၃၇၅-၃၇၈

548 87 0
                                    

အပိုင်း ၃၇၅

သူက မျက်ဝန်းနက်တွေကို မှေးကျဥ်းလိုက်ရင်း ဆက်ပြောလိုက်၏။

“ကျုပ်က ဒီအမျိုးသမီးကိုပဲ လက်ထပ်မှာပါ”

ကြန်းသိုက်က သိသိသာသာ အံ့ဩသွားသည်။ ပထမတော့ သူဟာ အသာလေး ခေါင်းစောင်းငဲ့လိုက်ပြီး တော်တော်လေးကို မျက်နှာပျက်နေသည့် ဟန်ရှောင်လင်ကို လှမ်းကြည့်လိုက်သည်။ ပြီးနောက်မှ မှင်တက်နေပုံရသည့် စန်းယွမ်ယွမ် ဆီ သူ၏ ဖြူဖွေးနေသည့်သွားတွေပေါ်အောင်  ပြုံးပြလိုက်သည်။

 “စန်းမင်းသမီး ကျုပ် မင်းသမီးကို တွေ့ဖို့ စောင့်မျှော်နေတာ အတော်ကြာပါပြီ”

စန်းယွမ်ယွမ် :  “မင်္ဂလာပါ ကြန်းဘုရင်”

အတော် ကိုးယိုးကားယားနိုင်သည့် အခြေအနေတစ်ခုပါပေ။

ကြန်းသိုက် နဖူးပြင်ပေါ်မှ ချွေးသီးချွေးပေါက်တွေ သိသိသာသာ ယိုစီးကျလာသည်။

“ဟားဟားဟားဟား မင်္ဂလာပါ မင်္ဂလာပါ”

ဟန်ရှောင်လင်၏ကြင်ရာတော်ကို ယုံးဝူမင့်က လုယူထားသည်ဆိုတာ လူတိုင်းသိကြပါသည်။ ထိုအချိန်အခါက သူတို့နှစ်ဦးဟာ ယီမင်ဂိတ်နားမှာ တိုက်ခိုက်ခဲ့ကြသေးသည်။ 

မြေအောက်မိစ္ဆာတွေနှင့် တိုက်ပွဲမှာ မင်းသမီးတစ်ပါးကို တကယ်ကြီးခေါ်ချလာမည်ဟုတော့ ဘယ်သူမှ မတွေးမိကြလောက်။ လှပနူးညံ့ပြီး ဆွဲဆောင်မှုရှိသည့် ထိုမင်းသမီးလေးမှာ နန်းတော်တွင်း၌ပင် စံမြန်းနေသင့်ပေသည်မဟုတ်ပါလော။ ကြန်းသိုက်မှာ ပြောမိလိုက်သည့် သူ့ပါးစပ်သူ ပိတ်ရိုက်ချင်စိတ်တွေပေါက်နေပေသည်။ 

တကယ်ကြီးကိုရှက်စရာကောင်းလှ၏။

ကြန်းသိုက်မှာ ဟန်ရှောင်လင်က်ုပင် လှမ်းမကြည့်နိုင်တော့ချေ။

သည်လို ထူးခြားတိတ်ဆိတ်နေသည့် အခြေအနေကြားထဲမှ နောက်ဆုံးတော့ သူတို့ ယာယီနန်းတော်ကို ရောက်ရှိခဲ့ကြသည်။ ယင်းနန်းတော်မှာ ကြန်းပြည်နယ်၏ ယာယီနန်းတော်ဖြစ်ပြီး မဟာတံတိုင်းကြီး၏ အောက်တွင်တည်ဆောက်ထားသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now