ဇာတ်သိမ်းသိပြီးသား ဇာတ်လမ်းတစ်ပုဒ်ကို ပြန်ကြည့်ကြပါသလား။ နာကျင်ရသည် ဖြစ်စေ၊ ၀မ်းသာရသည် ဖြစ်စေပေါ့။ အဲ့ထက်ပိုရင်နှလုံးသားကို ဆွဲညစ်ခံလိုက်ရသည့် နာကြင်မှု ကဲ့သို့ေသာ ဇာတ်သိမ်းဖြစ်ေနပါ စေပေါ့ ။
အရှေ့က ဖြန့်ချထားတဲ့ အဝါရောင်စာရွက်ထဲမှ စကားလုံးဝိုင်းများကို ခုံမှာ ခပ်မတ်မတ်ထိုင်ရင်း ငေးကြည့်နေမိသည်။
ဖုန်းထဲမှ တစ်ဆင့် သုမောင် ရဲ့ ချစ်မိုးစွေ သီချင်းကလည်း ထပ်ကာထပ်ကာ ကျော့၍ အခန်းထဲ ပျံနှံ့နေသည် ။
မေတ္တာအပြည့်၊ ချစ်ဇောအပြည့်နဲ့ ကောင်ကလေးတစ်ေယာက်က သူ မြတ်နိုးရသူရဲ့ ချစ်ခြင်းကို တောင်းခံ တဲ့ ချစ်ခွင့်ပန် ချစ်စရာတေးကေလး ပဲ ။တီဂျမ်းပြောပြသလိုဆို မေမေ အတွက် သီဆိုပြသခဲ့သူက စာသားထဲက "ခင့်" အစား "မြေ့" ဟု သုံး၍ အသနားခံတော် မူသတဲ့ ။ ရွာဦးကျောင်းက အိမ်အပြန်လမ်းမှာ မယ်ဒလင် တီးကာ ချစ်သနားခံ ၀င်သလို ညဘက်တိုင်း အိမ်ခြံတံခါးရှေ့ တစ်ရက်မပျက် လာရောက်၍ မေမေ့အချစ်ကို တောင်းခံ ပါသတဲ့ ။
သိပ်မဝေးပါပဲနှင့် မျက်ရည်ငွေ့တို့ကြောင့် စာလုံးဝိုင်းများက တစ်ချက်တစ်ချက် ဝေ့ဝါးသွားကြသည်။ စာအုပ်မှ အကြည့်ကို ခွာ၍ ဖွင့်ထားသော ခေါင်းရင်းပေါက်မှ အိမ်ရှေ့ ခြံတံခါးကို တစ်ချက် စစ်ဆေးကြည့်မိသည်။
ဒီဒိုင်ယာရီစာအုပ်ကို ရေးစဉ်က မေမေဟာလည်း သည်ခုံမှာထိုင်၍ အိမ်ရှေ့ခြံတံခါးကို မျှော်ကြည့်နေခဲ့ ပါလိမ့်မည်။ကျွန်မမှာက မေမေမျှော်ကြည့်နေမည်အထင်နဲ့ မျှော်ကြည့်ရပေမဲ့ မေမေကတော့ တစ်စုံတစ်ဦးကို စောင့်နေခြင်းသာ ဖြစ်ခဲ့တာပါ။
ဟုတ်ပါတယ်။ သေချာမှာပါ ။ ဒိုင်ယာရီထဲက မေမေက တစ်ကိုယ်တည်း မေးထားတာလား။ ရေရွတ်ရာကို လက်က ရေးမိသလားပဲ ။
"ဒီနေ့ သူ မလာပါလား " တဲ့ ။
မေမေ့လက်ရေးက မေမေ့မျက်နှာလို ဝိုင်းဝိုင်းကလေး။ စနစ်ကျသည့် မေမေ က ဒိုင်ယာရီမှာ ရက်စွဲကလေးများ အတိအကျ ရေးမှတ်သည်။
ချစ်စရာ လက်ရေးလေး ကမှ တဆင့်
လွမ်းစိတ်နဲ့ ကျွန်မက မေမေ့လို ခြံတံခါးစီ မျှော်နေတာပါပဲ ။ ဒါပေမဲ့ ဘယ်သူမှ ပေါ်လာမှာ မဟုတ်မှန်း သိပါတယ် ။
YOU ARE READING
ဆွေးတမြေ့မြေ့ [Completed]
Romance"မေမေ့အချစ်တွေက သီချင်းထဲကလို နေရောင်လို ကုန်ခမ်းမသွားတဲ့ အချစ်မဟုတ်သလို ပင်လယ်ရေထက်လည်း ပိုမများနိုင်တဲ့ အချစ်ရိပ်မြုံ ခပ်သေးသေး ၊ ခပ်အုံ့အုံ့ကလေးပဲ ။ တစ်ယောက်သာ ဆန့်တယ် ။ အဲ့ဒီတစ်ယောက်တည်းကိုပဲ အေးမြမှုနှင့် သာယာမှု အကုန် ပေးသည့် မေမေ့အချစ်က ဖြန...