T/n _ ဟန်ယွီကောကောဆီကနေ အပြုစားခံနေရတာထင်တယ်
မျက်လုံးအောက်မှာထားပြီး အပိုင်းတွေကျော်တင်မိနေတယ် TvT
(122.2)[ရုတ်တရက်ပြောင်းလဲမှု] ဟန်ချောင် ပိုက်ကွန်ကိုရုပ်သိမ်းဖို့ အဆင်သင့်ဖြစ်နေပြီ
မားမားဟန်က သူ့ဘက်ကိုလှည့်ကြည့်လာတယ်။
"မင်း အအေးမိနေတာလား""တစ်ယောက်ယောက်က ကျွန်တော့်ကို သတိရနေတာဖြစ်မယ်"
"တစ်ယောက်ယောက်က မင်းကို သတိရနိုင်တယ်ပေါ့.. ဘယ်လောက်တောင် ရှားပါးလိုက်သလဲ"
"ဒီကမ္ဘာပေါ်မှာ ကျွန်တော့ကိုလွမ်းဆွေးသတိရနေတဲ့သူတွေ အများကြီးပဲ.. မားပဲမသိတာ"
မားမားဟန်က သူမရဲ့ခေါင်းကို စောင်းငဲ့ကာကြည့်ရင်း သူမရဲ့မျက်ဝန်းထဲမှာလည်း အပြုံးရိပ်ထင်နေခဲ့တယ်။
"ဟေး.. မင်း လေးလေးနက်နက်ပြောကြည့်.. မင်း ရှောင်ရှန်ကိုဘယ်လိုမြင်လဲ"
"တော်တော်ကောင်းတယ်"
ဟန်ယွီ သူမကိုကြည့်လိုက်တယ်။"မားသူ့ကိုသဘောမကျဘူ့လား"
"အဲဒါက အဓိကမဟုတ်ဘူး.. ဒါက မင်းညီလေးရဲ့ဘေးမှာရှိနေတဲ့ လူလေ.. ဒါကြောင့် မား မင်းကိုမေးတာ.. မင်းက မားထက်အများကြီးပိုသိမှာပဲ.. ဟုတ်တယ်မလား"
ဟန်ယွီ မနှစ်တုန်းက သူနဲ့ ရှန်ချင်းရှုတို့ ယန်ကျားယွီကိုတွေ့ခဲ့တဲ့အချိန်ကိုပြန်တွေးမိတယ်။ ရှန်ချင်းရှုက ဟန်ချောင်အတွက် ဇာတ်ဝင်ခန်းကိုထိန်းသိမ်းဖို့အတွက် ခက်ခက်ခဲခဲကြိုးစားခဲ့တယ်။ သူ လေးလေးနက်နက်နဲ့ပြောလိုက်တယ်။
"သူက တကယ်ကိုကောင်းတဲ့လူပဲ"
တကယ်လို့ သူသာ ဟန်ချောင်ရဲ့ဂုဏ်သိက္ခာနဲ့မျက်နှာကို နှလုံးသားထဲမှ လှိုက်လှဲစွာ ထိန်းသိမ်းနိုင်မယ်ဆိုရင် ၊ နောက်ပြီး သူ(ဟန်ချောင်)နဲ့တစ်ဖက်တည်းမှာ ရပ်တည်ပေးနိုင်ခဲ့မယ်ဆိုရင် သူ့(ရှန်ချင်းရှု)ထံမှာ ဘယ်လိုမျိုးဆိုးရွားတဲ့မိသားစုနဲ့ ဆွေမျိုးတွေရှိနေတာပဲဖြစ်ဖြစ် သူ(ဟန်ယွီ)ကတော့ သူကို လက်ခံပေးဖို့ ဆန္ဒရှိတယ်။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
خيال (فانتازيا)_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer