ပျင်းရိစရာကောင်းလွန်းတဲ့ အခြေအနေကို လေးဆယ့်ငါးမိနစ်စွန်းစွန်းကျော်ဖြတ်ပြီးသွားသည့်အချိန်မှာတော့ စာသင်နေသောဆရာမက စာအုပ်တွေကိုသိမ်းကာနှုတ်ဆက်ပြီးပြန်ထွက်သွားလေပြီ။
ရန်ရင်း လည်းကိုယ့်ရဲ့စာအုပ်တွေနဲ့ ပစ္စည်းအချို့ကိုသေချာစစ်ဆေးပြီးသိမ်းဆည်းလိုက်သည်။ထို့နောက် ဘေးနားမှာအသင့်စောင့်နေတဲ့ရောဘတ်က သူ့ရဲ့လွယ်အိတ်ကိုလက်လွှဲယူလိုက်လေသည်။
"မင်းကို အတန်းပိုင်ရှာနေတယ် "
နှစ်ယောက်လုံးကိုယ့်အလုပ်ကိုလုပ်နေသည့်ကြားမှ အနောက်ကထွက်လာတဲ့အသံကြောင့် သူတို့နှစ်ယောက် ထိုလူကိုလှည့်ကြည့်လိုက်မိသည်။
မက်စွန်က ခပ်တည်တည်နဲ့ပဲရပ်နေကာ မျက်ခုံးတန်းတွေက အနည်းငယ်တော့ တွန့်ချိုးနေလေသည်။
"မကြားဘူးလား အတန်းပိုင်ဆရာကမင်းကိုရှာနေတယ်လို့"
ရောဘတ်က မသက်ာသည့်မျက်လုံးတွေနဲ့ပြန်လည်ကြည့်လိုက်မိသည်။
"ကျောင်းဆင်းပြီလေ ၊ ဘာလို့ရှာတာလဲ"
"ဘယ်လိုသိမှာလည်း အဲ့တာ ငါ့ကိစ္စလား"
ရောဘတ် အတန်ငယ်တော့ တွေဝေသွားသည်။မက်စွန်ဆိုတဲ့ကောင်ရဲ့စကားကိုမယုံချင်ပေမဲ့လည်း ဆရာကတကယ်ကြီးရှာနေခဲ့တာဆိုရင်တော့ သူအားနာစရာလုပ်မိပေလိမ့်မည်။
"သိပြီ ငါသွားလိုက်မယ်"
လက်ခံချင်မခံချင်နှင့် လက်ခံလိုက်ရသည်။ထို့နောက် ရောဘတ်က ရန်ရင်းရဲ့ဘက်ကိုလှည့်ကာ
"ငါ ဒီနေ့တော့ လိုက်မပို့တော့ဘူးနော် ၊မင်းတစ်ယောက်ထဲပြန်လို့ဖြစ်တယ်မဟုတ်လား"
ရန်ရင်း ခေါင်းကိုအသာငြိမ့်ပြလိုက်သည်။သူ့အတွက်ကြောင့်နဲ့ရောဘတ်ကို ဆရာတွေအမြင်မကြည်ရတဲ့ကြားထဲ ဒီ့ထက်ပိုဆိုးသွားလို့မဖြစ်ဘူးလေ။
"အင်း အဆင်ပြေပါတယ် "
ရှေ့မှာအလွမ်းသယ်နေတဲ့ အကွက်တွေကိုကြည့်ပြီး မက်စွန်အတော်လေးကို စိတ်ကုန်သွားသည်။ရူးနေကြတာလား!အခုချက်ချင်း သေတော့မှာလည်းမဟုတ်တာကို စောက်ပိုတွေမလုပ်လို့ရမလား?