Part-2

214 20 3
                                    

Unicode

ရင်နင့်.......
အပိုင်း(၂)

စျေးသွားမည်ဆိုပြီး မနက်စောစောထွက်သွားသည့်အမေက(၁၀)နာရီကျော်သည်အထိ ပြန်မလာသေးပါ။ အမေ့ကိုစောင့်ရင်း ဗိုက်ကဆာလာသဖြင့် မီးဖိုချောင်ထဲဝင်ပြီး ထမင်းအိုးကို ဖွင့်ကြည့်တော့ ညကကျန်သည့် ထမင်းနည်းနည်းရှိနေသေးသည်။ ထိုထမင်းကိုပဲ ပန်းကန်ထဲ ခူးခပ်ထည့်လိုက်ပြီးနောက် ထမင်းနှင့်စားဖို့ ဟင်းကိုလှန်လှောရှာမိသည်။

ဟိုဟိုသည်သည်လိုက်ရှာရင်းမှ မြေပဲကြော်တစ်ထုပ်တွေ့လိုက်တော့ ဝမ်းသာသွားမိသည်။ ထမင်းကြမ်းခဲနှင့် မြေပဲကြော်လေးက သိပ်စားကောင်းလှသည်မရှိသော်လည်း ဗိုက်ဆာနေသည့်အချိန်ဖြစ်၍နေမည်။ တော်တော်အရသာရှိပါသည်။ စားပြီးတော့ ပန်းကန်တွေဆေးပြီး အိမ်ပြင်ထွက်ကာ ထိုင်နေတုန်းရှိသေးသည်။

"ခွမ်း..."

"ဒီနားလေးက မြေပဲကြော်ဘယ်ရောက်သွားတုန်း"

အိုးခွက်တွေကို ရိုက်ချသံနှင့်အတူ ထွက်ပေါ်လာသောအသံကြောင့် ခန္ဓာကိုယ်လေးက ဆတ်ခနဲ့တုန်သွားသည်။ အဖေ.. နိုးလာပြီထင်သည်။

"တောက်.. ဒီနားသေချာထားထားတာကို ဘာလို့မရှိတော့သလဲ ငါ့မြေပဲကြော် ဘယ်သူယူသွားလဲကွ"

"အေးချမ်း"

အော်သံနက်ကြီးကြောင့် အေးချမ်းအထိတ်တလန့်ပြေးသွားရင်း

"ဗျာ... အဖေ"

"ဒီမှာထားတဲ့ မြေပဲကြော်ဘယ်မှာလဲ"

"ဟို... ..."

"ငါမေးနေတယ် နားမပါဘူးလား"

မျက်တောင့်နီကြီးနှင့်ကြည့်ရင်း အော်လိုက်တော့ အေးချမ်း ကြောက်ကြောက်လန့်လန့်နှင့်

"သ.. သား.. စားလိုက်တယ်"

"ဘာ... နင်ကဘာကိစ္စငါ့မြေပဲကြော်ယူစားရသလဲ"

ဒေါသတကြီးအော်လိုက်သံက အေးချမ်းကိုကြောက်အားပိုသွားစေ၏။ တုန်တုန်ယင်ယင်နှင့်ပင်

"ဟင်းမရှိတော့ ထမင်းနဲ့စားလိုက်တာပါအဖေ"

"နင့်ကိုဘယ်သူက ယူစားခိုင်းလို့လဲ ဟင်းမရှိရင် နင့်အမေကို ချက်ခိုင်းလေ ဘာလို့ငါမြေပဲကြော်ယူစားလိုက်တာလဲ ဒါငါအရက်နဲ့မြည်းဖို့ ချန်ထားတာကွ.."

ရင်နင့်... Where stories live. Discover now