01

50 10 2
                                    

2025 နွေဦး အစ။

ပိတ်ရက်ဖြစ်သည့် စနေနေ့တွင် များသောအားဖြင့် အားလုံးက ပျော်ရွင်စွာဖြတ်သန်းကျသည် မဟုတ်လား။ သို့သော် သူ့အတွက်တော့မဟုတ်ခဲ့ပေ။

နံနက်ခင်းအစမှာတင် သူစီ တစိုက်မတ်မတ် ရောက်လာသည့် ထိုင်းမှိုင်းပျင်းရိမှု့။

သူစိတ်ရှုပ်စွာ ဂုတ်ထောက်နေပြီဖြစ်သော ဆံပင်များအား ဖွလျောင်းလိုက်ပြီး အိပ်ယာပေါ်မှထလိုက်ကာ မီးဖိုချောင်စီသို့သွားလေသည်။

နေတိုင်းလိုလို သူ့အတွက်မရှိမဖြစ်လိုအပ်သည့် အရာမှာ ကော်ဖီဖြစ်သည်။

ကော်ဖီ ဖြစ်ရင်ကိုရပြီ ဆိုတဲ့ သူမလို့ အသင့်သောက်လို့ရသည့် ကော်ဖီမစ်တစ်ထုတ်ကိုယူပြီး ကော်ဖီခွက်ထဲသို့ထည့်လိုက်ကာ ရေနွေးပူပူလေးအား ထည့်လောင်းချလိုက်သည်။

ဖျော်ပြီးသွားသော ကော်ဖီခွက်ကိုယူ၍ သူ့ခြေလှမ်းများက အလုပ်စားပွဲစီသို့ လျှောက်သွားပြီး ထိုင်ခုံကိုယူပြီး ဆွဲထိုင်လိုက်သည်။

ပုံဆွဲခြင်း။ ကာတွန်းဆရာဖြစ်သည့် အလျောက် အပိုင်းသစ်တင်နိုင်ဖို့ အလုပ်ကြိုးစာရသည်။

ဇာတ်ညွန်းရေးလဲ သူဘဲမလို့ နေ့မအိပ်ညမအိပ် အလုပ်လုပ်ရပြီး ထုတ်ဝေသူဘက်မှလဲ ပူညံပူညံ။

သူသည်လဲ -စောင့်ချင်ရင်စောင့်မစောင့်ချင်နေ ပြီးမှဖိုင်ပို့ပေးမယ်- ဟု ပြောတော့ ထုတ်ဝေသူဘက်မှ ဘာတစ်ခွန်းမှ မဟတော့။ သူသည်လဲ နာမည်ကြီး ကာတွန်းဆရာထဲက တစ်‌ယောက်ဖြစ်သည်လေ။

သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး မပြီးပြတ်သေးသည့် ပုံများအားဆွဲရန်ပြင်ဆင်ချိန် စားပွဲပေါ်တင်ထားသည့်ဖုန်းမှာ မြည်လာသည်။

တီ! တီ! တီ!

‘ဟယ်လို’

‘ဟာရူတို!!!’

တစ်ဖက်မှ သူ့နာမည်အား အော်ခေါ်သည်မလို့ နားနားကပ်ထားသည့် ဖုန်းကိုအဝေးတစ်နေရာသို့ပို့လိုက်သည်။

‘ရူတိုရားး ဒီနေ့ပိတ်ရက်နေ့လေ မင်းအားတယ်မလား’

‘ကျွန်တော်မအားဘူး ဟျောင်း၊ အပိုင်းသစ်တင်ဖို့ ပုံတွေမပြီးသေးဘူး’

‘အော် အေးအေး၊ မင်းရဲ့ ရှည်လွန်းလှတဲ့ ဇာတ်လမ်းကြောင့်လေ’

‘အဲ့လိုတော့မပြောပါတယ်နဲ့ဗျာ’

ထိုအခါ ဖုန်းထဲမှ ရယ်သံထွက်လာသည်။

‘ဟားးဟားး ဟာရူတို တို့ကဝောာ့ သူ့ဇာတ်ထိရင်မခံဘူးကွာ’

‘ကြိုးစားထားတာကိုဗျ၊ ဒါနဲ့ ဟျောင်းရော အပိုင်းသစ်ဆွဲပြီးပြီလား’

‘ငါ..ငါလား အဟင်း မပြီးသေးဘူး’

‘ဒါနဲ့များ ကျွန်တော့်ကိုအပြင်သွားဖို့ ခေါ်နေသေးတယ်’

‘ထားပါကွာ ခဏတစ်ဖြုတ်ဘဲကို မင်းအိမ်အောင်းမနေနဲ့ အပြင်ထွက်ခဲ့’

‘ဆောရီးပါ’

‘ငါကော်ဖီဆိုင်အသစ်တွေ့ထားတယ်’

တစ်ဖက်မှ ကော်ဖီဆိုင်အသစ်တွေ့ထားတယ်ဟု ပြောသော်ကြောင့် ဟာရူတို ချက်ချင်းဆိုသလို လက်ခံလိုက်သည်။

‘နေရာ ပို့လိုက်’

‘ဟုတ်ပြီ ခုဘဲပို့ပေးလိုက်မယ်’

တင်!

‘ရောက်လား’

‘ဟုတ် ဒါဆို ကျွန်တော်ရေချိုးပြီးထွက်လာခဲ့တော့မယ်နော်’

‘အိုခေ အိုခေ ၊ ဘိုင့် ဘိုင့်’

တီ......!

ဖုန်းကျသွားသည်နှင့် သူ့အလုပ်စားပွဲကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်ပြီး ရေချိုးခန်းထဲသို့ဝင်သွားတော့သည်။

ရေချိုးခန်းထဲမှထွက်လာ၍ ခေါင်းကိုရေစင်အောင်သုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး တစ်စုံဝတ်လိုက်ကာ ဖုန်း၊ပိုက်ဆံအိတ်၊ကားသော့ကို ယူ၍ သူနေသည့်
ကွန်ဒိုတိုက်မှ ထွက်လာလိုက်‌သည်။

12:39

EP-1လေးကို သဘောကျမယ်လို့ထင်ပါတယ်ရှင်။💌

ဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးလေးပါဘဲရှင်။

ကြင်နာ၊နွေး‌ထွေး၊ကူညီ ပြီး နွေဦးလို သိပ်နွေးထွေးလှတဲ့ အပြုံးပိုင်ရှင်လေးနဲ့ နာမည်ကြီး ကာတွန်းဆရာ ဇာတ်လမ်းလေးဘဲဖြစ်ပါတယ်ရှင်။💌

1/1/2025~

ဘေးအန္တာရယ်ကင်းကျပါစေ။
ဂရုစိုက်ကျပါ။

#kimondu_ruru🦥

You've reached the end of published parts.

⏰ Last updated: Oct 11 ⏰

Add this story to your Library to get notified about new parts!

«နွေဦး»Where stories live. Discover now