A summer like this

119 5 0
                                    

နွေဦးပြန်ဝင်တော့မယ်တဲ့။
ခပ်ညံ့ညံ့ကဗျာဆရာတစ်ယောက်ရဲ့ချစ်ပုံချစ်နည်းတွေ။
ရှေ့ဆက်လို့မဖြစ်တာလည်းမဟုတ်ဘူး။ဖြစ်ပြန်တာလည်းမဟုတ်ဘူး။ရှေ့တိုးနောက်မဆုတ်တဲ့ဒီကြားခံနယ်လေးထဲမှာ ကဗျာရူးလေးဟာရပ်တန့်နေခဲ့တယ်။

ကဗျာဆရာရဲ့ချစ်ပုံချစ်နည်းတွေဟာ ရိုးရိုးလေးပါပဲ။
နွေဦးလေးကြိုက်တဲ့သီချင်းတွေသူလည်းနားထောင်တယ်။နွေဦးလေးကြိုက်တဲ့ပန်းတွေသူပျိုးထားတယ်။ကဗျာဆရာရဲ့စာမူကအစဒိုင်ယာရီအဆုံးနွေဦးရဲ့အကြောင်းတွေ။လက်လေးတောင်မကိုင်ရဲတဲ့ကဗျာဆရာဟာ အပိုင်သိမ်းနိုင်ရမယ်ဆိုတဲ့ ပန်းတိုင်ကြီးလည်းရှိမနေ။နွေဦးရဲ့အပြုအမူတစ်ခုတိုင်းကို ကဗျာဆရာက နှလုံးသားဖလင်ထဲရိုက်ထည့်ထားခဲ့တာ။

ကဗျာဆရာဟာသိပ်အ,လွန်းခဲ့တာလား။အ,ယောင်ဆောင်နေခဲ့တာလား။
ကဗျာဆရာဟာနွေဦးလေးဘေးကင်းကင်းရှိနေရင်ကို ကျေနပ်ပါတယ်တဲ့။
ပါးနပ်လှတဲ့နွေဦးလေးဟာ သူ့ရင်ထဲကအမည်မတပ်ရသေးတဲ့စိတ်ကိုဖမ်းမိသွားခဲ့တယ်။

နွေဦးအကြောင်းနဲ့စတဲ့ကဗျာတွေဟာနွေဦးမှာပြန်အသက်ဝင်လာခဲ့ပြီ။
ကဗျာဆရာရဲ့လက်ရေးခပ်သော့သော့တွေထဲမှာနွေဦးကညှပ်ပါလာခဲ့လေတော့သည်။

အခုလည်းကဗျာဆရာက ညခင်းပိုင်းကို အသင့်စားခေါက်ဆွဲတွေနဲ့ဖြတ်သန်းဖို့တွေးထားဟန်။

စတိုးဆိုင်ကိုသွားတဲ့ကဗျာဆရာရဲ့ခြေလှမ်းတွေဟာ ပေါ့ပါးမနေခဲ့ပေ။

"အကိုဟီဆွန်း"

သွားပြီ။နွေဦးစဝင်တာနဲ့သူ့နှလုံးသားကိုမွှေနှောက်ဖို့နွေဦးလေးပြန်ရောက်လာခဲ့ပြန်သည်။တစ်သက်မမေ့နိုင်တဲ့အသံဟာခုထိနှလုံးခုန်သံတွေကိုဇောက်ထိုးဖြစ်အောင်လုပ်နေပြီ။ကျောက်ရုပ်လိုပဲ။ခက်လိုက်တာနွေဦးရယ်။

ကဗျာဆရာရဲ့နှလုံးသားနယ်မြေထဲကို မျိုးဆေ့လေးတွေပတ်ကျဲဖို့ပြေးလာနေပြီ။
နွေဦးကဗျာလေးတစ်ဖန်ပြန်လာတဲ့အခါ ကဗျာဆရာက အလံဖြူလေးကိုဝှေ့ပြကာ ကြိုဆိုလေတယ်။

သိပ်ခက်တာပဲနွေဦးရယ်။
ကိုယ်ဖြင့် မင်းကြောင့်အသက်တိုရတော့မယ်။

Summer poemWhere stories live. Discover now