Part 3

317 34 20
                                    

လက်ထဲက အဖြူရောင်သိုးမွေးအင်္ကျီလေးကို သူ့ရဲ့လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွထိကိုင်နေရင်း ဖူဝင်းရင်ထဲက အပျော်တွေဟာဖုံးမရဖိမရ။ ‌အင်္ကျီလေးရဲ့ ဘယ်ဘက်ထောင့်ကလေးမှာ သူတကယ်သေချာအားစိုက်ထိုးခဲ့ရတဲ့ သူနဲ့မောင့်နာမည်ရဲ့ အရှေ့စာလုံးလေးတွေဟာ အဖြူရောင်အင်္ကျီပေါ် ထင်းခနဲ။ English Letter PPဆိုတဲ့အနီရောင်ခပ်စောင်းစောင်း‌စာ‌လုံးလေးနှစ်လုံးဟာ မောင် ဒီအင်္ကျီကိုဝတ်လိုက်တဲ့အချိန်တိုင်း မောင်ရဲ့ဝဲဘတ်ရင်အစုံ‌ပေါ်ကျနေလိမ့်မယ်။ ဆေးစာတွေလုပ်ပြီးတိုင်း ည2ချက်ကျော်သည်ထိ မောင်အိပ်နေရင်တောင် အနှောင့်အယှက်ဖြစ်ပြီးနိုးသွားမှာစိုးလို့ မောင်မသိအောင်တိတ်တိတ်ကလေး ဧည့်ခန်းထဲမှာထိုးခဲ့ရတာ။ တအားအာရုံစိုက်ရလို့ ခုထိသူ့မျက်စိဟာ ခပ်ကျိမ်းကျိမ်း။ အရင်ရက်ကဆို သူဆက်ထိုးမရအောင်ထိ မျက်ရည်ပူတွေကျလာလို့ သူ့မှာ မရပ်ချင်ဘဲရပ်ခဲ့ရတာ။ practicalတွေ examတွေရှိနေတာတောင် ‌မောင့်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ကလေးနဲ့ သူပင်ပန်းခံခဲ့တာ။ ‌"မောင့်အတွက်"ဆိုပြီး ဒီအင်္ကျီလေးကို ငါကထုတ်ပြလိုက်ရင် မောင်က အံ့ဩနေမလား ဒါမှမဟုတ် မောင်ဘယ်လိုမျက်နှာဖြစ်နေမလဲ သူ့ကို ပြုံးပြီးကြည့်နေမလား။ အင်း.. ‌မောင်ကြိုက်လောက်မယ်မလား...

အင်္ကျီလေးကို သေချာသပ်သပ်ရပ်ရပ်ခေါက်လို့သူထရပ်လိုက်တဲ့အခါ သူခေါင်းဟာမိုက်ခနဲ။ ဒီနေ့တော့ သူ2ချက်‌ကျော်ထိ နေစရာမလို‌တော့ပါဘူး‌လေ။ သူ့တိုက်ခန်းလေးထဲမှာ မောင်ကြိုက်တဲ့မိုးရာသီ မိုးကျနေတဲ့အချိန်ပဲဖြစ်ဖြစ်၊ ဆောင်းရာသီမှာပဲဖြစ်ဖြစ် မောင်ဟာ သူထိုးထားတဲ့အင်္ကျီကလေးကို ဝတ်ထားလိမ့်မယ်။ အင်း...သူ မေတ္တာစေတနာတွေအပြည့်နဲ့ထိုးထားတာမို့ မောင့်ကိုနွေးထွေးစေမှာသေချာတယ်။ ပြီးသူက မောင့်ရဲ့ဘယ်ဘက်လက်မောင်းလေးအပေါ် ခေါင်းလေးအုံးပြီး မောင့်ရင့်ဘတ်ပေါ်က သူတို့နှစ်ယောက်ရဲ့သင်္ကေတဖြစ်တဲ့ PPအနီရောင်စာတန်း‌ကလေးကို လက်ညှိုးကလေးနဲ့ ခပ်ဖွဖွထိတွေ့မယ်။ သိပ်ပျော်စရာကောင်းမှာပဲနော်။ သူ့အတွေးနဲ့သူပျော်နေတာမို့ စောနက မူးနောက်နောက်ခေါင်းဟာ ဘယ်ကိုရောက်လို့ရောက်မှန်းမသိ။တွေ့လား ‌ငါ့အတွက်မောင်က ဆေးဝါးလေးပါဆို...

New Love Where stories live. Discover now