မနက်ခင်း ပိတောက်အနံ့လေး ကျီစယ်လို့နေသည်။ ဤသည်ကား အိပ်ရာခင်းဘေးက စားပွဲလေးပေါ်က လာသည်ဟု ထင်သည်။ မျက်စိဖွင့်ဖွင့်ချင်း မြင်မိတဲ့ ပုံရိပ်လေးဟာ တစ်ယောက်သူဖြစ်ချေပြီ။ ထို့နောက် ကြည့်မိတဲ့ ပိတောက်ပန်းလေးက ခပ်နွမ်းနွမ်းရယ်။
သင်္ကြန်အကျနေ့ရက် မနက်ခင်းလေးဟာ ပိတောက်ရနံ့တို့ကြောင့် နိုးထလာခဲ့ပြီး အပြုံးတို့ဖြင့် ဆင်မြန်းခဲ့လေသည်။ ထိုသူသည်ကား တစ်ခြားသူမဟုတ်ပေ သင်္ကြန်ပထမဦးဆုံးနေ့မှာ တစ်ယောက်သောသူက ချစ်ကြောင်းကို အချစ်သက်သေဖြင့် ဝန်ခံတာမှုကို ခံလိုက်ရသူပင်။ မပြောလျှင်တောင် ခန့်မှန်းလို့ရမှာပါ။
ပြတင်းပေါက်ကနေတစ်စင့် ရေဆော့နေကြတဲ့ လူတစ်ချို့ကို မြင်တွေ့ရသည်။ သီချင်းသံခပ်တိုးတိုးကလည်း အတိုင်းသား ကြားနေရသည်။ ငှက်ကလေးအကောင် ပြတင်းပေါက်မှာ လာနားတော့ အဝေးတနေရာက လှမ်းကြည့်နေသူအတွက် ပို၍ပင် ပြီးပြည့်စုံသွားသည်။
ဟန် သင်္ကြန်အကျနေ့ မနက်တင် ပြန်ရောက်သည်။ အလုပ်ချိန်ကစောပြီးတာထက် သင်္ကြန်ရက်မလို့ စောစောပြန်ချင်းဖြစ်၏။ ပြန်ရောက်ကြောင်း ဘယ်သူမှမသိသေးတာကြောင့် နေ့လည်ခင်းပိုင်းလောက် သျှားကိုဖုန်းဆက်ရမည်။
"ဟယ်လို သျှားနေသော်မောင်"
"အေး ဟန် ပြော"
"မင်းအခုဘယ်မှာလဲ"
"ငါ ရှိုင်းအိမ်ရှေ့မှာ ရေဆော့နေတာ ဘာဖြစ်လို့လဲ"
"ငါပြန်ရောက်ပြီ"
"ဘာ"
သျှား ရေထိထားတဲ့လက်ကြောင့်ရယ် ဟန့်စကားကြောင့်ရယ် လက်ထဲကဖုန်းချော်ကျမလို ဖြစ်သွားသည်။
"အော်လိုက်တာဟ အိမ်ပြန်ရောက်ပါပြီဆို"
"ဘာလို့မ...."
"တိုးတိုး! ဘယ်သူမှမသိသေးဘူး မင်းပဲပြောပြတာ မင်းငါ့ကိုတစ်ခုကူညီ"
နှစ်ခါမပြောရတဲ့ သျှားကလည်း ဟန်တောင်းတဲ့အကူညီကို အကြံတစ်ခုပေးလိုက်သည်။
ဟန် အပြင်ထွက်ဖို့ တက်ကြွနေသည်။ သူတို့နဲ့ပြန်ဆုံရဖို့လား။ သင်္ကြန်ရက်ကြီးမလို့ပဲလား။ ရေပက်ခံရမှာမလို့ပဲလား။ ဒါမှမဟုတ်။ နှင်း ကြောင့်များလား။
YOU ARE READING
ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]
Short Story~ အချစ်ကိုဥပက္ခာပြု၍ ဦးနောက်နဲ့ ရွေးချယ်ရမည်ဆိုရင်တောင် မင်းကရွေးချယ်ဖို့ ထိုက်သင့်တဲ့သူ ~