Chapter 49

1.8K 239 5
                                    

🧝Chapter 49

မြောင်ဟယ်တစ်ယောက် စိတ်ဓာတ်ကျနေသည်။သူ့အနာဂတ်ကတော့ ဝမ်းနည်းစရာ ကောင်းနေပေတော့မည်။

အမှန်တွင် မြောင်ဟယ်ကူးပြောင်းလာချိန်က ကောတစ်ယောက်၏ သဘာဝလွန်စွမ်းအားကြောင့်နှင့် အဆင်မပြေမဖြစ်ခဲ့ပါချေ။ မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲမှာ ကောတစ်ယောက်၏ ကိုယ်ဝန်ရနိုင်ခြေက မမြင့်မား​ပေ။ကောအများစုသည် ကိုယ်ဝန်အတွက်ကြိုတင်ပြင်ဆင်ရန်၊ အထူးဖြည့်စွက်စာများသောက်သုံးကာ ခန္ဓာကိုယ်ကိုအားဖြည့်ရန် လိုအပ်ပြီး ခန္ဓာကိုယ်ကောင်းမွန်လာပြီးနောက်မှသာ ဖြစ်နိုင်သည်။

အရည်အချင်းရှိသည့်မိသားစုတွေပင် ကောတစ်ယောက်ကို အိမ်ထဲကိုလက်ထပ်ဝင်မလာ​စေချင်ကြပေ။မူလပိုင်ရှင်နှင့် မြောင်ယွမ်က အစပိုင်းတွင် ကောင်းမွန်သောဆက်ဆံရေးရှိခဲ့သော်လည်း သတို့သား၏မိသားစုက ချက်ချင်းမဆုံးဖြတ်ပါက ၎င်းတို့မှာ တုံ့ဆိုင်းနေသေးကြောင်းသိရပေမည်။ဤ​နောက်ခံဆက်တင်ကို နားလည်ပြီးနောက်၊သူ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းညံ့ဖျင်းသော ကောတစ်ယောက်၏ အသွင်အပြင်နှင့် တွဲလျက် မြောင်ဟယ် ၎င်းကို လျင်မြန်စွာ မေ့သွားခဲ့သည်။

ယနေ့မူ အနှီသတင်းက သူထံရုတ်တရတ်ရောက်ရှိလာသည်။

ထို့နောက်တွင် မယုံနိုင်မှုနှင့် စိတ်ကူးမယဉ်နိုင်သော သံသယလှိုင်းတစ်သုတ် ပေါ်လာသည်။ယင်းကထူးဆန်းသည်။

သူ...နောက်ဆုံးတော့ မိသားစုတစ်ခုပြန်ရနိုင်​ပြီလား...

အရင်ဘဝတုန်းက သူ့အဖွားဆုံးပါးသွားပြီးနောက် မြောင်ဟယ် တစ်ယောက်တည်းနေခဲ့ရသည်။ အထီးကျန်ခြင်းအကြောင်းပြောရလျှင် အင်တာနက်သုံး၊ မိုဘိုင်းဂိမ်းဆော့​နေသည့်အခါ အထူးတလည်အထီးကျန်သည်ဟု မထင်မိပါ​ချေ။ နှစ်သစ်ကူးကာလအတွင်းသာ သူအနည်းငယ် အောက်မေ့တမ်းတမိတတ်သည်။

သူများ​တွေ အိမ်ဘယ်လိုခက်ခက်ခဲခဲပြန်ခဲ့ပုံ၊ မိုင်ထောင်ချီဝေးသည့် မိသားစုဝင်တွေနှင့် ဘယ်လိုပြန်ဆုံစည်းခဲ့ပုံတွေကို သတင်းထဲမှာအင်တာဗျူးနေသည်ကို ကြည့်သည်။ တီဗီရှေ့မှာ ဆိုဖာပေါ်မှာပဲ ထိုင်ပြီး မုန့်တွေ၊ အသီးအနှံတွေ စားရုံသာ သူတတ်နိုင်သည်။

[COMPLETED]ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now