Uni....
(ရဲလင်းမာန်အောင်-32နှစ်)
"ဆူးငယ် ကိုယ်က မင်းကိုထိခိုက်စေခဲ့တဲ့အရာမှန်သမျှကိုဖျတ်စီးပစ်မှာမလို့ မင်းလေးကတော့ ကိုယ့်ဘေးမှာနေပြီးတော့ လက်ခုပ်တီးအားပေးနေရမယ်လေ ဆူးငယ်...ဆူးငယ် ကိုယ့်မှာတော့ မင်းလေးကိုသိပ်ချစ်လိုက်ရတာ.."
(ဆူးနစ်ယံ-17နှစ်)
"ဦးမာန်ကို ကျွန်တော်ပြောထားမယ် ကျွန်တော်နာကျင်နေရင်တောင် ကျွန်တော့်ကိုထိခိုက်အောင်လုပ်တဲ့အရာကို မဖျတ်စီးလိုက်ပါနဲ့ နာကျင်စေမှုကို ကျွန်တော်ကိုယ်တိုင်က နှစ်သက်နေမိတာမလို့ပါ ဦးမာန်..ကျွန်တော်လည်း ဦးမာန်ကို..."
_________________________________
နှလုံးသားထဲမှ ဆူးငယ်
အချစ်ဆိုတဲ့အရာကို ဘယ်လိုများသတ်မှတ်ထားကြပါသလဲ
ရယူခြင်းလားပိုင်ဆိုင်ခြင်းလားငေးကြည့်နေရတာပဲလား
မရယူချင်မပိုင်ဆိုင်ချင်မငေးကြည့်ချင်ပါဘဲနဲ့ အချစ်ဆိုတဲ့
အရာလေးကို ငါ့စိတ်ကတမ်းတမက်မောမိခဲ့တယ်
တစ်ချိန်မှာတော့ ကိုယ်အဓိပ္ပါယ်ဖွင့်ဆိုနိုင်မှာပါ
အချစ်ဆိုတာဘာလဲ...မင်းအကြည့်နဲ့တင် ရင်ခုန်တတ်ခဲ့ပါတယ်ဆူးငယ်..
တွေ့ဆုံချိန်ကအကြောင်းတေများပြန်ပြောမိခဲ့ရင်
ဟာသဆန်နေတယ်ဆိုပြီးမင်းရယ်မောဟားတိုက်နေမလား
ကိုယ့်ပုံစံက ဒီလိုမဟုတ်ဘူးကွ မင်းနဲ့တွေ့မှ မင်းနဲ့ကြမှ
ပြောင်းလဲသွားခဲ့တဲ့အမူအကျင့်တေအမူအရာတေကို
မင်းသတိမမှုမိလေသလား ကလေးငယ်ဆူးငယ် ကိုယ်က မင်းကိုသိပ်ချစ်တာ မင်းထင်ထားတာထက်
မင်းတွေးမိတာထက်ကို အဆပေါင်းများစွာ ဆူးငယ်ဆိုတဲ့နွံ
လေးထဲမှာ ကိုယ်ဟာနစ်မြုပ်နေမိခဲ့တာ..ပြန်ဆုံတွေ့ချိန်တေမှာ ပြောချင်ခဲ့ပါတယ် မင်းကျောခိုင်း
အိမ်ပြန်သွားတာကအစ မင်းရဲ့အမှတ်မထင်
အပြုအမူလေးအဆုံး ကိုယ့်အတွေးတေ ကိုယ့်စိတ်
တွေအားလုံး မင်းစီကိုပဲ လွှင့်မျောပါသွား
တတ်ကြောင်းကိုပေါ့ မင်းမသိခဲ့ဘူးမလားဆူးငယ်..
ကိုယ်က မင်းကိုသိပ်ချစ်ခဲ့တာ...
YOU ARE READING
နှလုံးသားထဲမှ ဆူးငယ်