ရှေ့မှောက်၌ရှိနေသော Laptop screen ပေါ်သို့ အလုံးစုံအာရုံစူးစိုက်နေတဲ့သူဟာ ဘေးဘောင်တွင်တင်ထားလျက်ရှိနေသော လက်တို့မှာလည်း သတိလက်လွတ်ဖြစ်စွာ အနည်းငယ်တုန်ရီလျက်ရှိနေခဲ့တယ်။
Bluetooth mouse အပေါ်သို့လက်ချောင်းများ နေရာယူ၍ လက်ညှိုးလေးဖြင့် တစ်ချက်တောက်လိုက်သည်နှင့် ပြောင်းလဲလာသော screen ထက်က စာကြောင်းသည်မှာ သူ့ကိုစိတ်ကျေနပ်မှုအပြည့်ပေးနိုင်ခဲ့သည်။
# 2019ခုနှစ် ရဲတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်ခြင်း #
မျှော်လင့်ထားသလိုဖြစ်လာသောအခါ သူ့ရဲ့ပျော်ရွှင်မှုတွေမှာ လှိုင်လှိုင်လှဲလှဲပင်။
ရဲမှူးချုပ်ရဲ့တစ်ဦးတည်းသော သားပီသစွာ ဒီတစ်ခေါက် ဝင်ခွင့်ကို အမှတ်အများဆုံးကျောင်းသားအနေဖြင့် ဝင်ခွင့်ရခဲ့ပါတယ်။
ညစာစားပွဲ၌ အဖေဖြစ်သူ ရဲမှူးဟာ သူ့ကိုချီးကျူးတယ်။ နှစ်လိုဖွယ်ပြုံးလိုက်သည့်သူသည် အဖေ့ခြေရာကိုနင်းလို့ ပြည်သူတွေကိုကာကွယ်ပေးနိုင်တော့မည့် ရဲသားတစ်ယောက်ဖြစ်လာအောင် ကြိုးစားသွားမည်ဟု အသိစိတ်ထဲ၌ ကျမ်းကျိန်ရွတ်ဆိုလိုက်ပါသည်။
နွေဦး ။
ပူပြင်းလွန်းတဲ့ရာသီဥတုဒဏ်က လူသားတွေရဲ့ တစ်နေ့တာလုပ်ဆောင်ချက်တွေကို အတော်လေးဒုက္ခရောက်စေတယ်။
တစ်ခါတစ်ရံ ရုတ်တရက်ဆန်စွာ မလိုက်မသိရွာချတတ်တဲ့ မိုးရေတွေကြောင့်လည်း တစ်ဖန်အနှောင့်ယှက်ဖြစ်ရပြန်တယ်။
မိုးရွာချပြီးလျှင် ပြန်ပေါ်လာတတ်တဲ့ နေရဲ့အပူချိိန်ဟာ သာမန်မဟုတ်ဘဲ ပူစပ်စပ်ဖြစ်စေတာကြောင့် ထိုခံစားချက်ကို သူအလွန်မှမနှစ်မြို့ပါချေ။
ထို့ကြောင့် နွေဦးကို သူမုန်းခဲ့တယ်။
သို့ပေမယ့်လည်း မတတ်နိုင်ပါ။
ရဲတက္ကသိုလ်ရဲ့ အတန်းချိန်တွေမှာ နွေဦးကစသည်ကြောင့် လေ့ကျင့်ရေးဆင်းတဲ့အချိန်တွေမှာ ပိုပင်ပန်းရသဖြင့် နွေဦးကို သူ အရင်ထက်ပိုမုန်းခဲ့မိပါသေးသည်။
သူ ဒီလောက်မုန်းရတဲ့ နွေဦးကို တစ်ကြိမ်လောက်တော့ သူ သဘောကျမိသွားခဲ့မိတယ်။ ဒါပေမယ့် သူက နွေဦးကို သဘောကျခဲ့တာမဟုတ်ခဲ့ပါဘူး ။
သူချစ်ရတဲ့လူတစ်ယောက်ဟာ သူ့ဘဝထဲကိုဝင်လာခဲ့တဲ့အချိန်က နွေဦးဖြစ်ခဲ့တယ်။
နွေဦးကို သူမုန်းခဲ့ပေမယ့်
နွေဦးမှာ သူ့ဘဝထဲကိုဝင်လာခဲ့တဲ့ လူကိုတော့ သူဟာ မမုန်းနိုင်ခဲ့ပါဘူးတဲ့။-
အနည်းငယ် ဆူညံနေလျက်ရှိတဲ့ ပတ်ဝန်းကျင်ဟာ ရုတ်ချည်းတိတ်ဆိတ်သွားတယ်။ အခုနကအထိ ရှုပ်ထွေးနေတဲ့ သူ့အတွေးတွေဟာလည်း အခုအချိန်မှာတော့ ဗလာကျင်းသွားသလို။ ကျုံ့လက်စ မျက်မှောင်တွေမှာလည်း တဖြည်းဖြည်းချင်း ပြေလျော့သွားခဲ့လေပြီး ..
YOU ARE READING
𝗘𝗩𝗔𝗡 [ 𝗁𝖾𝖾𝗃𝖺𝗒 ] ✔️
Fanfiction" A POLICEMAN who fell in love with A CRIMINAL " LEE HEESEUNG X JAY _ a completed story _