Gem က အရင်ကထက် ပိုစကားနည်းလာခဲ့တယ်….
ကျောင်းသွားတယ်.. ကျောင်းပြန်တယ်… ထမင်းစားတယ်… လုပ်စရာရှိတာလုပ်တယ်…
အရယ်အပြုံးတွေလည်း နည်းလာသလို… အပေါင်းအသင်းလည်း နည်းလာတယ်…
သူက သံပတ်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လိုပဲ ဖြစ်လာခဲ့တယ်…ဒီလိုနဲ့ပဲ သစ်ရွက်တွေက အစိမ်းရောင်ကနေ အညိုရောင် … အညိုရောင်ကနေ ကြွေကျပြီး….
ရက် ကနေ လ … လ က နှစ်တွေ ပြောင်းလဲသွားခဲ့ပြီ…ညအချိန်က ၁နာရီထိုးနေပြီ… အခန်းထဲမှာလဲ မည်းမှောင်နေလျက်… အိမ်ယာထက်မှာတော့ လူတစ်ယောက်က မျက်လုံးတွေ စုံမှိတ်ကာ အိပ်စက်လျက်…..
ရင်ဘတ်ထက်က စောင်ကိုတင်းတင်းဆုတ်ထားပြီး နဖူးထက်တွင်လည်း ချွေးတွေ စိမ့်ထွက်လို့နေခဲ့သည်။ အသက်ရူသံတွေကလည်း ပြင်းထန်လျက်..
သူ့ကြည့်ရတာ အိမ်မက်ဆိုးမက်နေသလို….
Gem သည် ပက်လက် အနေအထားအိပ်နေလျက်မှ တစ်ခုခုကို နာကျင်စွာ ခံစားနေရသလို စောင်ကို တင်းတင်းဆုတ်လျက် ခန္ဓာကိုယ်က ဘေးကိုစောင်းလာခဲ့သည်။ ဒူးခေါင်းနှစ်ဖက်က ဆန့်နေရာမှ ရင်ဘတ်ထိကွေးလာသည်။
အသက်ကိုလည်း ခပ်ပြင်းပြင်း ရူလျက် …
အသံထွက်ချင်သော်လည်း အသံက ထွက်မလာ…
Gem၏ခန္ဓာကိုယ်သည် တစ်ချက်တုန်သွားကာ လန့်နိုးလာခဲ့သည်။
Gemသည် မြန်ေနေသာ အသက်ရူသံကို ငြိမ်အောင်လုပ်ပြီးကာမှ စောင်ကို ကိုယ်ကခွာကာ ထထိုင်လိုက်သည်။ စားပွဲခုံပေါ်က ရေဘူးကို လှမ်းယူကာ သောက်လိုက်ပြီး နာရီကို လှမ်းကြည့်လိုက်သည်။၁နာရီ….
ဒီလိုအချိန်တိုင်း သူဒီလိုပဲ နိုးလာနေကြ… နိုးလာပြီးတိုင်းလည်း ပြန်အိပ်မရတော့….
အိပ်ဆေး မသောက်လျင် အိပ်မရတော့….
Gemသည် ပြန်မအိပ်ချင်သောကြောင့် ထုံစံအတိုင်း အံဆွဲထဲမှ ဆေးလိပ်နှင့် မီးခြစ်ကို ယူလိုက်ကာ ဝရန်တာသို့ ထွက်လာလိုက်သည်။
သူဒီလို နိုးလာပြီးတိုင်း ဆေးလိပ်သောက်ဖြစ်သည်။
သူ ဒီဆေးလိပ်တွေ သောက်လာတာတောင် ဘယ်လောက်ကြသွားပြီလဲ မသိတော့ဘူး….