ထူးထူးခြားခြား ရောင်ပြန်ဟပ်နေတဲ့ ပင်လယ်ရေရဲ့မျက်နှာပြင်
မျက်ဝန်းထက်က မြူရည်တွေလို ကြည်ကြည်လင်လင်နဲ့ နာနာကျင်ကျင်နဲ့သူ့မှာ ထိုပင်လယ်တစ်စင်းရှိတယ်။
ချစ်ရသူကို လွှမ်းမိုးချင်သလို သူ့ထဲနစ်ဝင်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့။သတ္ထိမရှိတဲ့သူတွေရဲ့အဆုံးသတ်လို ရောက်ရာနေရာမှာ မတ်တပ်ရပ်ပြီး ဖြစ်သမျှအကြောင်းအကောင်းပဲဆိုပြီး အရာအားလုံးကိုလက်ခံလိုက်ဖို့အတွက် သူဟာ မျက်နှာလွဲပြီးချစ်ရေးဆိုဖို့ပဲတက်နိုင်တာ။
နွေရာသီရဲ့ ပေါ့ပေါ့ပါးပါးလိပ်ပြာလေးတစ်ကောင်လို ဂန်ထယ်ဟျောန်းဟာ သူ့လက်ဖဝါးတွေထဲခိုဝင်လာဖို့သိပ်ကိုခက်ခဲပါကော။
-
နွေရာသီရဲ့ဒိုင်ယာရီ
__________________" ငါ့နာမည်က ထယ်ဟျောန်း "
" မင်းရဲ့ ဘေးခြံမှာပဲနေတာ "
" ငါတို့ သူငယ်ချင်း လုပ်ကြမလား "
ခပ်ညိုညိုဝက်ဝံရုပ်လေးကို တင်းကြပ်စွာဖက်ထားရင် ကျိုးတိုးကြဲတဲ ဆံပင်လေးတွေ နဖူးပေါ် ဝဲကျနေတဲ့ ၅နှစ်စွန်းစွန်းကလေးတစ်ယောက်ဟာ ခြံအပြင်ဘက်က သဲတွေနားမှာ ထိုင်ပြီး စိတ်ကြိုက်ဆော့နေတဲ့သူ့ကို အရင်မိတ်လာဖွဲ့ခဲ့တယ်။
သူတစ်ခါမှတောင် ထိုကောင်လေးကိုမမြင်ဖူးပါဘူး။ မနေ့ကတော့ အပေါ်ထပ်က ပြတင်းပေါက်က မြင်လိုက်တာတော့ အိမ်ပြောင်းလာတဲ့ ကားတစ်စီးပဲ။
သူ့အထင်တော့ ပြောင်းလာတဲ့ထဲ ဒီကောင်လေးပါ ပါလာတယ်ထင်တယ်။ ထို့အတူ ထိုကောင်လေးကလည်းထို့အတိုင်း သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်နေခဲ့တာများ အဲ့အချိန်ကထိုကောင်လေးမျက်ဝန်းတွေထဲမှာ ကြယ်စင်တစ်ရာစုနေသည့်အတိုင်း။ဒိုင်နိုဆောရုပ်စတေကာပါတဲ့ တီရှပ်အဖြူလေးကို ဂျင်းဘောင်ဘီအပြာလေးနဲ့တွဲဝတ်ထားတော့ ချစ်စရာကောင်းတာထက်ပိုနေပြီး လက်ထဲကဝက်ဝံရုပ်လေးကိုမြင်တဲ့အခါ သူမျက်လုံးတွေဟာဝိုင်းစက်သွားတော့တယ်။
သူကိုယ်တိုင်ကလည်း ၆နှစ်သာသာ ကလေးလေးပဲရှိသေးလို့လားတော့မပြောတတ်။ ဝက်ဝံရုပ်လေးတွေကို သူသိပ်သဘောကျတာ။ အိမ်မှာရှိတဲ့ အမွှေးပွရုပ်တွေရဲ့ ဆယ်ရုပ်မှာ ခုနှစ်ရုပ်လောက်က ဝက်ဝံရုပ်လေးတွေ။