Part-10

66 4 5
                                    

Liu Yaowenပြန်လာမယ်ဆိုတာသိသည့်အတွက်ခြံထဲကိုဝင်လိုက်သည်နှင့်ဝတ်စုံပြည့်နှင့်လူတွေမနည်းမနောတန်းစီနေကြသည်။

ထို့နောက်ကားကိုဝင်ပေါက်တည့်တည့်ရပ်လိုက်သည်။

"ဆင်းလေ"

"ကြောက်လို့"

"ဘာကိုကြောက်တာလဲ"

"အပြင်ကလူတွေကို"

"ဘာမှကြောက်စရာမလိုဘူး အကုန်ငါ့လူတွေကြီးဘဲ"

ထို့နောက်Liu Yaowenကားပေါ်ကအရင်ဆင်းလာပြီ ZhuZhuကတော့နောက်ကလိုက်လာတယ်

"အိမ်မှာရှိတဲ့သူတွေအကုန်ဧည့်ခန်းကိုခေါ်ခဲ့လိုက်"

"ဟုတ်ကဲ့ Liu ge"Liu Yaowenရဲ့ညာလက်ရုံးChen Jiahangမှပြောလိုက်ခြင်း

အိမ်ထဲဝင်လာတော့လဲအိမ်အကူတွေအကုန်Yaowenကိုရပ်စောင့်နေကြပြန်တယ်

"ဒေါ်လေးအကုန်အဆင်ပြေတယ်မလား"အိမ်တော်ထိန်းကိုမေးလိုက်ခြင်း

"အကုန်အဆင်ပြေပါတယ်သခင်လေး"

"ဟုတ်"

ထို့နောက်အကုန်ဧည့်ခန်းထဲရောက်လာကြသည်

"အကုန်လုံးဘဲ သူ့နာမည်ကZhuZhixin ဒီနေ့ကစပြီးဒီအိမ်မှာဘဲနေတော့မှာ အဲ့တော့ငါမရှိရင်သူကဒီအိမ်ရဲ့သခင်ဘဲ တစ်ခုခုအဆင်မပြေတဲ့အသံပြန်ကြားရရင်တော့ မင်းတို့အသက်ကိုအာမမခံဘူး နားလည်ကြလား"

"ဟုတ်ကဲ့ပါ Boss"အကုန်လုံးတပြိုင်ထဲအော်လိုက်ကြသည်

"ပြန်လို့ရပြီ"

"ဟုတ် Boss"

"ဒေါ်လေးအခန်းအဆင်သင့်ဖြစ်ပြီမလား"

"အဆင်သင့်ပါဘဲ သခင်လေး"

"အိမ်မှာရှိတဲ့သူတွေလဲတခါထဲမှာထားမယ်သူ့ကို ကိုကိုလေးလို့ဘဲခေါ်ကြပါ"

"ဟုတ်"

"Wen geအဲ့လောက်ကြီးမလိုဘူးလေ"

"မင်းပါးစပ်ပိတ်ထားတာ"

ZhuZhuမှာဘာတစ်ခွန်းမှဆက်မပြောရဲတော့

"အဲ့တာဆိုကျွန်တော်တို့အပေါ်တက်နားတော့မယ်"

"ဟုတ်"

"Liu ge"

"ပြောစရာရှိလဲနောက်မှပြောတော့Jiahang နားချင်နေပြီ"

Desire of love  Where stories live. Discover now