ကောင်းကင်းသည် ရှင်းလင်းနေပြီး လူလည်းရှင်းတဲ့နေရာကို သူရွေးလိုက်သည့် အကြောင်းအရင်းမှာမှာ ... သူနှင့်Fot နဲ့ပဲ ရှိနေစေချင်သည့် အတွက်ဖြစ်သည်။
သူတို့သည် ပုံရိုက်လိုက် စလိုက်နောက်လိုက်နှင့် ညသည် တဖြည်းဖြည်းမှောင်လာခဲ့သည်။
နာရီကို ကြည့်လိုက်တော့ ည၈နာရီ ၅၅ဖြစ်နေပြီ။
သတင်းမှာ ကြေညာထားသည်က ည၉နာရီမှာ ကြယ်တွေ စထွက်မယ်တဲ့.....
"Fot ၉နာရီထိုးတော့မယ်..."
သူသည် Fot အား သတိပေးပြီး မြက်ခင်းပေါ်တွင် ခင်းထားသည့် ဖျာပေါ်လဲချလိုက်သည်။ ထို့နောက် Fot အား သူ၏ ဘေးဘက်ကို လက်ဖြင့်ပုတ်ပြလိုက်သည်။
"လာလဲတော့ ခဏနေ ကြယ်တွေ ထွက်လာတော့မယ်..."
"အင်း..."
Fotသည်လည်း သူဘေးတွင် ဝင်လှဲလိုက်သည်။ သူတို့သည် လက်တွေကို ခေါင်းအောက်တွင် ခံကာ ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
ဟော ကြယ်တွေ ထွက်လာပြီ...
တစ်လုံး ၂လုံးနှင့် ကြယ်လေးတွေက တဖျက်ဖျက်နှင့် ပေါ်လာခဲ့သည်။
"ဝိုး Gem လှလိုက်တာ..."
သူ၏ဘေးနားက အကောင်ပေါက်လေးကတော့ ကြယ်တွေကို ကြည့်ရင်း တဝိုးဝိုးနဲ့ သဘောကျနေလေသည်။
ပြုံးနေလိုက်တာများ ကြယ်တွေထက်တောင် တောက်ပနေတယ်...
"Gem သဘာဝတရားကြီးက တကယ်ဆန်းကြယ်လိုက်တာနော်.. လှလိုက်တာ..."
သူသည် တဝိုးဝိုးနှင့် အသံပေါင်းစုံထွက်နေသည့် အကောင်ပေါက်ဘက်ကို ခေါင်း ငဲ့စောင်းပြီး ကြည့်လိုက်သည်။ထိုနောက် ထိုလူလေး ဘက်သို့ ကိုယ်ကို ဘေးတစောင်းလှဲလိုက်သည်။
ကောင်ကင်းကို ငေးမောကြည့်နေသည့် ထိုလူသားလေးရဲ့ တောက်ပနေသည့် မျက်နှာလေးကို ကြည့်ပြီး ရေရွက်လိုက်သည်။
"အင်း အရမ်းလှတာပဲ..."
Fot သည် သူက ကြယ်တွေကို ကြည့်မနေဘဲနှင့် လှတယ်ပြောလို့ ပြောလိုက်သည့်အခါ သူ၏ မျက်ခုံးလေးနှစ်ဖက်ကို တွန့်ချိုးလိုက်သည်။