အပိုင်း ၃၇၉
စန်းယွမ်ယွမ်ဟာ မုန့်ဝူယုံးအား တမင်စိတ်လွတ်သွားအောင် အစွမ်းကုန်ကြိုးစားနေခြင်း ဖြစ်၏။
တချိန်တည်းမှာ ယုံးဝူမင့်ဟာလည်း သူ၏ မွေးရာပါ ကဝေမျိုးနွယ်စု၏ ညို့ယူခြင်းပညာအား အသက်သွင်းကာ မုန့်ဝူယုံးစိတ်ကို ချက်ချင်း ညို့ပစ်လိုက်သည်။
မုန့်ဝူယုံး၏ ပုံစံမှာ အနည်းငယ်စိတ်ရှုပ်ထွေးနေသည့်ပုံ ပေါက်နေ၏။ ထို့နောက် ဒယိမ်းဒယိုင်ဖြင့် ရှေ့သို့လျှောက်လာကာ ပါးစပ်မှ လည်း တတွတ်တွတ်ပြောဆိုနေ၏။
"ဟုတ်... ဟုတ်တာပေါ့ ကျွန်မက ဒီလောကမှာ အဓိကလူပဲလေ။ ကျွန်မဖြတ်သန်းလာရတဲ့ အတွေ့အကြုံတွေကြောင့် ငါ့ရဲ့ နိုင်ငံရေးရေချိန်က ရှင်တို့ ရှေးခေတ်က ပဒေသရာဇ်တွေထက် အများကြီး သာလွန်တယ်လေ။ ကျွန်မမှာ အဖြူစင်ဆုံး အကြင်နာမေတ္တာတရားလည်းရှိတယ်။ ပြီတော့ ကျွန်မရဲ့ ကံတရားရဲ့ မျက်နှာသာပေးမှုနဲ့အတူ အနာဂတ်မှာ ဟန်လန်ကို အကောင်းဆုံးကူညီပေးသွားမှာ။ ယွင်နိုင်ငံတော် ကပ်ဆိုက်နေတဲ့အချိန်မှာ သူ့အနေနဲ့ ဒီသက်ရှိအားလုံးကို ခေါင်းဆောင်နိုင်အောင် ကူညီပေးသွားမှာ။ လောကကြီးကို ကယ်တင်ဖို့ ကျွန်မက ရောက်နေတာ။ ဒါကြောင့် ဘာမှမသိနားမလည်တဲ့ ရှင်တို့တွေထက် ကျွန်မက အများကြီးကွဲပြားတယ်"
စန်းယွမ်ယွမ်သည် ယုံးဝူမင့်လက်ကို သတိလက်လွတ်ဆုပ်ကိုင်လိုက်မိ၏။
ယုံးဝူမင့်သည် သူမ၏ နူးညံ့သည့်လက်ချောင်းလေးများအား သူ၏ လက်ဖဝါးထဲတွင်ဆုတ်ကိုင်လိုက်ပြီး နွေးထွေးမှုဖြင့် ထွေးပွေ့နှစ်သိမ့်လိုက်လေသည်။
ချင်ယွိချီ၏ သက်သေထွက်ဆိုချက်သာမကြားခဲ့ပါက မုန့်ဝူယုံးပြောသောစကားများဟာ မူမမှန်စကားများဟုသာ ထင်ခံရဖွယ်ရှိသည်။ ယခုမူ လေးနက်သော အဓိပ္ပာယ်ရှိသည့်စကားများဖြစ်လာခဲ့လေပြီ။
ယခုအချိန်တွင် တစ်စုံတစ်ယောက်သာ ဟန်ရှောင်လင်၏ အမူအယာကို မြင်လျှင် သူ၏ ထိုင်းမှိုင်းကာ အနေကျဉ်းကြပ်နေသည့် ပုံစံကို တွေ့မြင်ရမည်ဖြစ်သည်။ သူသည် အလွန်တရာ အံ့အားသင့်နေပုံရပြီး မည်သည့်စကားပြန်ပြောရမည်ကို တစ်ခဏတော့ မသိချေ။
DU LIEST GERADE
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romantikစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️