စောနကအဖြစ်အပျက်ကိုပြန်တွေးမိတော့ Mingyu ပြုံးနေမိသည်။
နှာခေါင်းပါနစ်ဝင်သွားတဲ့အထိ ပါးပြင်ကိုခပ်ပြင်းပြင်းလေးဖိနမ်းလိုက်တော့ မျက်လုံးပြူးမျက်ဆန်ပြူးနှင့် အလန့်တကြားဖြစ်သွားတဲ့ Wonwooရဲ့မျက်နှာလေးကချစ်စရာပင်...
ဒါ့အပြင် Wonwooဆီကရသည့် ခပ်သင်းသင်း ကိုယ်သင်းရနံ့လေးကလည်း Mingyuအတွက် ပို၍သဘောကျစရာကောင်းနေပြန်သည်။ တဝကြီးနမ်းရှိုက်လိုက်ချင်သည့်စိတ်ကိုလည်း မနည်းပြန်ထိန်းချုပ်ထားလိုက်သည်။
ထိုရနံ့လေးကြောင့်ပဲ ဒီနေ့တစ်နေ့လုံး ပင်ပန်းထားသမျှကပြေပျောက်သွားသလိုပင်...
.
.
.
.
.
ဘာလိုလိုနဲ့ Mingyu ရဲ့အိမ်မှာလိုက်နေခဲ့တာ3ရက်ပင်ရှိခဲ့သည်။ ဒီနေ့တော့ ရုံးပိတ်ရက်ဖြစ်တာကြောင့် Mingyu ရဲ့ အဖေနဲ့အမေကိုတွေ့ဖို့အတွက် Wonwoo အဆင်သင့်ပြင်ဆင်ထားနေလိုက်သည်။ ခဏကြာတော့ Mingyu သူ့အခန်းဆီရောက်လာပြီး"ကိုကို အဆင်သင့်ဖြစ်ရင်သွားရအောင်"
"အင်း"
Kim မိသားစုရဲ့ စံအိမ်တော်ကိုသွားနေတဲ့နေရာမှာပင် တစ်နေရာရောက်တော့ Mingyu ကကားကိုခဏရပ်လိုက်ကာ...
"ကိုကို ခဏစောင့်နေနော် ချက်ချင်းပြန်လာခဲ့မယ်"
Wonwoo လည်း ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ကားပေါ်ကဆင်းသွားတဲ့ Mingyu ကိုသာကြည့်နေမိသည်။ ပန်းဆိုင်တစ်ဆိုင်သို့ဝင်သွားခဲ့ပြီး 15မိနစ်ခန့်ကြာတော့ ပန်းစည်းတစ်ခုကိုကိုင်ကာထွက်လာသော Mingyu ကိုတွေ့လိုက်ရသည်။ထို့နောက် Mingyuဟာ ပန်းစည်းကို Wonwoo ရဲ့လက်ထဲသို့ထည့်ပေးလိုက်ပြီး အပြုံးလေးနှင့်ပင်...
"အမေက ပန်းတွေဆိုသဘောကျတယ်"
ခဏကြာတော့ Kim မိသားစုရဲ့ စံအိမ်တော်သို့ရောက်လာခဲ့ကြတော့သည်။ Mingyu ကားပေါ်ကနေဆင်းတော့ Wonwoo လည်းကားပေါ်ကနေလိုက်ဆင်းကာ Mingyu တို့မိသားစုရဲ့ အိမ်ကြီးကိုကြည့်နေမိသည်။ Kim မိသားစုရဲ့ စံအိမ်တော်ဟာ နန်းတော်ကြီးတစ်ခုလိုမျိုး ခမ်းနားထည်ဝါလှလွန်းပြီး ကြည့်လိုက်တာနှင့်ပင် မျိုးရိုးစဉ်ဆက်သူဌေးမိသားစုပိုင်ဆိုင်သည်ဆိုတာကိုပင် သေချာပေါက်ပြောနိုင်သည်။