Chapter 12

75 17 10
                                    

ကျိုးရိုက ငိုမဲ့မဲ့နဲ့ အာကျယ်၊ အာကျယ်လုပ်နေတော့ ထုံထုံလည်း သူ့ကို ကြောင်တောင်တောင်နဲ့ ပြန်ကြည့်နေမိတယ်..

သိပ်မကြာလိုက်ပါဘူး၊ ကျိုးရိုက တရှုံ့ရှုံ့နဲ့ ပွစိပွစိလုပ်ရင်း ထပ်ပြီး ဒီတရှုံ့ရှုံ့ကိုပဲ အိုဗာတင်း နှစ်ကြိမ်လုပ်လိုက်တယ်၊ နောက်တော့ ဘာသံမှမထွက်ဘဲ ငြိမ်သွားတော့တယ်၊ ပြီးတာနဲ့ သူ့‌ခေါင်းနောက်စေ့ကို ထုံးစံအတိုင်း ပွတ်လိုက်ရင်း ရှေ့ကို ခြေ၂လှမ်း,လှမ်းလိုက်ပြီး ဆိုဖာပေါ် ၀င်ထိုင်လိုက်တယ်၊ နောက်ပြီး ထုံထုံ့ဘက် အတင်းတိုးလိုက်တယ်၊ ပြီးတော့သူက စိတ်ညစ်နေတဲ့ပုံနဲ့ ခေါင်းကိုလှန်လိုက်ပြီး သက်ပြင်းချတယ် "ဒီနေ့တော့ ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် မင်း သေချာရှင်းပြမှဖြစ်တော့မယ်"

ထုံထုံက ဆိုဖာထောင့်ကို ရောက်သွားရင်း မျက်မှောင်ကြုတ်လိုက်တယ် "ဘာကို ပြောတာလဲ?"

"မင်းပြောကြည့်လေ" ကျိုးရိုက ထုံထုံ့ကို ပေစောင်းစောင်းကြည့်လိုက်တယ်..

"ငါ ဘယ်နားရိုက်လိုက်မိတာလဲ" ထုံထုံကမေးတယ်..

"ငါ့လက်မောင်းကို" ကျိုးရိုက လက်ဆန့်ပြတယ် "ငါ မနာပါဘူး၊ ခုက ငါ့ကို မင်း ရိုက်တဲ့ကိစ္စပြောနေတာ မဟုတ်ဘူး၊ ငါ့ကို စွပ်စွဲတဲ့ကိစ္စကို ပြောနေတာ"

".............."

ထုံထုံက ကျိုးရိုရဲ့ လက်မောင်းကို သေချာကြည့်လိုက်တယ်၊ ဒီကောင့်လက်မောင်းက အတီးခံထားရတဲ့ပုံတောင် မပေါ်ပါဘူး..

"ငါ့ရဲ့ တောင့်တင်းတဲ့ဘော်ဒီပေါ် မင်းရဲ့ အားပိစိကွေးလောက်လေးနဲ့ ဒဏ်ရာချန်ခဲ့နိုင်မယ် မထင်နဲ့" ကျိုးရိုက ထုံထုံ့အပေါ်က လှဲချလိုက်ပြီး ထုံထုံက ဆိုဖာနဲ့ ကျိုးရိုကြား ညပ်သွားတယ်...

ထုံထုံက တအားအဖိခံနေရတာနဲ့ ဆိုဖာထောင့်လေးမှာ ကပ်သပ်ထိုင်နေရရင်း ကျိုးရိုကို နှစ်ခါတောင် ပြန်တွန်းဖို့ ကြိုးစားပေမဲ့ အရာမယွင်း...

သူ့ဘ၀မှာ ကျိုးရိုလိုကောင်မျိုးနဲ့ မပတ်သက်ဖူးပါဘူး - အရမ်းဖော်ရွေပြီး အရမ်းနွေးထွေးလွန်းတဲ့ ဒီကောင်က အမြင်ကပ်စရာပဲ..

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now