Unicode
ရင်နင့်.......
အပိုင်း(၃)"ဟဲ့.. အရက်သမားသမီး"
"ထော့ကျိုးသမီး အေးရိပ်ငြိမ်း.. ထော့ကျိုးသမီး အေးရိပ်ငြိမ်း"
အိပ်ရာဝန်းထဲမှ ကလေးအချို့၏လှောင်ပြောင်စကားတွေက ကြားနေကြဖြစ်သော်လည်း တစ်ခါကြားတိုင်းသံမှိုနှင့်စိုက်ခံလိုက်ရသလို ရင်ထဲခံစားလိုက်ရသည်က စူးစူးနင့်နင့်။
ကလေးဟုဆိုသော်လည်း တကယ်တမ်းကျ သူမနှင့်ရွယ်တူတွေလည်းပါသည်။ အောင်အောင်နှင့် ရီရီမွန်တို့က အတန်းဖော်တွေဖြစ်သည့်တိုင် အမြဲသူမကိုသည်လို လှောင်ပြောင်ရယ်မောနေကြပင်။ သူတို့လှောင်နေတော့ အခြားကလေးတွေကလည်း သူမကိုမြင်လျှင် လှောင်စရာလို့ပဲ သဘောထားတော့သည်။
"အရက်သမားကြီးသမီး နင်ဘယ်သွားမလို့လဲ"
ခန္ဓာကိုယ်ဝဝတုတ်တုတ်ရှိသည့်တိုင် အခြားသူတွေဆိုအမြဲbullyနေကြ အောင်အောင်က သူမကိုလှောင်သလိုကြည့်ရင်း မေးလာသည်။ အေးရိပ်မျက်နှာကိုစူပုပ်ထားပြီး
"ငါ့ကိုအရက်သမားသမီးလို့မခေါ်နဲ့လို့ နင့်ကိုဘယ်နှခါပြောရမှာလဲ"
"မဟုတ်လို့လား နင်ကအရက်သမားသမီးမဟုတ်လို့လား နင့်အဖေက တစ်ချိန်လုံးအရက်သောက်နေတာကို"
"သူ့အဖေက ခြေထောက်ကလည်း ထော့နဲ့ထော့နဲ့နဲ့ ဟီးဟီး"
ရီရီမွန်ကရယ်ပြီးပြောသည်။ အောင်အောင်ကလည်း
"နင့်အဖေနင့်ကို ရိုက်သေးလား"
"ကြောက်ပါပြီ အဖေရေ သမီးကိုမရိုက်ပါနဲ့တော့လို့ အော်ပြပါလား"
"ဟီး...ဟီး"
"ဖေဖေ သမီးကို မရိုက်ပါနဲ့ ကြောက်ပါပြီ အေးရိပ်တောင်းပန်ပါတယ်"
"ဟား... ဟား...ဟား"
အောင်အောင်တို့အဖွဲ့၏လှောင်ပြောင်ရယ်မောမှုတွေကြား မျက်ရည်မကျအောင် ထိန်းထားရင်း အေးရိပ်လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ ပြန်ပြောလို့ ရန်ဖြစ်မိလျှင်လည်း ၎င်းတို့မိဘတွေက မိမိအားဆူဆဲကြိမ်းမောင်းပြီး ရန်ရှာတော့ မဖြစ်ရဲတော့ပါ။ သူမမိဘတွေကတော့ ထိုသို့ရန်ရှာပေးဖို့နေနေသာသာ ပြဿနာရှာရကောင်းလားဆိုပြီး ရိုက်နှက်သေးသည်။ ထို့ကြောင့် အေးရိပ်ဘယ်သူနှင့်မှ ရန်မဖြစ်ရဲပေ။
YOU ARE READING
ရင်နင့်... (Normal Version)
Ficción General"အစ်ကိုလို့ ခေါ်လိုက်တာနဲ့ နင့်ကိုငါ့ညီမလေးအနေနဲ့ ငါတစ်သက်လုံးကာကွယ်စောင့်ရှောက်ပေးမယ်" သုတဉာဏ် "ငါနင့်ညီမလေး မဖြစ်ချင်ဘူး နင့်မိန်းကလေးဖြစ်ချင်တာပါ နင့်ချစ်သူဖြစ်ချင်တယ် အမြဲဖြစ်ချင်ခဲ့တယ်...