Unicode
"ရင်နင့်.... "
"ငါတို့အသက်က တစ်လပဲကွာတာကို ဘာလို့ ကိုကိုလို့ခေါ်ရမှာလဲ"
"ကိုကိုလို့ မင်းခေါ်လိုက်တာနဲ့ မင်းကငါ့ညီလေးဖြစ်သွားပြီ ငါမင်းကိုတစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးမယ်"
သုတဉာဏ်
........................ ............................. ........................."ကိုကိုလို့ ဆက်မခေါ်ချင်တော့ဘူး မင်းလည်းငါ့ကို ညီတစ်ယောက်အနေနဲ့ မကာကွယ်ပေးနဲ့တော့ ငါက မင်းရဲ့ ညီမဖြစ်ချင်ဘူး သူငယ်ချင်းလည်းမဖြစ်ချင်တော့ဘူး ငါဖြစ်ချင်ခဲ့တာ မင်းရဲ့ကောင်လေးပါ မင်းညီအနေနဲ့ ချစ်ပေးတာမျိုးမဟုတ်ဘဲ မင်းကောင်လေးတစ်ယောက်လိုချစ်ပေးမဲ့ မေတ္တာမျိုး လိုချင်တယ်"
အေးချမ်း
.................... ............................ ...........................တစ်ဦးတည်းသောသားအဖြစ်၊ မိသားစု၏အချစ်ခံအဖြစ် မွေးဖွားလာခဲ့ပြီး မွေးချင်းမရှိသည့်အတွက် အမြဲညီတစ်ယောက်လိုချင်ခဲ့ရာမှ သနားစရာကောင်လေးကို ညီအရင်းလိုသဘောထားပြီး စောင့်ရှောက်ကာကွယ်ပေးခဲ့တဲ့ သုတဉာဏ်...
အိမ်တွင်း အကြမ်းဖက်ခံရသည့်မိသားစုကြောင့် စိတ်ဒဏ်ရာအပြည့်နှင့်ကြီးပြင်းလာရာမှ မိမိအပေါ် အမြဲကာကွယ်ပေးခဲ့သည့်သုတဉာဏ်အပေါ် သူငယ်ချင်းထက်ပိုပြီး စူးစူးနင့်နင့်ချစ်ခဲ့သည့် အေးချမ်းဆိုသည့်ကောင်လေး..။
"မောင်နဲ့နဒီလက်ထပ်ဖို့က သိပ်မလိုတော့ဘူး ဒါပေမဲ့ မောင်ကနဒီ့ကိစ္စထပ် အေးချမ်းကိုပဲ အမြဲစိတ်ရောက်နေတယ် မောင့်နှုတ်ဖျားမှာအေးချမ်းနာမည်အမြဲတမ်းရှိခဲ့တယ် မောင်သူ့ကိုသနားတာ မောင်သူ့ကိုကူညီချင်တာ နဒီနားလည်တယ် ဒါပေမဲ့ မောင်တစ်ချိန်လုံး သူ့ကိုကူညီပေးနေလို့မရဘူးလေ မောင်လည်း မောင့်ဘဝနဲ့မောင်ရှိတယ် နဒီနဲ့မောင်တည်ဆောက်မဲ့ဘဝအထိ ကျေးဇူးပြု၍ အေးချမ်းကို ဆွဲခေါ်မလာပါနဲ့ နဒီတောင်းဆိုပါတယ် ရှေ့ဆက်မဲ့နဒီတို့ဘဝအတွက် သူ့ကိုချန်ပေးလို့ရမလား..."
"ကိုယ်မလုပ်နိုင်ဘူးနဒီ ကိုယ်သူ့ကိုကာကွယ်ပေးဖို့ ကတိပေးထားတယ်"
YOU ARE READING
ရင်နင့်...
General Fiction"ကိုကိုလို့ မင်းခေါ်လိုက်တာနဲ့ မင်းကငါ့ညီလေးဖြစ်သွားပြီ ငါမင်းကိုတစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးမယ်" သုတဉာဏ် "မင်းညီအနေနဲ့ ချစ်ပေးတာမျိုးမဟုတ်ဘဲ မင်းကောင်လေးတစ်ယောက်လိုချစ်ပေးမဲ့ မေတ္တာမျို...