Part 2

3.4K 99 8
                                    

မာမီသက်သာလာသည်နှင့် အိမ်သို့ ပြန်လာခဲ့လေသည်။
ခြူးဘယ်ကစကားစရမလဲမသိချေ။
ကလပ်သွားထားသည့်ကိစ္စကို မာမီအခဲမကျေသေးပေ။

"ခြူး စွပ်ပြုတ်ယူလာတယ်"

စာဖတ်နေရာမှာ ဘေးသို့ စာအုပ်ချလိုက်ကာ စွပ်ပြုတ်ပန်းကန်ကိုလှမ်းယူလိုက်သည်။
ထို့နောက်အတန်ကြာ စကားမပြောပဲ စာအုပ်ဆက်ဖတ်နေသည်။

"မာမီ ခြူးရဲ့အမေအရင်းက ဘယ်သူလဲဟင်"

မကြားသလိုနှင့် အသံမပြုပဲ စာအုပ်သာဆက်ဖတ်နေ‌သည်။

"မာမီ"

"ဘာလုပ်မလို့လဲ"
လေသံမာမာနှင့် ပြောသဖြင့် ခြူးလန့်သွားကာ

"ခြူးသိချင်လို့"

"သိပြီးတော့ ဘာလုပ်လို့ရမှာလဲ"

"ခြူးအမေအရင်းတော့ ခြူးသိချင်တယ်လေ
ဘာပဲလုပ်လုပ်ပေါ့"

"ငါ့သူငယ်ချင်း စုရတီဆိုတာမင်းအမေပဲ
မင်းကိုလင်ကောင်မပေါ်ပဲ မွေးပြီးကိုယ့်ကိုကိုယ်အဆုံးစီရင်လိုက်တာ ၊ အဲ့တော့ မင်းဘာသိချင်သေးလဲ"

မဒီ့စကားကြောင့် ခြူးမျက်နှာ ပျက်သွားသည်ကို သတိထားလိုက်မိသည်။

"လင်ကောင်မပေါ်ပဲ မွေးတဲ့ကလေးမလို့ မာမီကလဲ ခြူးကို အသိအမှတ်မပြုတာလားဟင်"

မျက်ရည်ဝဲနေသော ခြူးဘက်သို့လှည့်ကာ

"မင်းကိုသာအသိအမှတ်မပြုခဲ့ရင် မင်းအခုတက်နေတဲ့ဆေးကျောင်းထိငါထောက်ပံ့ခဲ့မှာမဟုတ်ဘူး"

"မာမီ ခြူးကိုစိတ်ဆိုးရင် ဆိုးပါ
အဲ့လို မင်းနဲ့ငါဆိုပြီး မသုံးပါနဲ့"

ငိုနေသည့်တိုင် မဒီ့ကိုစွာနေသော သူပေ။

"မာမီက အများအမြင်အပျိုကြီးဆိုတော့ ဘယ်သူမဆို ကပ်ကြမှာပဲလေ"

"အော် မာမီယူချင်မှာ့ဖြင့်ကြာပေါ့"
ခြူးပြောထားသဖြင့်စိတ်ဆိုးနေသော်လည်း မာမီဟူသာ သုံးနှုန်းလိုက်သည်။

"မသိဘူး အဲ့လိုကြားထဲကရင်ထဲတမျိုးပဲ"

"အပျိုကြီးဆိုပေမဲ့ မာမီကလူတိုင်းလွယ်လွယ်ရနိုင်တဲ့အရာမဟုတ်ဘူး"

Sugar Mommy Where stories live. Discover now