Ep-1

618 75 18
                                    

Uni

————-

"My baby is sweet like candy "🍬

_____________________

" ကမ္ဘာပေါ်မှာကံအကောင်းဆုံးက ဘာလဲသိလား ရှောင်းကျန့်လို လူကို ရည်းစားတော်ထားရတာပဲ"

တိတ်ဆိတ်နေသော basketball ကွင်းထဲ
ဝမ်ရိပေါ်စကားသံကြောင့်ဆဲသံတွေဆူညံ
သွားတော့သည်။ ရှောင်းကျန့်အကြောင်း
ပြောနေရရင်ကျေနပ်နေတဲ့ ဝမ်ရိပေါ်က
နားထင်က စီးကျလာတဲ့ ချွေးတွေကို အကျီနဲ့
မ သုတ်ရင်း အဆဲခံရသော်လည်း
လှပစွာပြုံးနေခဲ့သည်။

" အကိုရှောင်းကျန့်က မင်းကို တုန်နေအောင်
ချစ်တာ မင်းမဆိုးဘူးလား"

"မဆိုးပါဘူး ငါကလည်း ကိုကိုကြီးကို
တုန်နေအောင်ချစ်တာလေ"

အမူပိုစွာပြောလာတဲ့ဝမ်ရိပေါ့်စကားကြောင့်
ဟောက်ရွမ်းမျက်နှာကြီးမှောင်ကျသွားသလို
တစ်ဖွဲ့လုံးမှာ ဝါးခနဲရယ်သံကြီး ခန်းမထဲ
ဟိန်းသွားတော့သည်။

" အငယ်လေး "

"ကိုကိုကြီး!"

" အောင်မယ်လေးဗျ ဖြေးဖြေးလာပါဗျာ"

ခန်းမထဲ ဝင်လာတဲ့ ရှောင်းကျန့်ဆီက
ခေါ်သံအကြားမှာတော့ဝမ်ရိပေါ်က လက်ထဲ
ကဘောလုံးကို ဟောက်ရွမ်းထဲထိုးထည့်လိုက်
ပြီးနောက်ချော်လဲမတတ်ပြေးကာ
ဖက်လိုက်၏ ဂုတ်ကနေသိုင်းကာ ဖက်ချလိုက်
တာမို့ အင့်ခနဲဖြစ်သွားတဲ့ရှောင်းကျန့်က
မျက်နှာတစ်ချက်မပျက်ပဲသူ့ကလေးလေးကို
တဖွဖွနမ်းနေသေး၏

" ချွေးတွေနဲ့ကို ကိုကိုကြီး "

"ဘာဖြစ်လဲ မွှေးတယ် ကိုကိုကြီး ကလေးလေး
ဆီကဆို ဘာနေနေမွှေးပါတယ်ဗျာ"

"အပိုတွေ"

"လိုတောင်လိုနေပါသေးတယ် ကလေးလေး
ရယ် ဒီဘက်လှည့်ပါအုံး အာပွါးလေး
ပေးချင်လို့"

ရှောင်းကျန့်နဲ့ပါလာတဲ့ ကျိူးချန်က အကဲ
ပိုနေတဲ့ နှစ်ယောက်ကြောင့် မျက်ဖြူလှန်ကာ
စိတ်ပျက်ဟန်လုပ်ပြနေသည်။
ဒါကိုဟောက်ရွှမ်းနဲ့ယွိပင်းက လက်မတစ်
ထောင်ထောင်နဲ့ထောက်ခံနေကြ၏
ရိပေါ်ကတော့သူ့ကိုကိုကြီးအာပွါးတဖွဖွပေးတာကို ပြုံးပြုံးကြီးငြိမ်ခံနေသည်။

My Baby Is Sweet Like Candy 🍬 Where stories live. Discover now