Description

91 5 0
                                    


“ဝိညာဉ်လောကသားများ” က အလွန်အမင်းရေပန်းစားတဲ့ ရုပ်လွန်ကွန်ရက်တစ်ခုဖြစ်ပေမဲ့လည်း အင်တာနက်ကွန်ရက်တစ်ခုလုံးမှာ လှောင်ပြောင်ရယ်မောမှုတွေနှင့် ပြည့်နှက်နေတာကတော့ အတော်လေး သနားစရာကောင်းတယ်။

ပြိုင်ပွဲဝင်တွေက သူတို့ရဲ့ အပြုအမူနှင့် အလေ့အထတွေကြောင့် မကြာခဏ ကြိမ်းမောင်းခံရလေ့ရှိတယ်။ သို့ပေမယ့်လည်း ဒီပရိုဂရမ်က မြေအောက်ကမ္ဘာဆီမှာတော့ ကြီးမားတဲ့ ရိုက်ခတ်မှုကြီးဖြစ်နေခဲ့တာကို ဘယ်သူမှ မသိခဲ့ကြဘူး။

ပရိုဂရမ်စတင်တဲ့အချိန်တိုင်းမှာ  သရဲတစ္ဆေသန်းပေါင်းများစွာက ဖန်သားပြင်ရှေ့မှာ မတ်တပ်ရပ်ပြီး ပရိုဂရမ်ကိုကြည့်ရှုရင်း မှတ်ချက်တွေပေးနေခဲ့ကြတယ်လေ____

"ဒီတစ်ယောက်ကတော့  သွေးတွေချည်းပဲ..  သူ့ဝိညာဉ်ကလည်း တစ္ဆေတစ်ကောင်ဆီမှာ တွယ်ကပ်ခံနေရပြီ.. နေပါဦး ငါ့ရဲ့မြင်းမျက်နှာက ဘာတွေမှားနေတာလဲ"

"အရိုးတွေကို  သွားထိတာ ကောင်းတယ်ပေါ့..  မင်းအနေနဲ့ အရိုးတွေကို မထိဘဲ သူ့ရဲ့ဝိညာဉ်ကို မထိနိုင်ဘူးလား”

" ... ဒီလိုနည်းလမ်းမျိုးက ဘာတွေလုပ်နိုင်မှာလဲ.. ခွေးတွေကတောင် အဲဒီလမ်းကို သွားမှာမဟုတ်ဘူးနော်"

ပရိုဂရမ်ရဲ့ ရာသီသစ်မှာတော့ ဧည့်သည်အသစ်ကို တရားဝင်ကြေညာလာခဲ့တယ်။

ကုကျစ်စုန့်ကတော့ အင်တာနက်အသုံးပြုသူတွေဆီမှာ  လှောင်ပြောင်ခံနေရပြီး  hot search ပေါ်မှာလည်း ဆဲဆိုလှောင်ပြောင့မှုတွေကြောင့် စတင်နာမည်ကြီးလာခဲ့တယ်။

တာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ ကုကျစ်စုန့်တစ်ယောက် သူမရဲ့မျက်လုံးတွေကို ဖွင့်လိုက်ချိန်မှာ သူမက ဖျော်ဖြေရေးအဝန်းအဝိုင်းအကြောင်းကို စိတ်လှုပ်ရှားစရာတွေနဲ့ ဖန်တီးရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ထဲမှ အမြှောက်စာခံပန်းအိုးတစ်ယောက်ဖြစ်လာတာကို တွေ့လိုက်ရတယ်။

သူမကူးပြောင်းလာတဲ့အချိန်မှာ  သူမက အင်တာနက်ကွန်ရက်တွေဆီမှာ hack ခံခဲ့ရပြီး အရင်းအမြစ်တွေကို လုယူခံရခြင်းနှင့် ဆိုးရွားတဲ့ traffic အခြေအနေကိုလက်ခံရခြင်း စတဲ့ အကျပ်အတည်းတွေနှင့် ရင်ဆိုင်နေရတယ်။

ဒီလိုတွကြောင့် တာအိုဘာသာကို ပြန်လည်အသက်သွင်းနိုင်ဖို့အတွက်  ကုကျစ်စုန့်က ထို ပရိုဂရမ်ရဲ့ဖိတ်ကြားချက်ကို ဝမ်းမြောက်စွာနဲ့ လက်ခံခဲ့တော့တယ်။

___












You've reached the end of published parts.

⏰ Last updated: Sep 21 ⏰

Add this story to your Library to get notified about new parts!

တာအိုပညာရပ်ကို Live လွှင့်ပြီးနောက် မြေအောက်လောကမှာ ထင်ပေါ်ကျော်ကြားလာခြင်းWhere stories live. Discover now