( Hello ဒါလေးကတော့ Oniria နဲ့ လမတူပေမဲ့ မွေးနေ့ရက်လေးတူတဲ့ ကျဲ khingthazinsoe အတွက်မွေးနေ့လက်ဆောင်လေးပါရှင့် I can't hold you anymore fic လေးစရေးကတည်းက အမြဲတမ်း အတူရှိပေးခဲ့တဲ့ကျဲကို တကယ်အများကြီးကျေးဇူးတင်ရပါတယ် Oniriaက အများကြီးလည်းချစ်ပါတယ်လို့ မွေးနေ့လက်ဆောင်လေးကို နောက်ကျမှပေးရတဲ့အတွက်တော့ သွေ့ပုချိပါရှင့် ဘာဘဲဖြစ်ဖြစ် ကျဲကျဲ ကျေနပ်မယ်လို့မျှော်လင့်ပါတယ်နော် အိုက်နီ 🤍
ကျဲအတွက် မွေးနေ့လက်ဆောင်အနေနဲ့ရော အကုန်လုံးကိုဖတ်စေချင်တာရောကြောင့် ရေးပေးဖြစ်တာပါ အားလုံးဘဲ ဝေဖန်အားပေးကြပါအုန်းနော် )Unicode
" ဝမ်ရိပေါ် ဒါဘယ်လဲ နင် စကိတ်ခိုးစီးဖို့ပြင်နေပြန်ပြီးမလား "
" မဟုတ်ပါဘူးမားမားကလည်း ဝမ်ဝမ်က မုန့်သွားဝယ်မလို့ဟာကို "
အိပေါ်လေးတစ်ယောက် လမ်းထိပ်ကိုခိုးထွက်မလို့ ပြင်တုန်း မားမားဆီမှာ အမိခံလိုက်ရသည်မို့လက်ထဲက စကိတ်ဘုတ်လေးကို မိမိရဲ့ဖင်တုန်တုန်လေးနောက်မှာဖွတ်ရင်း ပြောင်ငြင်းမိသည်
" နင်ငါ့ကို မလှိမ့်တစ်ပတ် လုပ်ဖို့မစဉ်းစားနဲ့ အခုစာကျက်ချိန်မလား စာသွားကျက်ချေ အားနေ အဲ့ဒီ စကိတ်ဘုတ်ဘဲ စီးဖို့မချောင်းနေနဲ့ "
" မားမားကလည်း "
" ငါနှစ်ခါမပြောဘူး အိမ်ထဲဝင် မဟုတ်လို့ကတော့ နင့်လက်ထဲက စကိတ်ဘုတ်ကို ငါသိမ်းလိုက်မှာနော် "
သူ့ရှေ့မှာ ယောင်းမကြီးတကိုင်ကိုင်နဲ့ဆူပူကြိမ်းမောင်းနေပါသည့် မားမားကြောင့် အိပေါ်လေးမှာ မျက်စောင်းအသာထိုးလိုက်ရင်းနှုတ်ခမ်းကိုထော်ကာ
" ဟင့် မွေးထားတဲ့ အမေဆိုပြီး ကိုယ့်သားလေးကိုတအား အနိုင်ကျင့်တာဘဲ "
" တယ် ဒီဝက်စုတ် ငါခေါက်ထည့်လိုက်ရ "
" မားမားနော် ဝမ်ဝမ့်ကို ဝက်လို့ခေါ်တာ မကြိုက်ဘူးလို့ပြောထားတာကို "
ဝမ်မားမားမှာ သူ့အား နှုတ်ခမ်းတစ်လန်ပန်းတစ်လန်နဲ့ စွာစိလန်နေသော သားဖြစ်သူအား အကြည့်စူးစူးတွေပေးလိုက်သည်
YOU ARE READING
ရှောင်းဦးဦးရဲ့ဘေဘီဝမ်လုံးလေး ( One Shot )
FanfictionBirthday present for ကျဲ@khingthazinsoe 🤍