8 : 25 p.m.
Singto Prachaya … အမိမြေကိုပြန်ရောက်ခဲ့ပြီ။
6 နှစ်အတွင်း ထိုင်းနိုင်ငံက အနည်းငယ်တော့ ပြောင်းလဲသွားသည်။" leo ငါ့ကို လာခေါ်လှည့် "
( singto မင်းပြန်ရောက်ပြီပေါ့ ပြန်လာမဲ့ အကြောင်းလည်း ဘယ်သူ့ကိုမှ မပြောဘူး မဟုတ်သေးပါဘူး )
" …"
( ဟျောင့် မင်းအိမ်ကိုကော အသိပေးပြီးပြီလား )
" စကားတွေ များလိုက်တာ လာခေါ်ဆို လာခေါ်ပေါ့ "
( အေး... 5 မိနစ် စောင့် )
တစ်ဖက်က ဖုန်းချသွားသည်။
-----------------------------------------------အဝေးပြေးလမ်းမပေါ်တွင် Luxury အနက်ရောင်ကားတစ်စီး ပုံမှန်အဏှိန် ဖြင့်မောင်းနှင်နေသည်။ ထိုကား၏ ဦးတည်ရာကတော့ PRACHAYA အိမ်တော်ပင် ဖြစ်သည်။ ကားထဲတွင်လူသုံးယောက်ပါဝင်သည်။ ကားဒရိုင်ဘာ ၊ Wang Leo ၊ Singto Prachaya ။
" ကဲ.... singto ပြောပါဦး ထိုင်းကို ပြန်လာမှာကို အသိမပေးတဲ့ အကြောင်းလေး "
" အလုပ်ရှုပ်လို့ "
" ငါ့ကို နည်းနည်းပါးပါး တော့ ပြောသင့်တယ်လေ..."
"…"
" မင်းကတော့အရင်တိုင်းပဲ မပြောင်းလဲဘူး တစ် ခုခုဆို လုပ်ချပစ်တာ ဘယ်သူ့မှ တောင် အသိမပေးဘူး "
Leo ကသာ စကားတွေ ပြောနေပေမဲ့ Singto တစ်ယောက်ကတော့ တိတ်ဆိတ်လို့။ Singto မှာ သူငယ်ချင်း 4 ယောက်ရှိတယ်။ 5 ယောက်လုံးက ကျောင်းနေဖက် ငယ်သူငယ်ချင်းတွေ ။ ဒါပေမဲ့ Singto အသက် 15 နှစ် မှာ နိုင်ငံခြားကို ပညာသင်ဖို့ သွားလိုက်ရတယ် ။ သူတို့သူငယ်ချင်းတွေ ကွဲ သွားကြပေမဲ့ အဆက်သွယ်မပြတ်ဘဲ ညတိုင်းနီးပါးလောက်ကို စကားတွေပြောဖြစ် ၊ game တွေဆော့ဖြစ်ကြတယ် ။
Wang Leo သူက ဝမ်မျိုးနွယ်ရဲ့အမွေဆက်ခံသူ၊ ထိုင်း-တရုတ် ကပြား ။ သူငယ်ချင်းတွေထဲ မှာ သူစကားအပေါဆုံးနဲ့ ခင်ဖို့ အကောင်းဆုံး ။"singto... "
" အင်း "
" off က Bar တစ်ခု ဖွင့်မလို့တဲ့..."
" ကောင်းတာပေါ့ "
Off က AK company ရဲ့ ဒုတိယမြောက်သားဖြစ်ပြီး play boy လို့ နမည်ကြီးတယ်။