင် ဘယ်လိုဖြစ်နေတာလဲ..ဒွန်းဇာမဏီမောင်..."

"မောင် ဖြစ်နေတာ မဟုတ်ဘူး baby....ကဲပြောပါဦး..အဲ့ကောင်နဲ့ ဘာတွေပြောနေတာလဲ။"

"ငါ့ဘာငါ ဘာပြောပြောပေါ့..."

"Baby..."

သွင် သူမကို ခက်ထန်သည့် မျက်နှာနှင့် မာကြောစွာ ပြောလာသည့် မောင့်ကြောင့် စိတ်ရှုပ်သွားရကာ နှုတ်ခမ်းလေး စူသွားမိ၏။

မောင့်ရင်ခွင်၌ နားခိုခိုက်ဝယ်...🔞Where stories live. Discover now