(နွေးရင် ဘာလို့များ တဒိတ်ဒိတ်ခုန်နေရပါလိမ့်။ နွေး..နွေးဘဝတွင် ရည်းစားစကားအပြောခံသည်က အကြိမ်ကြိမ်ပင်။ ပထမနှစ်စတက်ကတည်းက အတန်းကြီးအစ်ကိုကြီးများရော အတန်းတူချင်းတွေပါ ခဏခဏလာပြောကြသည်။ ပြောလည်း ပြောသူသာမောသွားမည်။ နွေးရင်ကတော့ မခုန်ရေးချ မခုန်ပါ။ ယခုတော့ သူ့ထက် နှစ်နှစ်လောက် ငယ်သူ ထိုကောင်ကလေးက ရည်းစားစကားမပြောပါဘဲနှင့် သူ့ရင်တွေဘာလို့ ဒီလောက်တောင် ခုန်နေရသလဲ။ သူ နားမလည်နိုင်ပါ။ သူထိုကောင်လေးနားတွင် ကြာကြာရပ်နေမိလျှင် သူ့ရင်သံတွေ ကိုထိုကောင်လေးကြားသွားမှာ စိုးသည့်အတွက် အမြန်ပင် ထွက်လာခဲ့ရသည်။ ထိပ်တင်သူရိန်ရှင်းဆိုပါလား။ နာမည်ကတော့ ဆန်းသား။ ဆွေတော် မျိုးတော်တွေ များလား။ အို...ဒီခေတ်မှာက ဒီလိုနာမည်တွေကလည်း အပုံအပင်မဟုတ်လား။ ထားပါတော့လေ။ သူတွေးနေစဉ်မှာပဲ ခင်မြတ်နိုင်ရောက်လာကာ...)
ဟေ့ နွေး...ရှင်ဘာတွေများတွေးနေတာလဲ။ ကိုယ်ကြည့်နေတာကြာပြီ။ ဧကန္တတော့ ရှင့်နှလုံးသားကို တစ်စုံတစ်ယောက် လှုပ်ကိုင်နိုင်ပြီထင်တယ်။အို...ခင်မြတ်ကလည်း မဟုတ်ပါဘူး
မဟုတ်ပါဘူးသာ ဆိုတယ်။ ကြည့်စမ်း ရှင့်မျက်နှာတစ်ခုလုံး ရဲနေပါလား။ မှန်မှန်ပြောစမ်း။ ဘယ်သူက ရှင့်ကိုရည်စားစကားပြောလို့ ရှင်က ဘယ်သူ့ကိုရင်ခုန်သွားတာလဲ။
မဟုတ်ပါဘူး ခင်မြတ်ရယ်။ တကယ်ပါ။ နွေးကိုဘယ်သူကမှ မပြောပါဘူး။
ဒါဆို....(ခင်မြတ်က နွေးအချစ်ဆုံးသူငယ်ချင်းပါ။ ငယ်စဉ်ကတည်းက ပေါင်းလာသူလည်း ဖြစ်သည်မို့ စောစောက ထိပ်တင်သူရိန်ရှင်းနှင့် ဆုံခဲ့ပုံကိုပြောပြလိုက်တော့......)
အော်...နွေး..နွေး..ရှင့်နှလုံးသားက မခုန်တတ်ဘူးလို့ထင်နေတာ။ နောက်ဆုံးတော့ ရှင်က အငယ်လေးကို ခုန်ဖို့ဖြစ်လာတာကိုး။
ဟယ်...ခင်မြတ်..နင်နော်။ မဟုတ်ပါဘူးဆိုနေ။ ပြီးတော့ ငါ့လို တတိယနှစ်ကို သူက ကြိုက်ပါ့ မလားဟယ်။
လောင်းတောင် လောင်းလိုက်ချင်သေး နွေးရယ်။ ရှင်တို့နှစ်ယောက် တစ်နေ့မှာ ချစ်ကိုချစ်ရမယ်။
YOU ARE READING
ရွှေမင်းသားရဲ့ ဖူးစာဖက်
Romanceမင်းမျိုးမင်းနွယ်ဖြစ်ပြီး ဩဇာကြီးလွန်းသော အသိုင်းအဝိုင်းမှ နောင်မင်းမာန်နှင့် ညီမင်းမာန်ဟူသော အမွှာ ညီအစ်ကို နှစ်ယောက် အနွယ်တော်ဖြစ်ပြီး ချမ်းသာကာ ဂုဏ်မောက်သော ယွန်းထိပ်ထား အနွယ်တော်ဖြစ်သော်လည်း ဂုဏ်မမောက်ဘဲ သာမန်လူကဲ့သို့သာ နေလေ့ရှိသော စောထိပ်ထားဦး...