ep 26 (Unicode)

14.3K 875 67
                                    


.....................................

ဖမ်းခံထိခဲ့သည့်နေ့က ရဲစခန်းရှေ့တွင်
လူတစ်စုနှင့် ရဲသားများကြား
ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားခဲ့သည့်အကြောင်းအရင်းမှာ........

ကုမ္ပဏီဝန်ထမ်းများ သူတို့ CEOမှာ
အပြစ်မရှိကြောင်းနှင့် သူတို့ CEOကို
ပြန်လွှတ်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ကုမ္ပဏီဝန်ထမ်းမဟုတ်သူများကလည်း 
Omega ကိုယ်ဝန်ဆောင်သည်တစ်ယောက်ကို
ဒီတိုင်းမချုပ်နှောင်ထားသင့်ကြောင်းပြောပြီး 
ဆန္ဒထုတ်ဖော်ပြခဲ့ကြသည်။ ဘယ်လိုပင်
ဆန္ဒပြ တောင်းဆိုခဲ့ကြပါစေ ဥပဒေအရ
အပြစ်ရှိကြောင်း ထင်ပေါ်နေသည်မဟုတ်လား။
ကိုယ့်အတွက် စိုးရိမ်ပေးကြလို့၊ ကိုယ့်ကို
ဂရုစိုက်ပေးကြလို့ ဆန္ဒပြသူများကို
အထူးကျေးဇူးတင်ခဲ့ရပါသည်။
ဆန္ဒပြသူများကို ကျေးဇူးတင်ကြောင်းပြောပြီး
နောက်ထပ် ဆန္ဒမပြကြဖို့ တောင်းဆိုခဲ့ရသည်။
ရဲများက သူတို့တာဝန်အတိုင်း
ဆောင်ရွက်နေကြရတာမို့ ပြည်သူများ 
မုန်းတီးသွားမည့်အဖြစ်မျိုးကို မလိုလာပေ။
သက်သေသက္ကာယ ရှိသည့်နေ့ဟာ
တရားအစစ်ထောင်ကျမည့်ရက်ပင်ဖြစ်၍
ဒေါသစိတ်ကို မြိုသိပ်ပြီး
တစ်ခါမှမရောက်ဖူးသည့်နေရာမှာ
နေလိုက်ရသည်။

အချုပ်ခန်းအတွင်းရှိ အမှောင်ရိပ်ထဲတွင်
ကုတင်ကောင်းကောင်းတစ်လုံးရှိသည်။
ထိုကုတင်ပေါ်မှာ မွေ့ရာအဖြူ၊
ခေါင်းအုံးအဖြူနှင့် ဂွမ်းစောင်ပါးပါးအဖြူ
တစ်ထည်ကို သေသေသပ်သပ်
ခေါက်တင်ထားသည်။ မွေ့ရာ
အိစက်နေသော်လည်း ဘယ်လိုမှ
အိပ်မပျော်နိုင်ပါ။ တခြားမည်သူမျှမရှိသော
ဤအခန်းကျဥ်းကျဥ်းလေးကို
အေးစက်စက်နံရံနှင့်
အေးစက်စက်သံတိုင်များ ဝန်းရံထား၍
တစ်ချက်တစ်ချက်
ကျောချမ်းတက်လာလေသည်။
အမှောင်ထုကို မကြောက်သော်လည်း
ခြောက်ကပ်ကပ်ခံစားချက်က လူကို
အရမ်းစိတ်အားငယ်စေပြီး
အထီးကျန်ဆန်သလို ခံစားလာရစေသည်။

အဖော်ဆို၍ ဗိုက်ထဲက
ကလေးလေးသာရှိသည်။
အေးစက်စက်နံရံကို ကျောမှီထားရင်း
ဗိုက်လေးကို ပွတ်သပ်ပေးနေမိသည်။
ဗိုက်လေးတောင် အေးစက်လာသလိုပင်။

I Hate You Where stories live. Discover now