Chapter 10

89 20 3
                                    

လေထုက တိတ်ဆိတ်သွားတယ်..

ကျိုးရိုက မျက်တောင် သုံး‌၊ လေး၊ ငါးချက်လောက် ‌ပေကလက်၊ ပေကလက်လုပ်ပြီးမှ သူထပ်ပြီး အစွပ်စွဲခံလိုက်ရတာကို နားလည်သွားတယ်၊ ရယ်ရမလား ငိုရမလားတောင်မသိတော့ဘူး "မဟုတ်သေးပါဘူး၊ မင်း ခေါင်းထဲ တနေ့တနေ့ ဘာတွေတွေးနေတာလဲ"

"ဘာပြောတယ်?" ထုံထုံ့လေသံက ချက်ချင်းပြောင်းသွားတယ်..

"ငါပြောတာ မင်း-- ခဏလေး နေဦး" ကျိုးရိုက သူ့အိတ်ကြီးထဲက ငွေထုပ်နည်းနည်းကို ဟိုနှိုက်ဒီနှိုက်နဲ့ ယူလိုက်ပြီး ထုံထုံ့ကို စေ့စေ့ကြည့်လာတယ် "မဟုတ်ဘူးလေ၊ မင်း အိမ်မှာ ရေလာချိုးမယ်ဆိုတာနဲ့ ငါက လူယုတ်မာ ဖြစ်သွားရောလား? ငါ မင်းအိမ်ကိုလာပြီး ရေချိုးမယ်ဆိုတာ မင်းကို ရေကူချိုးပေးချင်ပါတယ်လို့ ပြောတာမှ မဟုတ်တာ"

"မင်းက ငါရေချိုးတာကိုတောင် ကူပေးချင်တယ်?" ထုံထုံ ရှော့ရသွားတယ်...

"....................."

ကျိုးရိုက အသက်ကို မနည်းခပ်ပြင်းပြင်းရှုလိုက်ရတယ်၊ ပြီးတော့ သူ ငွေသားအထုပ်နှစ်ထုပ်ကို ထုံထုံ့ဆီ ကမ်းပေးလိုက်ရင်း "ငါ့ရေချိုးခန်း ရေပန်းက ရေမလာလို့ မင်းရဲ့အိမ်မှာ ရေလာချိုးနိုင်မလား?"

"အင်း" ထုံထုံက ခေါင်းညိတ်လိုက်တယ်..

ရေချိုးခန်းထဲက ရေသံကျမလာခင်မှာ ထုံထုံက စဉ်းစားနေမိတယ်၊ ကျိုးရိုက သူ့အတွက် ဘယ်လိုလူမျိုးလဲ..

ဒါပေမဲ့ အခုတော့..

ထုံထုံက သူ့အောက်က ငွေထုပ်အိတ်ကြီးကို တချက်ကြည့်လိုက်တယ်..

ဘဏ်ကတ်ပေါ်က စီတန်းနေတဲ့ သုညတွေကို မပြောနဲ့၊ သူ့ဘ၀မှာ ဒီလောက်များတဲ့ ငွေသားတွေ အပုံလိုက်ကြီးကိုတောင် ဒါပထမဆုံးမြင်ဖူးတာပဲ...

နောက်ဆုံးတော့ ကျိုးရို ဒီလိုနေရာမျိုးမှာ တယောက်တည်း အိမ်ပြောင်းပြီးလာနေနိုင်တဲ့ အကြောင်းက ရှင်းသွားတယ်၊ ကျိုးရို ဘယ်လောက်ချမ်းသာတယ်တော့ သူမသိဘူး၊ ဒါပေမဲ့ ဒီကောင် နာရီလေးတလုံးတောင် မပတ်တာကို..

သူ ဒီလောက်များတဲ့ ငွေသားတွေပါတဲ့ ငွေထုပ်ကြီးထမ်းပြီး ဘယ်ကရုတ်တရက်ပြန်လာတာလဲ မသိဘူး၊ အကုန် ငွေသားတွေမှ အပြည့်အမောက်ပဲ...

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now