" The call from the ancient temple "
အခန်း ( ၁ )
" ဒူ...... ဒူ...... ဒူ...... "
မိုးသစ်နေ တစ်ယောက် မိဘတွေရဲ့ တာဝန်ကျရာ နယ်မြို့လေးမြို့သို့ လိုက်လာခဲ့လေပြီး မိသားစုနဲ့အတူ လာရောက်နေထိုင်တာ ဒီနေ့နဲ့ဆို တစ်လတင်းတင်း ပြည့်လေပြီး။ ဖခင်ဖြစ်သူ ဦးသစ်နေသည် မှုခင်းဘက်ဆိုင်ရာ စုံထောက်တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်မိုးစက်မေကတော့ ရောဂါရှာဖွေရေးဌာနက ဆရာဝန်တစ်ယောက်ဖြစ်လေတော့သည်။ မိုးသစ်နေတစ်ယောက် လုံးဝစဥ်းစားမရတာက မိဘနှစ်ဦးလုံးက မြို့ပေါ်မှာ တာဝန်ချပေးမှုကို လက်မခံဘဲ နယ်မြို့လေးကို အပြောင်းတောင်းကာ နယ်မြို့မှာ လာရောက်နေထိုင်ခြင်းကို သိပ်သဘောမကျပေ။
လူငယ်ပီပီ မြို့ပြကြီးကို သဘောကျကာ ဘဝတက်လှမ်းရှိသည်ဟု သူခံယူထားသည့်အတွက် ကျောင်းပြီးသည်အထိ ရန်ကုန်မှာပင် သူနေခဲ့လေတော့သည်။ မိဘနှစ်ပါးကတော့ တားမရတဲ့အဆုံး ထားခဲ့ရစ်ပြီး သူ့အတွက်ကို အစစအရာရာ အဆင်ပြေအောင် နယ်ကနေ ပြန်လည်ထောက်ပံ့ပေးနေလေသည်။ အခုလည်း ကျောင်းပြီးတော့ မိဘတွေကိုလည်း လွမ်းလှရှိ၍ မိဘတွေရှိရာ နယ်မြို့လေးသို့ သူရောက်လာခဲ့ခြင်းပါ။ မိဘတွေကလည်း အတင်းခေါ်ယူမှုလည်း ပါတာပေါ့။ မိုးသစ်နေမှာ မွေးကတည်းက သွေးအားနည်းရောဂါရှိသည်ဟု ဆိုကာ ဆရာဝန်ဖြစ်သူ မိခင်က အမြဲတမ်းဆေးဝါးတစ်မျိုးကို တိုက်ကျွေးနေရပေသည်။
အခုလည်း ကျောင်းပြီးတုန်း မေမေတို့အနား ခဏလာနေပါဟုဆိုသောကြောင့် သူလည်း လာရောက်ခဲ့ခြင်းပါ။ ထူးဆန်းစွာနဲ့ ဒီနေ့မှာ သူခေါင်းလောင်းထိုးသံကို ကြားနေရလေသည်။ ရောက်တာ တစ်ခါမှ မကြားဖူးပေမဲ့ ဒီနေ့မှာတော့ ခေါင်းလောင်းထိုးသံ သူကြားနေလေသည်။ ဘယ်အရပ်ကထိုးနေသော ခေါင်းလောင်းသံမှန်း သူမသိပေမဲ့ ခေါင်းလောင်းရဲ့ အသံက အခြားသော ခေါင်းလောင်းသံတွေလို မတူဘဲ တစ်မူထူးခြားကာ ညို့ငင်အားကောင်းသည်လို့ဘဲ ဆိုရမလားဘဲ။ သူ့အသံက တစ်စုံတစ်ရာကို မိန်းမောသွားသလိုလို အတိတ်တွေကို လွမ်းဆွတ်သွားသလိုလိုနဲ့ ကြားရသူအဖို့ စိတ်ဝင်စားစေတာကတော့ အမှန်ပါ။
YOU ARE READING
The call from the ancient temple
Fantasiသွေးသောက်လူသားတွေရဲ့ အကြောင်းကို စိတ်ကူးယဉ်ဆန်ဆန်ရေးဖွဲ့ထားသော Boy Love story တစ်ပုဒ်ဖြစ်ပါသည်။