Part-3

175 13 1
                                    

Unicode
ရင်နင့်.......
အပိုင်း(၃)

"ဟဲ့.. အရက်သမားသား"

"ထော့ကျိုးသား အေးချမ်း ထော့ကျိုးသား အေးချမ်း"

"အေးချမ်း.. အရက်သမားသား ထေ့ာကျိုးသား"

အိပ်ရာဝန်းထဲမှ ကလေးအချို့၏လှောင်ပြောင်စကားတွေက ကြားနေကြဖြစ်သော်လည်း တစ်ခါကြားတိုင်းသံမှိုနှင့်စိုက်ခံလိုက်ရသလို ရင်ထဲခံစားလိုက်ရသည်က စူးစူးနင့်နင့်။

ကလေးဟုဆိုသော်လည်း တကယ်တမ်းကျ သူနှင့်ရွယ်တူတွေလည်းပါသည်။ အောင်အောင်နှင့် ရီရီမွန်တို့က အတန်းဖော်တွေဖြစ်သည့်တိုင် အမြဲသူ့ကိုသည်လို လှောင်ပြောင်ရယ်မောနေကြပင်။ သူတို့လှောင်နေတော့ အခြားကလေးတွေကလည်း သူ့ကိုမြင်လျှင် လှောင်စရာလို့ပဲ သဘောထားတော့သည်။

"အရက်သမားသား မင်းဘယ်သွားမလို့လဲ"

ခန္ဓာကိုယ်ဝဝတုတ်တုတ်ရှိသည့်တိုင် အခြားသူတွေဆိုအမြဲbullyနေကြ အောင်အောင်က သူ့ကိုလှောင်သလိုကြည့်ရင်း မေးလာသည်။ အေးချမ်းမျက်နှာကိုစူပုပ်ထားပြီး

"ငါ့ကိုအရက်သမားသားလို့ မခေါ်နဲ့လို့ မင်းကိုဘယ်နှခါပြောရမှာလဲ"

"မဟုတ်လို့လား မင်းကအရက်သမားသားမဟုတ်လို့လား မင်းအဖေက တစ်ချိန်လုံးအရက်သောက်နေတာကို"

"သူ့အဖေက ခြေထောက်ကလည်း ထော့နဲ့ထော့နဲ့နဲ့ ဟီးဟီး"

ရီရီမွန်ကရယ်ပြီးပြောသည်။ အောင်အောင်ကလည်း

"မင်းအဖေ မင်းကို ရိုက်သေးလား"

"ကြောက်ပါပြီ အဖေရေ သားကိုမရိုက်ပါနဲ့တော့လို့ အော်ပြပါလား"

"ဟီး...ဟီး"

"ဖေဖေ ချမ်းကို မရိုက်ပါနဲ့ ကြောက်ပါပြီ ချမ်းတောင်းပန်ပါတယ်"

"ဟား... ဟား...ဟား"

အောင်အောင်တို့အဖွဲ့၏လှောင်ပြောင်ရယ်မောမှုတွေကြား မျက်ရည်မကျအောင် ထိန်းထားရင်း အေးချမ်းလက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ ပြန်ပြောလို့ ရန်ဖြစ်မိလျှင်လည်း ၎င်းတို့မိဘတွေက မိမိအားဆူဆဲကြိမ်းမောင်းပြီး ရန်ရှာတော့ မဖြစ်ရဲတော့ပါ။ သူ့မိဘတွေကတော့ ထိုသို့ရန်ရှာပေးဖို့နေနေသာသာ ပြဿနာရှာရကောင်းလားဆိုပြီး ရိုက်နှက်သေးသည်။ ထို့ကြောင့် အေးချမ်းဘယ်သူနှင့်မှ ရန်မဖြစ်ရဲပေ။

ရင်နင့်... Where stories live. Discover now