အခန်း(၆၆၃)

31 3 0
                                    


အခန်း (၆၆၃) : တိုက်ပွဲ

" ကောင်းတယ်" ဝမ်ဝေ့က လေထဲမှ တပ်သားများ၏ အခြေအနေကို လေ့လာနေရင်း မှတ်ချက်ပေးလိုက်သည်။ ထိုတပ်ဖွဲ့များက တာအိုကိုသက်သေပြပြီးသည့်နောက်တွင် အသုံးမဝင်တော့ဘူးဟု ထင်ရသော်လည်း တကယ်တမ်းတော့ ထိုသို့ မဟုတ်ပေ။ တာအိုကို သက်သေပြပြီးသည့်နောက် သူ့အင်အားက တခြား‌သော တိုးတက်မှုများနှင့်အတူ ဒဿမအဆုံးစွန်အုတ်မြစ်ကို ရောက်ရှိပါက ကောင်းကင်ဘုံအဆင့်သို့ နီးကပ်သွားလိမ့်မည်။

သူက ကောင်းကင်ဘုံအဆင့် စွမ်းအား မရရှိနိုင်သည်ဟု ယုံကြည်ထားသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ကျင့်ကြံသူများက မဟာတာအိုအရင်းအမြစ်ကို ၆၉ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း ရောက်ရှိနိုင်ရန် ပြောင်းလဲဖို့ ဖြတ်ကျော်ရသည့် ကူးပြောင်းမှုများစွာကြောင့် ဖြစ်၏။ ထိုကူးပြောင်းမှုက မဟာဧကရာဇ်နှင့် မဟာတာအိုအရင်းအမြစ် ၄.၉၉ ရာခိုင်နှုန်းရှိသည့် တာအိုဘိုးဘေးထက်ပင် ပိုမိုနားလည်ရခက်သည်။

ထိုစွမ်းအားဖြင့် သူသည် ဒိုင်မေးရှင်းအနိမ့်တွင် ပြင်းပြင်းထန်ထန် ကန့်သတ်ခံရလိမ့်မည်။ ထို့ကြောင့် သူက ထိုတပ်ဖွဲ့အပါအဝင် အရာများစွာအတွက် တခြားသူများ၏ အကူအညီကို လိုအပ်လာလိမ့်မည်။

မြေပေါ်တွင် လီကျွင်းက သူ့ပတ်ဝန်းကျင်မှ တပ်ဖွဲ့များအား ကြည့်လိုက်သည်။ သူက ထူးခြားသည့် အရှိန်အဝါ ရှိသည့် မြင်းပေါ်မှ လူနှစ်ယောက်ကို အာရုံခံမိလိုက်၏။ ထို့အပြင် ထိုတပ်ဖွဲ့က ထိုလေးယောက်ကို ဗဟိုပြုထားလေသည်။

စစ်သူကြီး...

သူက မျက်မှောင်ကြုတ်လိုက်၏။ သူက လှံကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက်တွင် ခွန်အားအပြည့်အဝဖြင့် ပစ်လွှတ်လိုက်သည်။

ဝုန်း

လှံက အနီရောင် အလင်းတန်းသဖွယ် ပြောင်းလဲသွားပြီး လေဟုန်ကို ခွင်းထွက်သွားသည်။

" အစီအရင်(၁)" ပျင်းရိခြင်း စစ်သူကြီး(၁)က အော်လိုက်သည်။ သူက မြောက်ဖက်တပ်ဖွဲ့ကို ဦးဆောင်လာသူ ဖြစ်၏။ ထို့နောက် ချက်ချင်းဆိုသလို သူ့တပ်သားများက တုံ့ပြန်လာကာ ဖွဲ့စည်းပုံတစ်ခု ဖွဲ့လိုက်ကြသည်။ ထို့နောက် အားလုံး၏ ရှေ့မှောက်တွင် အလင်းထက် မြန်ဆန်နေသည့် လီကျွင်း၏ လှံတံက နှေးကွေးသွားပြီး ခုခံမှုများစွာ ရှိနေသည့် ရေလွှာကို ဖြတ်သန်းလာရသလိုမျိုး ဖြစ်သွား၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVDonde viven las historias. Descúbrelo ahora