Part-1

405 20 5
                                    

Unicode

ရင်နင့်.......
အပိုင်း(၁)

သစ္စာလမ်း...။

သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းရှိသည့်လမ်းလေးအတွင်းသို့ အိမ်ပြောင်းရွေ့သည့်ကားတစ်စီးကာ တရွေ့ရွေ့နှင့် တိုးဝင်လာသည်။ ထိုကားချိုးဝင်သွားသည်က လမ်း၏အဆုံးတွင်ရှိသော အိမ်ရာဝန်းတစ်ခု။

မေတ္တာမြင့်မိုရ်အိမ်ရာတဲ့..။

အိမ်ရာဝန်းထဲ ကားထိုးရပ်သွားသည်နှင့် ကားပေါ်မှ မိသားစုတစ်စုဆင်းလာသည်။ မိသားစုဟုဆိုသော်လည်း လူများများစားစားရယ်တော့မရှိပါ။ သက်လတ်ပိုင်းအရွယ်ရှိသော ဥပဓိရုပ်ရှင်းသန့်တည်ကြည်သည့်အမျိုးသားနှင့် အသားဖြူဖြူ၊ ရုပ်ချောချောအမျိုးသမီးတစ်ဦး။ ပြီးနောက် ၎င်းတို့၏ကလေးဖြစ်ဟန်တူသည့် အသက်ဆယ်နှစ်ဝန်းကျင်ခန့်သာရှိဦးမည့် မျက်မှန်ဝိုင်းဝိုင်းတပ်ဆင်ထားသည့်ကောင်လေးတစ်ယောက်။

အမျိုးသမီးကာ ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်ကြည့်လိုက်သည်။ အတန်ငယ်ဟောင်းနွမ်းနေသောအိမ်ရာဝန်းသည် ထည်ဝါခမ်းနားခြင်း မရှိသည့်တိုင် တိတ်ဆိတ်အေးချမ်းဟန်ရှိသည့်အတွက် သက်ပြင်းချရင်း ဆိုလိုက်၏။

"အိမ်ရာဝန်းကတော့ တိတ်ဆိတ်မဲ့ပုံပဲ"

"ဟုတ်တယ်ခင်.. နည်းနည်းဟောင်းတယ်ထင်ရပေမဲ့ နေပျော်မှာပါ ဝန်းကလည်းကျယ်တော့ သားအတွက်လည်းအဆင်ပြေတယ်"

"အင်း.. အဓိက သားအဆင်ပြေဖို့ပဲအရေးကြီးတယ် ခင်ကတော့ ရပါတယ်"

ခြံကျယ်ကြီးနှင့် အိမ်ကောင်းကောင်းတွင် လွပ်လပ်စွာနေထိုင်ကြီးပြင်းလာခဲ့သည့်သားဖြစ်သူက လူစုံသောအိမ်ရာဝန်းသို့ပြောင်းရွေ့လာပါက အဆင်မပြေဖြစ်မည်စိုးသဖြင့် ဒေါ်ခင်ပပဆိုလိုက်ခြင်းဖြစ်သည်။

"ကဲ.. ဒါဖြင့် အစ်ကိုတို့အရင်ဆုံးပစ္စည်းတွေချကြတာပေါ့ သား"

"ဟုတ်ကဲ့ ဖေဖေ"

"ဒီနားမှာထိုင်နေနော် ဘယ်မှလျှောက်မသွားနဲ့ကြားလား ဖေဖေနဲ့မေမေ အလုပ်သမားတွေနဲ့ ပစ္စည်းတွေချလိုက်ဦးမယ်"

ရင်နင့်... Where stories live. Discover now