အပိုင်း (၅)

467 60 11
                                    

လင်းရွှမ်တစ်ယောက်ကြောင်သွားတယ်။ သူ့မျက်နှာအနေအထားက သူ့ရှေ့မှာရှိနေတဲ့ ဘာမှန်းမသိတဲ့အရာကြီးကို စူးစမ်းနေသလိုပဲ။

အဲဒါကြီးကို ကြည့်ရတာ လွှင့်ပစ်လိုက်တယ်ဆိုရင်တောင် ကောက်စားမယ့်သူရှိမယ်မထင်ဘူး

ဒါပေမယ့်လည်း အဲဒါက အရေးမကြီးပါဘူးလေ။

ကောင်ချောလေးက မျက်မှောင်လေးနည်းနည်းကျုံ့လိုက်ပြီး သူ့မျက်လုံးတွေက အေးချမ်းမေဖြစ်နေတဲ့(တစ်စစီကျိုးပဲ့နေတဲ့) အဂ္ဂိရတ်အိုးဆီကိုသာ ရောက်နေလေတယ်။ ဒါကြောင့် သူတောင်မသိလိုက်ဘဲ မေးလိုက်မိတာပေါ့။

“ဆရာတူအစ်မ...ဒါက အစ်မရဲ့ ဆေးဖော်တဲ့အိုးလားဗျ”

“အန်”

သူ့ရဲ့တုန့်ပြန်ပုံကြီးက ဘာလို့ အီလည်လည်ကြီးဖြစ်နေတာလဲမသိဘူးနော်။

ဒါကြောင့် သူမလက်က‌လေးနဲ့ နှာခေါင်းထိပ်ကိုသုတ်ရင်းမေးလိုက်တာပေါ့။

“ဒီအိုးတွေကို ဘယ်မှာအသစ်ပြန်ဝယ်လို့ရလဲ သိလား”

လေထုကြီးက ထူးထူးဆန်းဆန်းကြီးကို ငြိမ်သက်သွားတယ်။

ဒါပေမယ့် ဟိုကောင်လေးဆီက စကားကိုကြားလိုက်တဲ့အချိန်မှာပဲ နင်းနင်းနားထဲမှာ မိုးကြိုးအစင်းတစ်ရာပစ်ချခံလိုက်ရသလို ခံစားသွားလိုက်ရတော့တာပဲ။

“ဟိုလေ....အမမှာ အခုထိ အကြွေးတွေ အများကြီးရှိသေးတယ်”

နင်းနင်း မျက်လုံးတွေ စပါယ်ရှယ်ပြူးသွားတယ်။

သူမရဲ့မယုံနိုင်ဖြစ်သွားတဲ့ပုံစံကို ကြည့်ရင်း လင်းရွှမ်တစ်ယောက် ခေါင်းကိုငုံ့လို့ သူမရဲ့အကြည့်ကိုရှောင်လိုက်တာပေါ့။ ပြီးတော့ သူက လေသံပျော့ပျော့နဲ့ပဲ ဆက်ပြောတယ်။

“ဆရာက ကျွန်တော့်ကိုပြောခိုင်းလိုက်တာ။ အစ်မက ကြယ်မှုန်‌ဆေးဖော်တဲ့အတွက် ပိုက်ဆံမပေးရသေးဘူးတဲ့။  ပြီးတော့အဂ္ဂိရတ်ဖိုတစ်လုံးက အမတစွမ်းအင်တုံး တစ်သောင်းကျမယ်ဗျ။ အဆောက်အအုံထိခိုက်သွားတဲ့အတွက် လျော်ကြေးက  အမတစွမ်းအင်တုံး ငါးထောင်‌ပေးရမယ်။ ပြီးတော့ စန္ဒကူးသားစားပွဲက...”

“ခဏလေး”

နင်းနင်းတစ်ယောက် ဒီလောက်များတဲ့ အချက်အလက်တွေကို မမှတ်နိုင်ဘူးဖြစ်သွားတယ်။

“ဒီလောက် ဈေးပေါတဲ့ ပရိဘောဂတွေကို ဂိုဏ်းကပေးထားတာမဟုတ်ဘူးလား”
လင်းရွှမ်လည်း နည်းနည်းလန့်လာတာနဲ့ သူ့အင်္ကျီလက်ကလေးကို သူဆုပ်ထားရှာတယ်။

“ဆရာတူအစ်မပဲ စန္ဒကူးသားမှကြိုက်တာလို့ ပြောလို့လေ။ ပြီးတော့ ဒါက အဂ္ဂိရတ်ထိုးတဲ့နေရာမှာ အကောင်းဆုံးတဲ့”

“ဒါဆို ငါ့မိသားစုကရော? သူတို့က တအားချမ်းသာတယ် မဟုတ်ဘူးလား”

“ဆရာက အိမ်ကနေ ပိုက်ဆံယူတာမျိုးကို တားမြစ်ထားပါတယ်”

နင်းနင်း ရှော့ခ်ရသွားတယ်။ သူမမှာ သွေးအန်ချင်စိတ်ကို မျိုသိပ်ထားပြီး ဆက်မေးရတာပေါ့။

“ဒါဆို ရှိဖော်က သူ့ဂိုဏ်းအတွက် ပိုက်ဆံတော့ စိုက်ထုတ်ပေးသင့်တာပေါ့”

“ဆရာတူအစ်မ....အိပ်မက်က နိုးပါတော့လား”

လင်းရွှမ် နည်းနည်းတော့ စိုးရိမ်လာပြီ။
“ကျွန်တော်တို့က ဓားကျင့်ကြံသူတွေလေဗျာ။ ဘယ်လိုလုပ် ပိုက်ဆံရှိမလဲ”

ဒီစကားကြီးက တကယ်အိပ်မက်ကနေ နိုးသွားစေတာပဲ။

နင်းနင်းတစ်ယောက်အကြီးအကျယ်ကို နားလည်သွားပြီ။

ဟုတ်သားပဲ။ သူမက ဓားကျင့်ကြံသူလေ။
ဓားကျင့်ကြံသူတွေကို လူတွေက ဘယ်လိုတွေးကြသလဲ? သူတို့စိတ်ထဲမှာတော့ ဓားကျင့်ကြံသူတွေဆိုတာ သီးသန့်နေတတ်တယ်၊ သတ်ဖြတ်တဲ့နေရာမှာတော်တယ်။ ဓားလေးတစ်ချက်ယမ်းရုံနဲ့တင် လေကိုဖြတ်ပစ်နိုင်တဲ့ သူရဲကောင်းကြီးတွေပေါ့။

ဒါပေမယ့် တကယ့် ဓားကျင့်ကြံသူတွေကတော့ ခေါင်းကမာသေး၊ တုတ်ထိုးအိုးပေါက်ကပြောတတ်သေး၊ ကြမ်းက ကြမ်းတမ်းသေး။

အဲဒါတွေထက် အရေးကြီးဆုံးတစ်ခုကတော့ မွဲလိုက်တာမှ တာတေကို လန်နေရော။

ဂိုဏ်းအားလုံးနီးပါးမှာ ဓားကျင့်ကြံသူတွေက အမိုက်ဆုံး အလန်းဆုံး အားအကောင်းဆုံးဆိုတဲ့ ဓားတွေချည်းပဲ ကိုင်ကြတာ။ ဒါပေမယ့် သူတို့အဝတ်အစားတွေကတော့ စုတ်ပြတ်သတ်နေတော့တာပဲ။

တခြားကြောင့်တော့မဟုတ်ပါဘူး။ သူတို့ ပိုက်ဆံတွေကို သူတို့ အချစ်ကလေးတွေအတွက် သုံးလိုက်ကြလို့လေ (အချစ်ကလေး = ဓား)

ဓားကို ဆင်ယင်ပေးရတဲ့ အဆင်တန်ဆာတွေကို အသာထားဦး။ ဓားကို ပြင်ဆင်ထိန်းသိမ်းရတဲ့ စားရိတ်တင်ကိုက လူအုပ်စုအများကြီးကို တင်ကျွေးထားလို့ရတယ်။

ဓားကျင့်ကြံသူတွေအတွက်ကတော့ သူတို့သာ သွေးထွက်ပြီး ဒဏ်ရာရချင်ရသွားမယ်။ သူတို့ဓားလေးတွေကိုတော့ ဘာမှအဖြစ်မခံနိုင်ဘူး။

ပိုက်ဆံစုပြီး ဓားကို ပျိုးထောင်ဖို့အတွက် သူတို့ခမျာ ခြိုးခြိုးခြံခြံချွေချွေတာတာလေး စားသောက်နေရရှာတာ။ တချို့ဆို အပ်ချုပ်တောင်သင်ပြီး ဈေးထဲမှာ အင်္ကျီလိုက်ရောင်းနေကြသေးတယ်။

မူလဇာတ်ကြောင်းထဲမှာ နင်းနင်းအထင်ကြီးမိဆုံးကတော့ ဆရာတူအစ်ကိုဟဲ့ဆိုတဲ့တစ်ယောက်ပဲ။

ကောလဟာလတွေအရတော့ သူက ပိုက်ဆံရှာဖို့အတွက် နာမည်ကြီး ဆောင်ကြာမြိုင်ကိုသွားပြီးတောင် အလှဆုံးပြည့်တန်ဆာနေရာ ဝင်လုလိုက်သေးသတဲ့။ ကံဆိုးချင်တော့ နေရာမှာတင် သူက ဓားကျင့်ကြံသူဆိုတာ ပေါ်သွားပါလေရော။ ဆိုတော့ကား ဆရာတူအစ်ကိုဟဲ့က သောက်ခွက်ပြောင်ပြောင်နဲ့ပဲ သူက ဝမ်ကျန်းဂိုဏ်းကပါဆိုပြီး ထပ်လိမ်သတဲ့ရှင်။ အဲဒါလည်း ဝမ်ကျန်းဂိုဏ်းက ဖော်လို့ သူလိမ်တာမိသွားပြန်တာပဲ။

ဝမ်ကျန်းဂိုဏ်းဆိုတာ ဓားကျင့်ကြံခြင်းလောကမှာ ဒုတိယအကြီးဆုံးပေါ့။ ရွှမ်ရှုနဲ့ ဝမ်ကျန်းရဲ့ ဆက်ဆံရေးကတော့ ဆင်ဟွာတက္ကသိုလ်နဲ့ ပီကင်းတက္ကသိုလ်လိုပဲ။ တစ်ခုနဲ့တစ်ခု အသားကုန် ဖိုက်နေကြတာ။

နောက်ဆုံးတော့ စားဖိုဆောင်က ကျင့်ကြံသူကောင်မလေးပြောလိုက်တဲ့စကားတွေကို သူမ နားလည်သွားပြီ။

တစ်ချိန်တည်းမှာပဲ သူမတို့ နောက်ကျလည်း ခဏခဏထပ်တွေ့ရဦးမှာပဲဆိုတာလည်း သိသွားတယ်။

သူမက ကိုယ်စားဖို့ ပိုက်ဆံတောင် မရှိအောင် မွဲနေတဲ့သူဖြစ်နေလို့ ဟိုက ကြင်ကြင်နာနာနဲ့ အားပေးစကားတွေပြောလွှတ်လိုက်တာ။ 

ငါက ကျင့်ကြံခြင်းလောကထဲကူးပြောင်းလာတာ မဟုတ်ဘူး။ ကြောက်စရာဇာတ်ကားကြီးထဲ ကူးပြောင်းလာတာ....အူးဝါးးးးးး

ပတ်ဝန်းကျင်တစ်ခုလုံးငြိမ်သက်သွားတဲ့အချိန်မှာပဲ သူမမျက်လုံးရှေ့မှာ စာပိုဒ်တစ်ပိုဒ်ပေါ်လာလေရဲ့။ system က သူမကို မစ်ရှင်လုပ်ဖို့ ပြောတာလေ။

ခေါင်းစဉ်ကတော့ “နင်းနင်းက လင်းရွှမ်ကို သွေးဆောင်ဖြားယောင်းမယ့် ည” ပဲဖြစ်ပါတယ်ရှင်။

[လရောင်လေးက အနောက်ဖက်မှာ ဖြာကျနေတယ်။ အရှေ့တံခါးမှာတော့ တိမ်ရိပ်လေးတစ်ခုသာ ကျရောက်နေပါရဲ့။

နင်းနင်းက အပြုံးလေးတစ်ပွင့်ကို လှလှပပဆင်မြန်းရင်း လင်းရွှမ်ရဲ့ လည်ပင်းနားက အင်္ကျီစလေးကိုကိုင်လိုက်တယ်။

တလွဲလုပ်ပြီးတဲ့နောက် မင်းသားရဲ့လရောင်ဖြူလေးဖြစ်သွားတယ်Donde viven las historias. Descúbrelo ahora