အပိုင်း (၆၀)
ကလေးမလေးက ထီကျစ်ဘေးနားသို့ ရွှေ့သွားလိုက်၏။
“သမီး မဖြစ်ပါဘူးနော်!”
လျို့ဟွား သူ(မ)နှင့် စကားများမနေတော့ဘဲ ရွယ်ယွိကို လှည့်ကြည့်လိုက်သည်။
“ရှောင်ယွိ အားမန် ပြန်လာတဲ့အခါကျရင် စင်တာကို ဈေး အတူတူသွားဝယ်ရအောင်”
ရွယ်ယွိက လှုပ်ရှားမှုများက ရပ်တန့်သွားပြီး စိတ်အလုံးစုံနှစ်၍ ငြင်းပယ်လိုက်သည်။
“မား ကျွန်တော်...”
လျို့ဟွား သူ့ကို ကြားဖြတ်လိုက်သည်။
“အားယန်က ပြောတယ် သူ လူတိုင်းအတွက် ခရစ္စမတ်လက်ဆောင် ဝယ်ပေးချင်လို့တဲ့”
ရွယ်ယွိတစ်ယောက် သဘာဝကျစွာပင် စကားများ ပြောင်းသွားတော့သည်။
“ကျွန်တော် အမေနဲ့ လိုက်ပေးချင်တာပေါ့”
လျို့ဟွားက စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
“ဒီလိုမှ ဟုတ်အုံးမယ်” မင်းကို ဘယ်သူမွေးမွေး ဂရုမစိုက်နေဘူး။
ရွယ်ယန်က ပါဆယ်ပုံများကြားမှ ခေါင်းထောင်ကြည့်ကာ
“မေမေ အားယန်ကို ခေါ်လိုက်သေးလား”
လျို့ဟွားက ကျောပြန်မှီထားလိုက်သည်။
“မခေါ်မိပါဘူး”
ရွယ်ယန်က ခေါင်းကုတ်ကာဖြင့် : “အို့”
ရွယ်ကျစ်နှင့် ချောင်းကျဲတို့မှာ ယနေ့တွင် ညီမဖြစ်သူအား ကျောင်းသွားကြိုစရာမလိုသဖြင့် အကြောင်းပြချက်တစ်ချို့ကြောင့် မှိုင်တွေထိုင်းမှိုင်းနေကြသည်။
နှစ်ယောက်သား ပျင်းတွဲစွာဖြင့် အိမ်ထဲဝင်လာကြပြီး နေရာအနှံ့ ပြန့်ကျဲနေသော ပါဆယ်ဘူးများကြောင့် ထိတ်လန့်သွားတော့သည်။
ရွယ်ကျစ်က သက်ပြင်းချကာ တစ်ယောက်ယောက်ကို ခေါ်ရန် ဟန်ပြင်လိုက်စဉ် တစ်စုံတစ်ရာက ရုတ်တရက် သူ့ထံ ပျံလာနေသည်ကို အာရုံရလိုက်သည်။
သူက ချက်ချင်းပင် ၎င်းကို ရှောင်လွှဲလိုက်သည်။
သို့သော် သူ့ဘေးနားရှိ ချောင်းကျဲက မလျင်သဖြင့် ခေါင်းအုံးနှင့် အရိုက်ခံရလိုက်သည်။
“ရေး! မိပြီဟေ့! အို့ ကျဲကော ဘယ်လိုလုပ်ပြီး ကိုကိုဖြစ်နေတာလဲ”
ရွယ်ယန်က ဆိုဖာအနောက်မှ တွားသွားထွက်လာပြီး အောင်ပွဲခံနေစဉ် တစ်ဝက်၌ လူမှား ရိုက်မိမှန်း သဘောပေါက်တော့သည်။
ချောင်းကျဲက သူ့မျက်နှာအား လာရိုက်မိသည့် ခေါင်းအုံးကို ပြန်ကောက်လိုက်သည်။
“အားယန်က ဘယ်သူ့ကို ပစ်ဖို့ လုပ်နေတာလဲ”
ရွယ်ယန်က မျက်တောင်လေးခတ်ကာ သူတို့နှစ်ယောက်အနောက်ကို လက်ညှိုးထိုးပြ၏။
ရွယ်ယွိက တံခါးထောင့်ကနေ ထွက်လာပြီး အနည်းငယ် ရှက်တက်တက်ဖြင့် ဆိုလာ၏။
“ခုနက အားယန် ငါ့ကို ပစ်ဖို့လုပ်တာ ဒါပေမယ့် မင်းတို့နှစ်ယောက် ပိတ်သွားလို့၊ ငါ တကယ် တောင်းပန်ပါတယ်” သူ့လေသံထဲမှ တောင်းပန်မှု တစ်စွန်းတစ်စမပါသော်ငြား...
ချောင်းကျဲက ညင်သာစွာ ပြုံးလေ၏။
“ရပါတယ်”
သူက ပြောရင်းဖြင့် သူ့လက်ထဲမှ ခေါင်းအုံးအား ရွယ်ယွိ၏မျက်နှာထက် ပစ်ထည့်လိုက်သည်။
ရွယ်ယွိမှာ မျက်နှာတည့်တည့်ဝင်ရောက်လာသည့် ခေါင်းအုံးကြောင့် အငိုက်မိသွား၏။
“...” ဒါလား ရပါတယ်ဆိုတာက!
ရွယ်ယန်က တစ်ဖန် မျက်တောင်လေး ခတ်လိုက်ပြီး ဝမ်းသာအားရ အော်ဟစ်လာ၏။
“ရေး! ကျဲကော ပစ်လိုက်ပြီ!”
ကလေးမလေးက ပြေးသွားပြီး ချောင်းကျဲနှင့် ဟိုက်ဖိုက်လုပ်လိုက်သည်။
ရွယ်ကျစ်မှာ မနေနိုင်အောင် ရယ်မိရင်း
“အားယန်တို့ ဘာလုပ်နေကြတာလဲ”
ရွယ်ယန်က ကြမ်းပြင်ပေါ်ရှိ ဘူးများကို ညွှန်ပြပြီး
“မေမေ့ကို ပါဆယ်တွေ ဝိုင်းကူဖွင့်ပေးကြတာ၊ အဲ့ဒါကို ကိုကိုက အားယန်ကို ခေါင်းအုံးနဲ့ အရင်လာပစ်တာ!”
ရွယ်ယွိမှာ မနေနိုင်စွာ မျက်နှာကြက်ကို မော့ကြည့်မိတော့သည်။ သူက ကလေးအား ခေါင်းအုံးနှင့် ဖွဖွလေး တွန်းလိုက်ရုံဖြစ်ပြီး သူ(မ) မြဲမြံစွာ မထိုင်ထားမှန်း မည်သူက သိမလဲ၊ သို့နှင့် ယိုင်သွားပြီး ပြုတ်ကျလုနီးနီးဖြစ်သွား၏။
နှစ်ယောက်သားက ခေါင်းအုံးတိုက်ပွဲကို စတင်လိုက်ကြပြီး ယခုလေးတင်မှ ရောက်လာသော ချောင်းကျဲပါ ပါဝင်လာ၏။
ရွယ်ကျစ်က ကျောင်းလွယ်အိတ်ကို ဆိုဖာပေါ် ပစ်တင်လိုက်ပြီး လက်ဆစ်များကို ချိုးလိုက်သည်။
“ဘာမှမပူနဲ့တော့၊ ကိုကိုက အားယန်အတွက် ကလဲ့စားပြန်ချေပေးမယ်”
ချောင်ကျဲသည်လည်း ဆိုဖာဆီသို့ သွားကာ ခေါင်းအုံးတစ်လုံးကို ကောက်ယူလိုက်သည်။
ရွယ်ယွိတစ်ယောက် အနောက်သို့ မသိမသာ ဆုတ်လိုက်ပြီး
“ဟေ့ အသာလုပ်ကြပါ ကိုယ့်လူတို့ရာ”
ရွယ်ကျစ်သည် မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဖြင့်
“ကော၊ ကျွန်တော်တို့ညီအစ်ကိုတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြီး ခံစားချက်တွေ ဖလှယ်သင့်တာပေါ့!”
လွတ်လမ်းမရှိတော့ပြီကို မြင်လျှင် ရွယ်ယွိတစ်ယောက် ခေါင်းအုံးတစ်လုံး ဆွဲယူကာ ပြိုင်ပွဲထဲ ဝင်နွှဲရတော့သည်။
ရွယ်ယန်နှင့် ထီကျစ်က ဘေးတွင် ဝင်ထိုင်ရင်း မုန့်စားကာ သူတို့ကို ကြည့်နေလေ၏။
လျို့ဟွားက တစ်စုံတစ်ခုယူရန် အပေါ်ထပ်သို့ တက်သွားခြင်းဖြစ်ပြီး သူ(မ) ပြန်ဆင်းလာသည့်အချိန်မှာတော့ သူ(မ)မိသားစုမှ ကြွက်စုတ်သုံးကောင်က ရန်ဖြစ်နေကြသတဲ့လေ။
သူ(မ)မျက်နှာတွင် အနက်ရောင်မျဉ်းများဖြင့်
“မင်းတို့ ဘာတွေလုပ်နေကြတာလဲ၊ မင်းတို့ညီမလေးကိုလည်း မထိမိစေနဲ့အုံး”
သူ(မ) ထိုသို့ပြောလိုက်သော်လည်း အမှန်တကယ်တမ်းတွင် သူတို့လေးတွေ သာမန်ကလေးများလို ပြုမူနေကြသည်အား မြင်ရသည်ကို အလွန် ပျော်ရွှင်နေလေ၏။
ရွယ်ယွိက ရှက်ရွံ့စွာ ချောင်းဟန့်လိုက်ပြီး ကသိကအောက်နိုင်စွာဖြင့် နှာခေါင်းကို ကုတ်လိုက်သည်။
“အမေ၊ ကျွန်တော်တို့ အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့ ကျွန်တော် ဒီပါဆယ်ထုပ်တွေကို ကူဖောက်ပေးမှာပါ”
လျို့ဟွား သူ့ကို အထင်မြင်သေးစွာ ကြည့်လိုက်ပြီး
“မလိုတော့ဘူး၊ ခဏနေလောက်ဆို လျို့မန် ပြန်လာတော့မှာ၊ ဒါတွေကို အမြန်ရှင်းပြီး ထွက်ဖို့ အသင့်ပြင်ထား”
ရွယ်ကျစ်က ခေါင်းအုံးကို ဆိုဖာပေါ် ပြန်ပစ်တင်လိုက်ပြီး
“အမေ ဘယ်ကို သွားမလို့လဲ”
လျို့ဟွား ဂွမ်းဂျက်ကပ်လေးပင် ကောက်ဝတ်ထားပြီးပြီဖြစ်သော ရွယ်ယန်ကို လှမ်းကြည့်လိုက်သည်။
“ခရစ္စမတ် ရောက်ကာနီးပြီလေ၊ အမေတို့ ရှော့ပင်ထွက်ကြမလို့၊ အို့ ဟုတ်သား၊ အားယန်က မင်းတို့အတွက် လက်ဆောင်ဝယ်ပေးချင်တယ်လို့ ပြောတယ်”
ရွယ်ယန်တစ်ယောက် သူ(မ)၏လက်သေးသေးလေးများဖြင့် ဦးထုပ်ကိုဆောင်းရန် ရုန်းကန်နေရသည်။
“မေမေ ဘာလို့ ကိုကိုတို့ကို ပြောလိုက်ရတာလဲ၊ အခု စပရိုက်မဖြစ်တော့ဘူးပေါ့”
ရွယ်ကျစ်နှင့် ချောင်းကျဲတို့သည် အလွန် ပူးပေါင်းဆောင်ရွက်ပေးလာကြသည်။
“အားယန် ကိုကိုတို့ အရမ်းကို စပရိုက်ဖြစ်ပြီးပြီ”
လျို့ဟွား မျက်မှောင်ကြုတ်လိုက်ပြီး သူ(မ)ထံ အမွေးပွပွလည်စည်းပဝါကို ပစ်ပေးလိုက်သည်။
“အားယန် လည်စည်းနောက်တစ်ထပ် ထပ်ဝတ်ရအောင်”
အားယန်က သည်တစ်ကြိမ်တွင် လွန်စွာ ခေါင်းမာပြနေ၏။
“မဝတ်ချင်ဘူး!”
လျို့ဟွားသည် မျက်လုံးများကို အန္တရာယ်ရှိစွာ ကျဉ်းမြောင်းလိုက်ပြီး ကလေးမလေးက ချက်ချင်းပင် လည်စည်းကို သွားယူကာ ဝတ်ဆင်လိုက်သည်။
“မေမေ အားယန် ဝတ်ပြီးပါပြီ!”
လျို့ဟွားတစ်ယောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ကိုကိုတွေကို ခေါ်ပြီး ဝက်ကို သွားထုတ်လာခဲ့၊ မေမေတို့ ရှော့ပင်ထွက်ကြမယ်”
ရွယ်ယန်သည် တက်ကြွစွာဖြင့် သူ(မ)အစ်ကိုများကို လက်ဝှေ့ယမ်း ခေါ်လိုက်သည်။
“ကိုကိုတို့ မြန်မြန်လာကြ!”
သူတို့၏ ခြေတံရှည်ရှည်များဖြင့် ရွယ်ယွိနှင့် အခြားသူများသည် ကလေးမလေးအား အလွယ်လေး လိုက်မီလာကြသည်။
“အားယန် ဘာဝက်လဲ”
ရွယ်ယန်က အရှေ့ကနေ ခပ်သွက်သွက်လျှောက်၏။
“ကိုကိုတို့ရောက်ရင် သိလိမ့်မယ်!”
၎င်းက ဝက်စုဘူးကဲ့သို့ တစ်ခုခုဖြစ်လိမ့်မည်ဟု သူတို့ ခန့်မှန်းမိထားကြသည့်တိုင် ရွယ်ယွိမှာ ဗီရိုထဲရှိ တကယ့်ပစ္စည်းကို မြင်လိုက်ရသည့်အချိန် ထိတ်လန့်သွားရဆဲပင်။
ချောင်းကျဲက ချောင်းဟန့်လိုက်ပြီး ရွယ်ယန်၏ ထက်ဝက်နီးနီး အရွယ်အစားရှိသည့် ရွှေရောင်ဝက်ကြီးကို ညွှန်ပြကာ
“အားယန် ဒါက?”
ရွယ်ကျစ်က စုပ်တစ်ချက်သပ်ပြီး ခေါင်းခါလိုက်သည်။
“ဒီဝက်ကြီးက အရမ်းဝတာပဲ!”
ရွယ်ယန်က ဆောင့်ကြောင့်ထိုင်ရင်း ရွှေဝက်ကြီးကို ပိုက်ရန် အကောင်းဆုံးကြိုးစားလိုက်သော်လည်း သူ(မ) အားကုန်ထုတ်သည့်တိုင် ဝက်မှာ တစ်လက်မလေးပင် ရွေ့မလာခဲ့။
ကလေးမ၏မျက်နှာ အားစိုက်ထုတ်မှုကြောင့် နီမြန်းလာသည်ကို ကြည့်ပြီး ရွယ်ယွိမှာ ရယ်ကာဖြင့် သူ(မ)ကို ကောက်ချီကာ သူ့အနောက်ရှိ ရွယ်ကျစ်ထံ ကမ်းပေးလိုက်သည်။
“အားယန် ရွှေ့မနေနဲ့၊ ကိုကို သယ်လာပေးမယ်”
သူ ထိုသို့ပြောလိုက်သော်ငြား တစ်ကယ်တမ်း ထိုရွှေဝက်ကြီးအား မ,ကြည့်သည့်အခါမှာတော့ ရွယ်ယွိမှာ ထိတ်လန့်သွားရ၏။
“ဘာလို့ ဒီလောက်တောင် လေးရတာလဲ၊ မဟုတ်မှ တကယ်ပဲ ပြည့်ကျပ်နေတာလား”
ရွယ်ယန်က သူ(မ)အကို၏ပခုံးပေါ် မှီထားပြီး
“ဟုတ်တယ်! အားယန်ကို ဖေဖေက မုန့်ဖို့းတွေ အများကြီးပေးထားတာ!”
ရွယ်ယွိနှင့် ချောင်းကျဲတို့ နှစ်ယောက်ပေါင်းကာ ဧရာမ ရွှေဝက်ကြီးကို အောက်ထပ်သို့ သယ်လာလိုက်ကြပြီး နက်နက်ရှိုင်းရှိုင်း ခံစားရသည်မှာလည်း ရွယ်ယန်တစ်ယောက် ဘယ်လောက်က ပိုက်ဆံအများကြီးကို ဆိုလိုမှန်း သိလောက်မည် မဟုတ်ပေ။
လျို့ဟွားက ဖုန်းကစားရင်း ဆိုဖာပေါ် လဲလျောင်းနေ၏။ လျို့မန်က ပြန်ရောက်လာကာစဖြစ်ပြီး နှစ်ယောက်သားသည် တစ်ချိန်တည်းဆိုသလို ရွှေဝက်ကြီးအား သယ်လာနေကြသည့် ရွယ်ယွိနှင့် ချောင်းကျဲကို ကြည့်မိကြသည်။
လျို့ဟွားက မျက်ခုံးများကို မြှင့်လိုက်ပြီး
“အဲ့ဒါက တကယ်ပဲ ပြည့်သွားတယ်ပေါ့လေ ဟမ်”
လျို့မန်က ကော်ဇောပေါ်တွင် ချထားသော ဝက်ကြီးကို စက်ဝိုင်းပတ်ပြီးနောက် ရွယ်ယန်ကို မေးလိုက်သည်။
“အားယန် ဝက်ကြီးကို တကယ်ပဲ ဖွင့်ချင်တာလား”
ရွယ်ယန်က အပြေးလာကာ ရွှေဝက်ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်က ဝက်ထက်ပင် သိပ်မကြီးတော့သယောင်ပင်။
သူ(မ) သေမိန့်ချခံရတော့မည့် ဝက်ကြီးကို လက်ညှိုးဖြင့် ထိုးလိုက်သည်။
“ခွဲလိုက်! ဝက်ကြီးက ပြည့်နေပြီလေ၊ မဟုတ်ရင် အားယန် ပိုက်ဆံထုတ်လို့ မရဘူး!”
ထီကျစ်သည်လည်း ကလေးဘေးနားသို့ ရောက်လာပြီး ဝပ်လှဲကာ ရွှေရောင်ဝက်ကြီးကို ထိရန် လေးနက်စွာဖြင့် လက်သည်းများကိုပင် ထုတ်နေသေး၏။
အကယ်၍ ဝက်စုဘူးသာ အာရုံခံစားသိနိုင်ခဲ့လျှင် ယခုအချိန်လောက်တွင် သေဖို့ရာအတွက် ဆန္ဒပြင်းပြနေလောက်တော့မည်ဖြစ်သည်။
အနှေးနဲ့အမြန်ဆိုသလို ကြုံရမှာဆိုပေမယ့်...
လျို့ဟွားက အားယန်ကို အရုပ်တူလေး ကမ်းပေးလိုက်၏။
“လုပ်လေ၊ ခွဲလိုက်တော့၊ မေမေတို့ ပြီးရင် ပိုက်ဆံ တူတူရေကြမယ်”
ကလေးမလေးက တူကို ပြတ်သားစွာ ယူကာ အသက်ပြင်းပြင်း ရှူသွင်းပြီး ခပ်ပြင်းပြင်း လွှဲချလိုက်သည်။
ကွဲအက်သွားသည့်အသံ ထွက်လာသည်နှင့် သေသပ်စွာ လိပ်ထားသော အနီရောင် ငွေစာရွက်အပုံလိုက်က ဝက်ထဲမှ ပေါက်ထွက်လာ၏။
ရွယ်ယန်မှာ အစက ဤမျှများပြားလိမ့်မည်ဟု မမျှော်လင့်ထားသည့်ဟန်ပင်။ သူ(မ)က အံ့အားတသင့်ဖြင့် ကော်ဇောဘေးနား ထိုင်ချလိုက်သည်။
လျို့ဟွား သာမန်ကာလျှံကာ ပိုက်ဆံလက်တစ်ဆုပ်ကို ကောက်ကိုင်လိုက်ပြီး
“အားယန် မဆံ့တော့တာတောင် ဘယ်ကနေ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဖိသိပ်ထည့်ထားတာလဲ”
ရွယ်ယန်က ကျန်သည့်နေရာအကုန်လုံးကို ခွဲချလိုက်ပြီး ပိုက်ဆံများအားလုံးကို ပြန့်သွားစေလိုက်သည်။
“အားယန်ကို အထဲထည့်လို့ ရအောင် ကူပေးတာ ထီကျစ်လေ၊ အကြိမ်တိုင်း ထည့်လို့ ဆံ့တယ်!”