Private Jet တစ်စင်းသည် လန်ဒန်မြို့၏ ကောင်းကင်ယံကနေဖြတ်သန်းသွား၍ လန်ဒန်အတွင်းက Private airport တစ်ခု၌ ဆင်းသက်ဖို့ရာပေ။ ထို airportသည် အီတလီက သူဌေးကြီး တစ်ဦးပိုင်ဆိုင်သည့် airportဖြစ်ရာ ထိုသူဌေးကြီးဖြင့် ပတ်သက်ဆက်နွယ်သူတွေကလွဲရင် မည်သည့် လေယာဉ်မှ ဆင်းသက်ခွင့်မရပါ။
Private Jet အတွင်းတွင် တန်ဖိုးကြီးသည့် Jetတစ်ခုဖြစ်မှန်း ထင်သာစေသည့် တန်ဖိုးကြီး ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နှက်နေ၏။ စားပွဲ၌ တင်ထားသည့် ဝီစကီကအစ ကမ္ဘာမှာ အနည်းအကျဉ်းသာထုတ်သည့် ဝီစကီအမျိုးအစားပေ။
ထိုဝီစကီကိုသောက်နေသူသည် အနက်ရောင် ဆိုဖာပေါ်တွင် ခြေကိုချိတ်၍ ထိုင်ကာ ဝီစကီခွက်ကို ခပ်ဖြေးဖြေးလှုပ်ခါနေ၏။ သူ၏ နက်ရှိုင်းသည့် မျက်ဝန်းတွေမှာ Jetအပြင်ဘက်ကနေ မြင်နေရသည့် လန်ဒန်၏ရှုခင်းကို ကြည့်နေ၏။ သိမ်းငှက်တစ်ကောင်၏ အကြည့်ပမာ သူ၏အကြည့်တွေသည်စူးရှခက်ထန်နေ၏။
"Boss"
ရွှေရောင်ဆံနွယ်နဲ့ အမျိုးသမီး၏ အခေါ်ကို သူကြားသည့်အခါ သူ၏မျက်ဝန်းတွေမှာ ထိူအမျိုးသမီးဆီသို့ ချောမွတ်စွာ ရွှေ့လျားလာ၏။သူ့ကိုကြည့်လာသည့် အေးစက်စက် အကြည့်တစ်စုံကြောင့် အမျိုးသမီးကိုကျောချမ်းသွားသည်ကြောင့် ခေါင်းကိုငုံ့၍ အကြည့်ကိုရှောင်လွှဲလိုက်၏။
"မကြာခင် လန်ဒန်အတွင်းက လေယာဉ်ကွင်းကို ရောက်ပါတော့မယ်"
ခေါင်းကိုသာတချက်ညိတ်၍ ပြန်တုံ့ပြန်၏။ အမျိုးသမီးလည်း တုံ့ပြန်ချက်ကိုရပြီးနောက် ထိုနေရာကနေ ခပ်သွက်သွက်လေးလှည့်ထွက်လာပြီး တံခါးကိုပိတ်လိုက်၏။ ထိုအခါအခန်း၏တစ်ဖက်ကိုရောက်တော့ သူမ၏ရင်ဘတ်ကိုသူမဖိ၍
"ဟူး ကြောက်စရာကြီး" တိုးညှင်းစွာသာသူမပြောလိုက်၏။
ခဏအကြာမှာ Jet သည် ဆင်းသက်ရမည့်လေယာဉ်ကွင်း၌ ဆင်းသက်လေ၏။ Jetမှာမြေပြင်ဖြင့်ထိသည်နဲ့ သူသည် သူ့လက်ထဲက ဝီစကီကိုမျက်စိရှေ့က ဖန်ဖြင့်လုပ်ထားသည့် စားပွဲပေါ်တင်လိုက်၏။ ဖန်နဲ့ဖန်ထိသည်ကြောင့် ထိုကြားမှာ အသံတစ်ခုထွက်ပေါ်သွား၏။ သူ၏ကုတ်အင်္ကျီအရှည်ကို ယူ၍ဝတ်လိုက်ပြီး ကိုယ်ပေါ်မှာ fitကျအောင်ဆွဲလိုက်၏။ နောက်တော့ ဖွင့်ထားသည့် တံခါးဝဆီသွား၍ ရပ်လိုက်သည့်အခါ နေရောင်သည် သူ၏သပ်တင်ထားသည့် ဆံပင်ကောက်ကောက်တွေပေါ် ဖြာချလာ၏။
YOU ARE READING
Jax /ခေတ္တရပ်နားထားသည်/
Romanceဤဝတ္ထုပါ အကြောင်းအရာများမှာ ကျွန်တော်၏စိတ်ကူးယဉ်ဖန်တီးမှုများသာဖြစ်ပါ၏။ တူညီမှုများရှိခဲ့ပါက တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပါ၏။ စိတ်ကူးယဉ်ဖြစ်တာကြောင့် လက်တွေ့ဘဝနဲ့လုံးလုံးမှမတူညီပါ။ စိတ်ပြေလက်ပျောက်ဖတ်ရှုနိုင်ရန်အတွက်သာ ရေးသားထားခြင်းဖြစ်ပါသည်။ မည်သည်...