♎️Chapter 49
အားလုံးထိတ်လန့်သွားကြပြီး ပြိုင်တူစုလာကြကာမေးလိုက်ကြလေ၏။
"ဘာတွေဖြစ်လာတာလဲ.."
ရှင်းယီက သူတို့ကိုကြောင်တောင်တောင်ဖြင့်ပြုံးပြသည်။ သူမကြောက်လန့်နေခဲ့သည့်တိုင် ယခုမူ စိတ်အခြေအနေမှာ အတန်ငယ်မျှငြိမ်သက်သွားခဲ့၏။
"ငါဒီကိုအလာမှာ လုယက်ခံရတယ်...ကံကောင်းလို့ပြေးလာတာမြန်သွားတယ်..."
"လုတယ်"
သူမသူငယ်ချင်းက အလန့်တကြားဖြင့်အော်လိုက်မိပြီး သူမကိုအပေါ်အောက်ကြည့်ကာ မဆုံးနိုင်အောင်မေးလာလေ၏။
"ဒဏ်ရာရသွားသေးလား...ပစ္စည်းရောပါသွားလား..ရဲခေါ်လိုက်ရမလား..ဖမ်းမိသွားပြီလား..""ငါဘာမှမဖြစ်ပါဘူး...ဒါပေမဲ့ ငါ့ကိုကူညီပေးတဲ့သူရှိတယ်..သူတို့ကိုရဲစခန်းပို့လိုက်ပါပြီ..ဒါကြောင့် ငါနည်းနည်းကြာသွားတာ.."
ရှင်းယီက ခေါင်းညိတ်ပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။"ဟုတ်တယ်..ရှန်းမျိုးရိုးနှင့်လူတစ်ယောက်ကလည်း ငါ့ကိုကူညီပေးခဲ့တယ်...သူပဲဒီနေရာအထိငါ့ကိုကားမောင်းပြီးပို့ပေးတာလေ..."
အတန်းဖော်များက သူမကြည့်သည့်အနောက်ကိုလိုက်ကြည့်ကြသည်။ မတိုင်ခင်က အာရုံပျက်ပြားနေမှုများကြောင့် ရှင်းယီဘေးတွင်ရပ်နေသည့် လူငယ်လေးကိုသတိမထားမိလိုက်ကြပေ။ သို့ရာတွင် ၎င်း၏ထင်းထွက်နေသည့်ပုံစံကြောင့် မကြာခင်မှာပင်လူတိုင်းကသူ့ကိုမြင်သွားကြတော့သည်။
တကယ်တမ်း၌ လူတိုင်းကထိုသူကိုအထင်ကြီးနေခဲ့ကြသည်။ အနှီသူကို အားကစားစုံညီပွဲတွင်လည်းတွေ့ခဲ့ကြဖူး၏။ ၎င်း၏ကပြားမျက်နှာနှင့် မျက်ဝန်းပြာတစုံကြောင့် အနှီသူကိုမြင်လိုက်သူတိုင်း မေ့ရန်ခက်ခဲပေလိမ့်မည်။
"ဟယ်လို.."
လူငယ်လေးကသူတို့ကို နူးညံ့သည့်အပြုံးဖြင့်ပြုံးပြလိုက်သော်လည်း ဖုယွမ်ကျိုးအသားအရေက သိသိသာသာပြောင်းလဲသွားခဲ့ပြီး ယွမ်ယဲ့သည်လည်း မကောင်းသည့်ခံစားချက်ကိုရလိုက်လေသည်။
![](https://img.wattpad.com/cover/368446293-288-k997353.jpg)
YOU ARE READING
အိုမီဂါအဖြစ် မွေးဖွားလာပြီးနောက် အားလုံးက ငါ့ကိုလိုချင်နေကြတယ်
FantasyBL, Omegaverse story