အပိုင်း ၃

323 54 0
                                    

Super Sunday ဟာ တခြားသောရက်တွေထက်ပို၍ ကုန်တိုက်တွေမှာ လူများသည်။ လူများတာမကြိုက်တဲ့ Rosèအတွက် ခြောက်မိုင်ခွဲက MarketPlace ကို ထွက်လာခဲ့သည်။

အမြဲလိုလို အလုပ်ရှုပ်နေတဲ့ကိုကြီးကိုလည်း ဘာမဟုတ်တာလေးကို မပူဆာချင်။ တစ်ယောက်တည်း တွန်းလှည်းယူကာ City Mart ကို ပတ်လိုက်သည်။

'' Rosè တစ်ယောက်တည်းလား ။ ကိုမြင့်မိုရ်မပါဘူးလား ''

ရင်းနှီးနေသည့် မျက်နှာပိုင်ရှင်အမျိုးသမီးကို Rosè မပီမပြင်ပြုံးပြလိုက်သည်။ ၎င်းအမျိုးသမီး၏အနောက်မှာတော့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ရှိပြီး Rosèကို မျက်တောင်မခတ်တမ်း ကြည့်နေသည်။

'' မပါဘူး အစ်မ ။ ကျွန်မက အဖွားဆီသွားမလို့။ လိုအပ်တာလေးတွေ လာဝယ်တာ ''

'' အဖွားရော နေကောင်းတယ်မဟုတ်လား။ အစ်မနှုတ်ဆက်တယ်လို့ ပြောပေးပါဦးနော် ''

'' ဟုတ်ကဲ့ အစ်မ ''

'' ဒါ အစ်မသားကြီးလေ။ ထိုင်းမှာကျောင်းတတ်နေတာ ။ သားသား ဒါအန်ကယ်လ်မြင့်မိုရ်ရဲ့ အမျိုးသမီးလေ ''

လူငယ်လေးက ရည်ရည်မွန်မွန် ဦးညွှတ်ကာ Rosè အား နှုတ်ဆက်လေသည်။ လူငယ်လေးရဲ့နှုတ်ဆက်ခြင်းကို အလိုက်သင့် ပြန်နှုတ်ဆက်ပြီး ထိုနေရာမှ ထွက်ခွာခဲ့သည်။



'' မေမေ အန်ကယ်မြင့်မိုရ်ရဲ့ဇနီးက သူမဟုတ်ဘူးလားလို့ ''

'' အငယ်အနှောင်းလေ သားရဲ့ ။ ကုဋေမြင့်မိုရ် စပွန်ဆာပေးထားတဲ့မိန်းမ ''

လည်ပင်းကိုငဲ့၍ ထွက်သွားသူကို ထိုက်တန်လှည့်ကြည့်လိုက်သည်။

အိုးဂေါ့  .. ကောက်ကြောင်းက ရူးချင်စရာ။ ဒါကြောင့်လည်း ကုဋေမြင့်မိုရ်လိုဘဲကြီးက ခြေတော်တင်တာပေါ့။


ငါ့ရဲ့ခရမ်းရောင်နှင်းဆီ 💜🥀

ရန်ကုန်နေသည် ဆိုးရွားစွာပူပြင်းလွန်းကာ မီတာဘေလ်နှမြောသော မာတာမိခင်ကြောင့် ယပ်တောင်သာ တဖျတ်ဖျတ်ခတ်နေရသည်။

'' သင်္ဘောသီးထောင်း သွားဝယ်ချေ သက်ထား ''

'' နေပူတယ် ။ FoodPanda က မှာလိုက်မယ် ''

ခရမ်းရောင်နှင်းဆီတစ်ပွင့် ရောင်းရန်ရှိသည်Where stories live. Discover now