အခန်း(၆၇၄)

24 1 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၉)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၇၄) : ဧကရာဇ်ကျား

"တာအိုအခွင့်အလမ်းဂိုဏ်းအတွက် ဂုဏ်ပြုပါတယ်။ ကျုပ်တို့ကမ္ဘာမှာ ကာကွယ်သူ ရှိလာပြီပဲ"

"တာအိုရောင်းရင်း မူလကိုလည်း ဂုဏ်ပြုပါတယ်။ ကျုပ်တို့တွေ ခင်ဗျား မရှိဘဲ ဒီလိုအခြေအနေမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး"

"ဂုဏ်ပြုပါတယ်။ အခုကမ္ဘာကြီးက ဘေးကင်းသွားပြီဆိုတော့ စိတ်အေးသွားရပြီ။ အခု ကျုပ် သွားလိုက်ပါဦးမယ်"

"ကျုပ်လည်း အတူတူပါပဲ။ ဂိုဏ်းမှာ လုပ်စရာလေးလည်း ရှိသေးလို့"

"ကျုပ်လည်း တာအိုအခွင့်အလမ်းဂိုဏ်း ကြွယ်ဝချမ်းသာဖို့ကို ဆုတောင်းပေးပါတယ်။ အခု ကျုပ်သားရဲ့ ကျင့်ကြံဆင့်ကို သွားပြီးတော့ စောင့်ကြပ်ပေးရမှာမလို့ သွားလိုက်ပါဦးမယ်"

တစ်ယောက်ပြီးတစ်ယောက် အင်အားစုတိုင်းက ဂုဏ်ပြုစကားဆိုပြီးသည့်နောက်တွင် အကြောင်းပြချက်ပေးကာ ထွက်ခွာသွားကြ၏။ မူလအရှင်က ခေါင်းညိတ်ရုံမှအပ ဘာမှမပြောပေ။ သူက လူအများစုသည် လတ်တလော စွမ်းအားအတိမ်းအစောင်း အပြောင်းအလဲကို မည်သို့ဖြေရှင်းရမည်ကို ရင်ဆိုင်ဖို့ရာ စီစဉ်နေကြောင်း သိလေသည်။ အများစုက လျှို့ဝှက်မဟာမိတ်ပင် ဖွဲ့စည်းလောက်၏။

သို့သော်လည်း သူက ဓားအရှင်၏ စွမ်းအားကို ထုတ်ဖော်လိုက်သည့် သူ့အပြုအမူက တွက်ဆထားပြီးသားဖြစ်ကာ ထိုရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်၏။

ဓားအရှင်နဲ့ သွားပြောတာ ကောင်းမယ်...

.......................................

ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်

ကျောင်းအုပ်စုန့်လီက စကားဝိုင်းကို အဆုံးသတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ကျုပ်တို့တွေ အခု ဘာလုပ်ကြမလဲ" ဆန့်ကျင်ကျင့်ကြံသူ တစ်ဖြစ်လည်း ဆရာတစ်ယောက်က ပြောလိုက်သည်။ ဤမျိုးဆက်တွင် သူတို့က ကောင်းကင်ရွေးချယ်ခံပင် မရှိပေ။ အခြေအနေက သူတို့အတွက် သိပ်မကောင်းဘဲ အနာဂတ်က ဆိုးရွားနေလေ၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVDonde viven las historias. Descúbrelo ahora