Part 4

30 2 1
                                    

Cinde Wood ၏ အိမ်သို့ သူရောက်လာ၏။ အင်္ဂလန်ရှိ စျေးကြီးသည့် အိမ်တွေကိုပိုင်ဆိုင်သည့် သူတွေထဲက တစ်ယောက်ဖြစ်တာကြောင့် သူမပိုင်ဆိုင်ရာအိမ်မှာကြီးမား၍ စျေးနှုန်းကလည်း သာမာန်မဟုတ်ပါ။ သူခြံရှေ့တွင် ရပ်၍ အထဲကိုလှမ်းကြည့်မိပေမဲ့ လူရိပ်လူ​​ယောင်တောင်မတွေ့ပါ။

"ဘယ်သူလဲ"

ရုတ်တရက် တံခါးတွင် တပ်ထားသည့် စကားပြောစက်ဆီကနေထွက်လာသည့် အသံပေ။

"Aiden Rosett ပါ။ Cinde.."

"စိတ်မဝင်စားဘူး လစ်"

စကားပင်မဆုံးသေးပါ ဖြတ်၍ ခပ်ရိုင်းရိုင်းပြောတာကြောင့် Aiden စိတ်ခုသွား၏။ သို့ပေမဲ့ နောက်မဆုတ်ပါ။အသံကတော့ ခုနကထက်ပို၍ မာထန်သွား၏။

"Cinde Wood နဲ့တွေ့ချင်လို့ပါ။ ကျွန်တော်ရှေ့နေတစ်ဦး.."

"စိတ်မဝင်စားဘူးလို့ပြောနေတယ်လေ.."

"ကျွန်တော်ရှေ့နေတစ်ယောက်ပါ Mrs. Martin ကလွှတ်လိုက်တာပါ"

သူ၏စကားအဆုံးမှာ တဖက် စကားပြောစက်ကနေ ဘာသံမှထွက်မလာပဲ တိတ်ဆိတ်သွား၏။ ဘာမှတုံ့ပြန်မှုမရှိတာကြောင့် Aidenလည်းငြိမ်နေမိ၏။ ရုတ်တရက်ပါပဲ ထိုခြံတံခါးသည် အော်တိုပွင့်သွားလေ၏။

"ဝင်ခဲ့"

စကားပြောစက်ကနေထပ်ထွက်လာသည့် အသံပေ။ Aidenလည်း စကားပြောစက်ကိုတစ်ချက်သာကြည့်ပြီး ခြံအဝင်ဝကိုကျော်၍ ဖြတ်လာကာ အိမ်ကြီးဆီကိုဦးတည်လျှောက်လာလိုက်၏။ အိမ်ကြီး၏တံခါးမရှေ့ကိုရောက်တော့ တံခါးမှာပွင့်သွား၍ အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရ၏။

ညအိပ်ဝတ်စုံကိုဝတ်ထားပြီး စိုပြေသည့်နက်မှောင်သည့်အသားအရေကိုပိုင်ဆိုင်ထားသည့် အပြင် နက်မှောင်သည့်ဆံသားကောက်​ကောက်တွေကိုပိုင်ဆိုင်ထားသည့်အမျိုးသမီးပေ။ Aidenကို ကြည့်နေသည့်မှာ မထီမဲ့မြင်ပေ။ ထိုသို့သောအကြည့်ကပေ သူမ၏အလှတရားတစ်ခုဖြစ်၏။

သူမသည် Aidenကိုတွေ့​တော့လက်ကိုပိုက်လိုက်ပြီး ခေါင်းကိုမော်၍ကြည့်ကာ

"မင်းလို ချာတိတ်ကို Adeline ကဘာလို့ငါ့ဆီလွှတ်လိုက်တာလဲ"

"ကျွန်တော့်အသက်က ၂၈မို့လို့ ချာတိတ်မဟုတ်ပါဘူး မဒမ်"

Jax /ခေတ္တရပ်နားထားသည်/Where stories live. Discover now