တစ်နေကုန်မောင်နဲ့အတူလျှောက်လည်ခဲ့သည့်နေရာများစုံသွားတော့ ညနေစောင်းနေပြီမို့အိမ်ကိုပြန်လာခဲ့လိုက်သည်။မောင့်ကိုပါခဏအနားယူဖို့အိမ်ထဲသို့ခေါ်လာခဲ့လိုက်သည်။ဧည့်ခန်းမှာထိုင်စေပြီးမောင်သောက်ရန်တခုခုသွားယူနေရင်းမေမေကအိမ်အပေါ်ထပ်မှပွဲတက်မည့်ပုံစံဖြင့်ပြင်ဆင်ကာဆင်းလာသည်။
"မင်းကဘယ်သူလဲကွဲ့...အဒေါ်တို့အိမ်ထဲဘယ်လိုရောက်လာတာလဲ"
တည်''ငြိမ်''နဲ့မေးလိုက်တဲ့ဒေါ်မြမဒီအားလင်္ကာတယောက်ခေါင်းစခြေဆုံးတစ်ချက်ကြည့်၍စိတ်ထဲတွင်
"ဒေါ်မြမဒီ...ဒေါ်မြမဒီ...ခင်များကအသက်ကြီးတာတောင်အရွယ်တင်လှပနေတုန်းပဲကိုးးး...ခင်များသမီးကခင်များနဲ့တူလို့ထင်ပါရဲ့...သိပ်လှရှာတာ...ဆိုးတာက ခင်များသမီးဘဝမကြာခင်ပျက်ရတော့မယ်ဆိုတာ...အဟက်"
သို့သော်အပြင်လက်တွေ့၌ပြောလိုက်သည်မှာ
"ဟိုလေ ကျွန်တော်က အလင်္ကာမောင်ပါဗျ...အန်တီ့ရဲ့...အန်တီ့ရဲ့..."
"ခင့်ချစ်သူပါမေမေ...ခင်ပြောတဲ့ ခင့်ချစ်သူဆိုတာ ဟောဒီ့ကမောင်ပါ...မေမေဘယ်လိုသဘောရလဲဟင်...လိင်တူမို့လို့ မေမေစိတ်ကွက်ပြီး သဘောမတူရင်တောင် ခင်ကတော့ မောင့်တစ်ယောက်တည်းကိုသာ ရအောင်လက်ထပ်မှာ..."
"နေပါအုံး သမီးရယ်...မေမေမကန့်ကွက်ပါဘူး...ဒါပေမဲ့ သမီးတို့ရဲ့အကြောင်းကို ဘာမှတောင်မသိရသေးပဲ မလောသင့်ဘူးလို့တော့ မေမေထင်မိတယ်သမီး"
"မပူပါနဲ့ ဒေါ်ဒေါ်...လင်္ကာ အန်တီ့ကို လက်ထပ်ခွင့်တောင်းထားပြီးသားပါ...အန်တီ့ကို စိတ်ချမ်းသာအောင်လဲထားနိုင်ပါတယ်...အိမ်တစ်ဆောင်မီးတစ်ပြောင်ထက်ပိုသာလွန်တဲ့နေရာမှာတောင် ထားနိုင်တဲ့ အရည်အချင်းရှိပါတယ်...ဒေါ်ဒေါ့်ဘက်ကသာခွင့်ပြုရင် မနက်ဖြန်ကို လင်္ကာလူကြီးဆုံစွာနဲ့အန်တီ့ကိုလာတောင်းရမ်းပါမယ်...ဒါပေမဲ့..."
" ဒါပေမဲ့ဘာဖြစ်လဲ မောင်...."
"ဟိုလေ မာမီနဲ့ ဒယ်ဒီတော့ပါမှာမဟုတ်ပါဘူး"
"ဘာလို့လဲကွဲ့"
"လင်္ကာ့မိဘတွေက လင်္ကာ12နှစ်ထဲက ဆုံးပါးသွားခဲ့ကြတာမို့လို့ပါ"
YOU ARE READING
အမုန်းမြို့တံတိုင်း၏အခြားတစ်ဖက်၌
Romanceမောင့်ကိုချစ်တယ် မောင့်လုပ်ရပ်တွေကိုမုန်းတယ် ဒါပေမဲ့ မောင့်ရဲ့ ညှို့ယူနိုင်စွမ်းပြင်းတဲ့ မျက်ဝန်းနက်တွေကြားထဲက ရုန်းမထွက်နိုင်တဲ့ ကိုယ့်ကိုက်ိုယ်ပိုမုန်းတယ်။ ဒေါ်ခင်နှင်းဆီ အန်တီ့ကိုမုန်...